Friday, January 16, 2015

ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ ပင်လုံတွင် ကျင်းပမည်



နေပြည်တော်ကောင်စီနယ်မြေ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ်
ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ ပင်လုံတွင် ကျင်းပမည့် ဗိုလ်ချုပ် နှစ်တစ်ရာပြည့် အထိမ်းအမှတ် 
ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပနိုင်ရေး ဗဟိုလူငယ်လုပ်ငန်းအဖွဲ့ ရန်ပုံငွေရှာခြင်းအဖြစ်
Lazy Club တေးဂီတနှင့် အဆိုတော်များ၏ ဖျော်ဖြေတင်ဆက်ပွဲကို ၂၂.၁.၂၀၁၅ ရက်နေ့ 
ည ၇ နာရီမှ ၁၂ နာရီအထိ နေပြည်တော် ဥပ္ပါတသန္တိ စေတီတော် ဘုရားပွဲတော်ကွင်း၌
ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။
The Lazy Club တေးဂီတအဖွဲ့နှင့်အတူ မျိုးကျော့မြိုင် ဂျေမောင်မောင် ခိုင်ထူး အနဂ္ဂ
ခိုင်မြဲသာ ဝေလ ချစ်သုဝေ ဖြူဖြူကျော်သိန်း မေမြတ်နိုး ဝိုင်းလေး သံသာဝင်း နွဲ့ယဉ်ဝင်း နှင့် အဆိုတော်ပေါင်းများစွာ သီဆိုဖျော်ဖြေပါမည်။ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းမှတ်တမ်း တင်ဆက်မှုကို အထူးအစီအစဉ်အဖြစ် ပြသပါမည်။

လက်မှတ်ဈေးနှုန်းများ
၂၀၀၀၀ ကျပ်
၁၀၀၀၀ ကျပ်
၅၀၀၀ ကျပ်