Saturday, January 24, 2015

လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် အခမ်းအနားများ မြန်မာနိုင်ငံအနှံ စည်ကားသိုက်မြိုက်စွာ ဂုဏ်ပြုကျင်းပ

၂၄-၁-၂၀၁၅
လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် အခမ်းအနားများကို
မြန်မာနိုင်ငံအနှံ အမြို့ မြို့ အနယ်နယ် အသီးသီးတွင် စည်ကားသိုက်မြိုက်စွာ ဂုဏ်ပြုကျင်းပလျှက်ရှိ
ကြသည်။ မြန်မာ့နိုင်ငံရေးသမိုင်းတွင် ထင်ရှားခဲ့သည့် လွတ်လပ်ရေး ဖခင်ကြီးအား ဂုဏ်ပြုထိုက်
သူကို ဂုဏ်ပြုခြင်းသည် မြန်မာနိုင်ငံသားတို့ ၏ မင်္ဂလာတပါးဖြစ်သည်။

ဗိုလ်ချုပ် အောင်ဆန်းမျှော်မှန်းခဲ့တဲ့ စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ပေါက်လာရေး
သည် နိုင်ငံသားအားလုံး၏ တာဝန်ဖြစ်ပြီး အောင်မြင်သည့်အထိ ဆောင်ရွက်ခြင်းသည်လည်း လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား ဂုဏ်ပြုရာရောက်ပေသည်။

၂၀၁၅ ခုနှစ်သည် ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်တရာပြည့် မွေးနေ့ နှင့် တိုက်ဆိုင်ပြီး မြန်မာနိုင်ငံ၏
စနစ်တစ်ခု အပြောင်းအလဲဖြစ်လာမည်။ ရွေးကောက်ပွဲကို ကျင်းပမည်ဟု အစိုးရမှ ကြေညာထားပြီး
ဖြစ်လေသည်။ ဖိနှိပ့်အုပ်ချုပ်သည့် အာဏာရှင်အုပ်ချုပ်ရေစနစ်မှ လွတ်လပ်၍တရားမျှတပြီး
စစ်မှန်သော ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရန်အချိန်ကျရောက်လာပြီဖြစ်သည်။

 ပြည်သူများအဖို့  မိမိတို့ ၏ လက်ရှိဘ၀နှင့် အနာဂတ်ရှေ့ ရေးမြော်တွေး၍ သားစဉ်မြေးဆက်
ဖိနှိပ်အုပ်ချုပ်ခံရမည့် အာဏာရှင်အစိုးရ၏ လက်အောက်မှ လွတ်မြောက်ရန် ညီညီညွတ်ညွတ်ဖြင့်
စစ်မှန်သော ဒီမိုကရေစီအစိုးရတရပ် ပေါ်ပေါက်လာစေရန် အပြောင်းအလဲတစ်ခုကို
ထိထိရောက်ရောက် အောင်မြင်နိုင်မည့် နည်းလမ်းများကိုရှာဖွေ၍ စည်းလုံးညီညွတ်စွာဖြင့်
 ဗိုလ်ချုပ်အောင်ဆန်းမျှော်မှန်ခဲ့သည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို
အကောင်အထည်ဖေါ်နိုင်မှသာလျှင် လွတ်လပ်ရေးဖခင်ကြီးအား ကျေးဇူးဆပ်ရာရောက်ပေ
မည်။ ၂၀၁၅ ခုနှစ်သည် နိုင်ငံနှင့် ပြည်သူများအတွက် သမိုင်းပေးတာဝန်ကို ကျေပြွန်စွာ
ထမ်းဆောင်ကြရမည့် ဒုတိယ လွတ်လပ်ရေးတိုက်ပွဲ၏ နှစ်တစ်နှစ်ဖြစ်ပါစေလို့  တိုက်တွန်း
နှိုးဆော်အပ်ပါသည်။

မြသိန်း