Monday, January 19, 2015

မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်အတွက် အရေးကြီးသော လုပ်ငန်းစဉ် ( UNITY )

၁၉-၁-၂၀၁၅
စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံဖြစ်လာဖို့ အတွက်ဆိုရင် ဒီမိုကရေစီအင်အားစုတွေ အများကြီး
ရှင်သန်အားကောင်းလာဖို့ လိုအပ်ပါတယ်။ ဒီမိုကရေစီထွန်းကားတဲ့နိုင်ငံတွေမှာ လူမူအဖွဲ့ အစည်း
တွေဟာ စနစ်တကျနဲ့ ဖွဲ့ စည်းတည်ထောင်ထားတာဖြစ်လို့  ဥပဒေနဲ့ ညီညွတ်အောင်ဖွဲ့ စည်းလေ့
ရှိပါတယ်။ဒီမိုကရေစီနိုင်ငံအနေနဲ့ လည်း ဖွဲ့ စည်းပုံအခြေခံဥပဒေတွင် လူ့ အခွင့်အရေးကို လေးစား
သောအားဖြင့် လူမူအဖွဲ့ အစည်းများကို ဥပဒေကြောင်းအရဖွဲ့ စည်းခွင့်နှင့် လွတ်လပ်ခွင့်ကို ပေးထား
တာ တွေ့ မြင်ရပါတယ်။

မြန်မာနိုင်ငံမှာတော့ လူမှုအဖွဲ့ အစည်းတွေ ဖွဲ့ စည်းတည်ထောင်ခွင့်ကို အကန့် အသတ်နဲ့  ဖွဲ့ စည်း
ခွင့်ပြုနေတာကြောင့် အားနည်းနေရပြီး တရားဥပဒေစိုးမိုးမှုမရှိတာကြောင့် အဖွဲ့ အစည်းများဟာ ပြည်သူ
လူထု၏ ဘ၀ရပ်တည်ရေးအတွက် ထဲထဲဝင်ဝင် မဆောင်ရွက်နိုင်သလို ပညာပေးလုပ်ငန်းများလည်း
အောင်မြင်မှုမရတာကို တွေ့ ရှိရပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး စသည့်လုပ်ငန်း
တွေမှာ ပြည်သူတွေပါဝင်မှု အားနည်းသလို အစိုးရမှလည်း ပိတ်ပင်တားဆီးမှုတွေရှိနေပါတယ်။
ဒီမိုကရေစီအင်အားစုများ တစ်နိုင်ငံလုံးအတိုင်အတာဖြင့် အားလုံးပါဝင်သည့်  Conference တစ်ခု
ကျင်းပရန် သမိုင်းပေးတာဝန်တရပ် လိုအပ်လျှက်ရှိပါသည်။ထို Conference မှ စစ်မှန်၍ တရားမျှတ
သော ဒီမိုကရေစီစနစ်ပေါ်ထွန်းလာစေရန် (UNITY ) ညီညွတ်စွာဖြင့် သဘောတူလုပ်ငန်းစဉ်များကို
ချမှတ်၍ ဆောင်ရွက်ခြင်းဖြင့် ပြည်သူများ၏ အခက်အခဲပြသနာများနှင့် အသိပညာ တိုးပွားစေနိုင်
သော လုပ်ငန်းစဉ်များကို အကောင်အထည်ဖေါ်နိုင်မည်ဖြစ်သည်၊၊

ဒီမိုကရေစီစနစ်တစ်ခုကို ထူထောင်မည်ဆိုလျှင် အခြေခံဥပဒေဟာ ဒီမိုကရေစီရဲ့  လွတ်လပ်မှုနဲ့ 
တရားမျှတမှု၊တန်းတူညီမျှအခွင့်အရေး၊လူအခွင့်အရေးနဲ့  တရားဥပဒေစိုးမိုးမှုအပေါ်အခြေခံပါတယ်။
နိုင်ငံသားတိုင်း ဖွဲ့ စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာရမှာဖြစ်ပြီး အစိုးရအဖွဲ့ အစည်းများကို
လုပ်ပိုင်ခွင့် အထူးအာဏာ ဥပဒေကမပေးထားပါ။ မြန်မာနိုင်ငံမှာတော့ အစိုးရအဖွဲ့ အစည်းများနဲ့ 
တပ်မတော်ဟာ ဥပဒေရဲ့ အပေါ်ကိုရောက်နေပြီး ဗဟိုချုပ်ကိုင်မှုဖြင့် အုပ်ချုပ်နေသောကြောင့် အပစ်
မဲ့ပြည်သူတွေ (ကိုပါကြီးအသတ်ခံရမှု၊ ဒေါ်ခင်ဝင်း အသတ်ခံရမှု) အစိုးရ၏ အကြမ်းဖက်ဖိနှိပ့်မှု ခံနေရပါသည်။လယ်ယာမြေ သိမ်းဆီးခံရမှု ကိစ္စ၊ အိမ်ယာသိမ်းဆီးခံရမှု ကိစ္စ၊ အလုပ်သမား ကိစ္စ
ပညာရေးကိစ္စ စသည့် ပြသနာများသည် တရားဥပဒေစိုးမိုးရေးမရှိသည့်အတွက် ဖြစ်နေရပြီး
ဖွဲ့ စည်းပုံအခြေခံဥပဒေ အားနည်းခြင်းကြောင့် ပြည်သူ့ ဘက်မှ ကာကွယ်ပေးမည့် အဖွဲ့ အစည်း
များ အားနည်းနေခြင်းကြောင့် ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရမည် ဖြစ်သည်။

ဒီမိုကရေစီအင်အားစုများအနေဖြင့် စစ်မှန်၍ တရားမျှတသော ဒီမိုကရေစီအစိုးရတစ်ရပ် ပေါ်ထွန်း
လာစေရန် လူမှုအဖွဲ့ အစည်းများအနေဖြင့် ညီညွတ်မှုအင်အားတစ်ရပ် ရှိဖို့ လိုအပ်လာနေသည်။
မြန်မာ့နိုင်ငံရေး စနစ်တစ်ခုအပြောင်းအလဲတွင်  ဒီမိုကရေစီအင်အားစုများစုပေါင်း၍ အစိုးရရော
ပြည်သူပါ အသိဥာဏ်တိုးပွားစေဖို့  ပညာပေးလုပ်ငန်းများဖေါ်ဆောင်ဖို့  လိုအပ်လာနေသည်။
မြန်မာနိုင်ငံသည် ဦးနေ၀င်းအာဏာသိမ်းခဲ့သည့် ၁၉၆၂ ခုနှစ်မှ အာဏာလက်လွှတ်ခဲ့ရသည့်
၁၉၈၈ ခုနှစ်အထိ တစ်ပါတီ အာဏာရှင်စနစ်ဖြင့် ၂၆ နှစ်အုပ်ချုပ်ခဲ့ပြီး၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်
အာဏာရှင်ဟောင်းများမှ ၁၉၈၈ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ၂၆ နှစ်အထိဆက်လက်အုပ်ချုပ်လျှက်
ရှိသည်ကို သမိုင်းများမှ သက်သေပြလျှက်ရှိသည်။

၂၀၁၅ ခုနှစ်သည် အရေးကြီးသော အပြောင်းလဲ၏ နှစ်တစ်နှစ်ဖြစ်လာလိမ့်မည်။ ပြည်သူများအဖို့ 
မိမိတို့ ၏ ဘ၀ကံကြမ္မာနှင့် အနာဂတ်ကို မိမိတို့ သာ ရွေးချယ်ရမည်ဖြစ်သည်။လက်ရှိအုပ်ချုပ်
လျှက်ရှိသော ဖိနှိပ်အုပ်ချုပ်သည့် အာအာဏာရှင်စနစ်ကို ရွေးမလား၊ အပြောင်းအလဲသစ်တခု
ရရှိအောင် စစ်မှန်သောဒီမိုကရေစီစနစ်ကို ရွေးမလားဆိုတာ ပြည်သူများကသာ ဆုံးအဖြတ်
ရမည်ဖြစ်သည်။

မြသိန်း