Thursday, January 8, 2015

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၁၅ နှစ်သစ်ဆုတောင်း

  ၈-၁-၂၀၁၅

၂၀၁၅ ဟာ ကျွန်မတို့နိုင်ငံအတွက် အထူးအရေးပါတယ်ဆိုတာ ကမ္ဘာကလည်းသိနေပါတယ်။
ဒီနှစ်အတွက် အရေးကြီးဆုံးအရာကတော့ ပြည်သူတွေ ဆုံးဖြတ်ချက်များမှန်ကန်ဖို့ပဲလို့ သတင်းထောက်တစ်ဦးကို ကျွန်မပြောခဲ့ပါတယ်။ ဒီနှစ်မှာချမယ့် ဆုံးဖြတ်ချက်တွေဟာ ဒီနှစ်တစ်နှစ်တည်းနဲ့ဆိုင်တာမဟုတ်ပါဘူး။ ကျွန်မတို့ နိုင်ငံရဲ့အနာဂတ်နဲ့ဆိုင်ပါတယ်။ ဒါကြောင့် ဆုံးဖြတ်ချက်တွေကို မနေ့က၊ မနှစ်က အခြေအနေအဖြစ်အပျက်တွေကိုပဲ ကြည့်ပြီး ချမှတ်လို့မရပါဘူး။ မြန်မာနိုင်ငံနဲ့ နိုင်ငံသူနိုင်ငံသားတွေ ဖြတ်ကျော်ခဲ့ရတဲ့ ဆယ်စုနှစ်တွေကို ထည့်သွင်းစဉ်းစားရပါမယ်။အမြင်ကျယ်ရမယ်။ ရေရှည်အတွက် မှန်းဆနိုင်ရမယ်။    နှစ်သစ်ကူးလို့သတ်မှတ်ထားတဲ့ ရက်တစ်ရက်ဟာ အဓိက မဟုတ်ပါဘူး။ နေ့တိုင်း နေ့တိုင်း  လိုအပ်သလို သစ်ဆန်းပြောင်းလည်းနိုင်တဲ့ အရည်အချင်းကသာအဓိကကျပါတယ်။                               ရာသီဥတုတွေသာ ပြောင်းပြီးလူတွေမပြောင်းလို့ကတော့ နှစ်ဟောင်းတွေထက်သာတဲ့        နှစ်သစ်ကိုရောက်နိုင်မှာမဟုတ်ပါဘူး။ ၂၀၁၅ ရဲ့ စိန်ခေါ်မှုတွေကို မှန်ကန်တဲ့ တစ်လှမ်းချင်းနဲ့ ကျော်လွှားနိုင်ကြပါစေလို့ ဆုတောင်းမိပါတယ်။
( ဒေါ်အောင်ဆန်းစုကြည်)
၅၊ ၁၊ ၂၀၁၅ တနင်္လာနေ့ထုတ် ဒီလှိုင်းစာစောင်ပါ ဒီစကားမှ ကောက်နှုတ်ချက်။


photo@mgbobo