Sunday, February 22, 2015

တောင်ဒဂုံအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အဟာရချို့ တဲ့သော ခလေးငယ် ၁၀၀၀ကျော်အား အဟာရလှူ ဒါန်း




၂၂-၂-၂၀၁၅
ယနေ့ကျနော်တို့ တောင်ဒဂုံအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များမှ ခလေးငယ်၁၀၀၀ကျော်
အတွက်နေရာ ၆နေရာတွင် အဟာရကျွေးမွေးလှူဒါန်းပေးဝေခဲ့ပါသည်။ဒဂုံတောင် NLD အလုပ်
အမှု့ဆောင်အဖွဲ့၊ ဒဂုံတောင်NLDလူငယ်လုပ်ငန်းအဖွဲ့၊NLD.BGသွေးအကူအညီပေးရေးနှင့်ပညာ
ဒါနနှင့် မြို့နယ်လူငယ်အဖွဲ့ဝင်များအားလုံးပေါင်းစုစည်းကာဆောင်ရွက်နိုင်ခဲ့ပါသည်။
ဒီလိုပြည်သူနဲ့တိုက်ရိုက်ထိတွေ့လှူဒါန်းဆောင်ရွက်ကူညီပေးပိုးတယ်ဆိုဒါကလည်း အဖွဲ့ချုပ်
၏လုပ်ငန်းစဉ်တစ်ရပ်ကို ဖော်ဆောင်ခြင်းလည်းဖြစ်ပါသည် ယခုလိုလှူဒါန်းတဲ့ အခါမှာလည်းမြို့နယ်
၏ ဦးဆောင်မှု့ဆိုပေမယ့် ရပ်ကျေးများကိုဦးတည်ပါတယ် ရပ်ကျေးအလုပ်အမှု့ဆောင်များကိုကြိုတင်
အကြောင်းကြားပြီးရပ်ကွက်နေလူထုနှင့်ရပ်ကျေးခေါင်းဆောင်များကိုထိတွေ့အောင်လည်းရည်ရွယ်ပါ
တယ်။ ဆကိလက်ပြီးတော့လည်းလူထုကိုမျက်နှာမူတဲ့အကျိုးပြု့လုပ်ငန်းများတိုးပြီးဆောင်ရွက်
သွားမယ်လို့လည်း ရည်ရွယ်ချက်ရှိပါတယ် အလှူရှင်အားလုံးကို ကျေးဇူးတင်လေးစားဂုဏ်ယူလျှက်ပါ။

ကိုညီညီ (ဥက္ကဌ)
အလုပ်အမှု့ဆောင်အဖွဲ့
ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်