Friday, March 7, 2014

အိမ်အကူအမျိုးသမီးကို အဓမ္မသားမယားပြုကျင့်သော ၀န်ကြီးဟောင်း ဦးအောင်သောင်းကို တရားစွဲဆိုရာ ခြိမ်းခြောက်ခံရ

၂၀၁၄-၃-၇
ယခင်စက်မှု(၁) ၀န်ကြီးဟောင်း ဦးအောင်သောင်းမှ အိမ်အကူအဖြစ် ခေါ်ဆောင်ထားသော အမျိုးသမီးငယ်တစ်ဦးကို ဖျားယောင်း၊ ခြိမ်းခြောက်သားမယားပြုကျင့်ပြီး ကလေးတယောက်ရသည်အထိ တရားမ၀င်ပေါင်းသင်းနေထိုင်လျှက်ရှိရာ အမျိုးသမီး၏ မိဘဆွေမျိုးများက တရားစွဲရန်ကြံစည်ရာ ဦးအောင်သောင်းက ကာယကံရှင်၏ မိဘဆွေမျိုးများအား သူ၏လူယုံတပည့်ုများနှင့်တဆင့် ခြိမ်းခြောက်မှုများပြုခဲ့သည်ဟု ဦးအောင်သောင်း၏ အနိုင်ကျင့်ခံနေရသော ဒေါ်အေးမို့မို့လှိုင်နှင့် ဆွေမျိုးနီးစပ်တော်စပ်သူတဦးက ဆိုသည်။

“ ဒီကိစ္စဖြစ်နေတာကအတော်ကြာပြီ၊ မနှစ်က ကိုယ်လေးလက်ဝန်ရှိတုံးက ပြဿနာ တစ်ခါဖြစ်သေး
တယ်၊ ဦးအောင်သောင်းဘက်က ကလေးကို တာဝန်ယူမွေးပေးမယ်၊ မိခင်နဲ့လည်းရင်အုပ်မကွာ အတူနေစေရမယ်၊ အမွေစားအမွေခံ ဖြစ်စေရမယ်လို့ ကတိပြုခဲ့လို့ တရားရုံးအထိမရောက်ခဲ့ဘူး၊ ဒါပေ
မဲ့ အခုကျတော့ တရားမ၀င်ပေါင်းသင်းခဲ့ယုံမက သားအမိနှစ်ယောက်လုံးကို တခြားကို ရွှေ့ပြောင်းဖို့စီစဉ်နေတာကြောင့် အမျိုးသမီးဘက်က တရားစွဲချင်နေတာဖြစ်တယ်” ဟု အမည် မဖော်ပြလိုသည့် ဦးအောင်သောင်း၏ တရားမ၀င်ဇနီး မအေးအေးမို့လှိုင်၏ ဆွေမျိုးနီးစပ်သူ တောင်သာမြို့နယ် ၀ဲလောင် ရွာသူတဦးက ဆိုသည်။

ယမန်နှစ်က ၀ဲလောင်ရွာသူ မအေးအေးမို့လှိုင်( အသက်၂၈နှစ်)ကို ၀န်ကြီးဟောင်း ဦးအောင်သောင်း (အသက်၇၀) က ယုံကြည်စိတ်ချရသော အမျိုးသမီး အိမ်အကူတယောက်လိုသည်ဆို၍ တောင်သာမြို့
နယ် ၀ဲလောင်ရွာမြောက်ဘက် ခံပင်ကွေ့ရွာမှ ဒေါ်ဒေါင်း မိသားစုက ရုပ်ရည် ချောမောပြေပျစ်သူ မအေးအေးမို့လှိုင် ကို ဦးအောင်သောင်းထံ အပ်နှံခဲ့ကြောင်း သိရသည်။

“ အစပိုင်းတော့ ရိုးရိုးအိမ်အကူလုပ်ဖို့ခေါ်တယ်ပဲထင်တာ၊ နောက်ပိုင်း ကျတော့ ဦးအောင်သောင်းက
သူ့ရဲ့ ကိုယ်ရေးအရာရှိ တယောက်လို အလုပ်တာဝန်ပေးတယ်။ ဦးအောင်သောင်း အိမ်က တယ်လီဖုန်းအ၀င်နဲ့ စာအ၀င်အထွက် ဖိုင်တွေ သိမ်းဆည်းပေးရတာတွေလုပ်ရတယ်တဲ့၊ နောက်ပိုင်း သူ့မယားကြီး ဒေါ်ခင်ရီ ရှိလျှက်နဲ့ အခွင့်အရေးတချို့နဲ့ ဖျားယောင်းသွေးဆောင်ပြီး သားမယား အဖြစ်ပေါင်းသင်းခဲ့တာဖြစ်တယ်၊ အရင်တခါ ကိုယ်လေးလက်ဝန်ရှိတုန်းက ဖျက်ချပြီး ကလေးမက အနားယူချင်တယ်ဆိုလို့ ရွာကို ခဏပို့ထားသေးတယ်၊ အခုတခါ တော့ ကိုယ်ဝန်ကို မဖျက်ချပဲ သား
လေး မျက်နှာမြင်ခဲ့တယ်တဲ့၊ အစပိုင်းတော့ ၀န်ကြီးက သူ့သွေးသားအရင်းအချာမို့ထင်ပါတယ်၊ အလိုလိုက်သေးတယ်တဲ့၊ နောက်တော့ မယားကြီး ဒေါ်ခင်ရီနဲ့လည်း ကတောက်ကဆဖြစ်တာနဲ့ သားအမိနှစ်ယောက်လုံးကို တခြားရွှေ့ဖို့ဖြစ်လာတာပါ၊ ကောင်မလေး ကလည်း စိုးရိမ်ပြီး ဘာဆက်လုပ်ရမှန်းမသိတော့ မိဘဆွေမျိုးတွေကို တိတ်တိတ်လေးဆက်သွယ်ရာက ရွာက ဆွေမျိုးတွေ
က အကြောင်းစုံသိသွားပြီး တရားတဘောင်နဲ့ ရှင်းဘို့အထိလုပ်လာတာပါ”ဒေါ်အေးအေးမို့လှိုင်
 ၏ ဆွေမျိုးသားချင်းများက တောင်သာမြို့နယ် ရဲစခန်းတွင် ဦးအောင်သောင်းအား တရားဝင်လက်မ
ထပ်ဘဲ လိမ်ညာပေါင်းသင်းမှုနှင့် တရားစွဲဆိုရာ မြို့နယ်မှုးက အမှုကိစ္စကို စဉ်းစားချင့်ချိန်ပြီး ဆောင်ရွက်ရန်သတိပေးခဲ့ကြောင်းလည်း သိရသည်။

မြို့နယ်ရဲစခန်းတွင် အမှုတင်ပြီး ရက်ပိုင်းအတွင်း ဦးအောင်သောင်း၏ တပည့်အချို့က ၀ဲလောင်ရွာနေ ဆွေမျိုးသားချင်းများထ ခြိမ်းခြောက်မှု များပြုလုပ်ခဲ့ပြီး ရဲစခန်း၊ တရားရုံးများ များနှင့် ခတ်ကင်းကင်းနေ
ရန် သတိပေးခဲ့သည်ဟုသိရသည်။

“ ဦးအောင်သောင်းရဲ့ လူမိုက်တွေ ရွာအထိလိုက်လာတယ်၊ ရှုတ်ရှုတ် ထွေးထွေး နဲ့တရားတဘောင်စွဲ တာတွေ၊ဟိုမေးဒီမေးလုပ်တာတွေ မကြားချင်ဘူး၊ တရွာလုံးပြာကျသွားမယ်လို့ ခြိမ်းခြောက်သွားတယ်၊ ရွာကလည်း စိုးရိမ်တော့ ဘာမှပြန်မလုပ်ရဲဘူး”ယခုအခါ ဦးအောင်သောင်း၏ ဇာတိ တောင်သာမြို့ နယ်အတွင်းရှိ နယ်ခံလူ အများအပြားမှာ ဦးအောင်သောင်း၏ လုပ်ဆောင်ချက်များကို မကြိုက်နှစ်
သက် ကြကြောင်းလည်း သိရသည်။

ကိုညို

မှတ်ချက်။ အာဏာရှင်များ၏ အုပ်ချုပ်မှုအောက်တွင် ပြည်သူတွေမှာ ဥပဒေရဲ့  အကာအကွယ်မှ ဆုံရှုံးခံနေရပြီး ဥပဒေစိုးမိုးမှုမရှိသောကြောင့် နိုင်ငံသားတစ်ဦး၏ ရသင့်ရထိုက်သော အခွင့်အရေးလည်း ဆုံးရှံးနေရသည်။ 

Wednesday, March 5, 2014

ပြည်သူ့ ပါတီ NLD ၏ ရန်ကုန်တိုင်းဒေသကြီးရံပုံငွေ IC အဖွဲ့ ၏ ဂီတဖျော်ဖြေပွဲ












၂၀၁၄-၃-၅
NLD  ရန်ကုန်တိုင်းဒေသကြီးရံပုံငွေ ဂီတဖျော်ဖြေပွဲကို IC အဖွဲ့နဲ့ တင်ဆက်ဖျော်ဖြေမှာဖြစ်ပြီး လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်းဝိုင်း တို့  IC အဖွဲ့ သားများက ကူညီအားဖြည့်သော ဂီတပွဲတော်ဖြစ်ပါတယ်။
ပြည်သူ့ ပါတီ NLD ရန်ကုန်တိုင်းဒေသကြီးရံပုံငွေ အတွက် ပြည်သူချစ်သောအနုပညာရှင်များက
မိမိတို့ ၏ အနုပညာများဖြင့် အဖက်ဖက်မှ ၀ိုင်းဝန်းကူညီ အားပေးကြသည်ကို တွေ့ မြင်ရသည်။

နေ့ ရက် ။ ။ ၂၂ - ၃ - ၂၀၁၄ ရက် (စနေနေ့ )
   အချိန်။  ။ ညနေပိုင်း
   နေရာ။  ။ ရွှေထွဋ်တင်ဝန်း အရှေ့  မြင်းပြိုင်ကွင်းလမ်း တာမွေမြို့ နယ်။ 

အရှေ့အာရှနဲ့ တောင်အာရှ BIMSTEC ဘင်းစတက် အဖွဲ့ ဝင်နိုင်ငံအစည်းအဝေး တက်ရောက်နေသော
ခေါင်းဆောင်များ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့  တွေ့ ဆုံ

 နီပေါ နိုင်ငံ ဝန်ကြီးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ ဆုံ
ဘူတန် နိုင်ငံ ဝန်ကြီးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ ဆုံ
အိန္ဒယနိုင်ငံ ဝန်ကြီးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ ဆုံ
၂၀၁၄-၃-၅
BIMSTEC ဘင်းစတက် ခေါ် အရှေ့အာရှနဲ့ တောင်အာရှနိုင်ငံတွေ စုပေါင်းဖွဲ့စည်း ထားတဲ့ ဘင်္ဂလား ပင်လယ်အော်ဒေသ နိုင်ငံတွေရဲ့ တတိယ အကြိမ်မြောက် အစည်းအဝေးကို နေပြည်တော် မှာ ကျင်းပခဲ့ရာမှာကျင်းပနေပါတယ်။ တက်ရောက်နေကြတဲ့ ထိပ်တန်းခေါင်းဆောင်များဟာ နေပြည်တော်
မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့  တွေ့ ဆုံခဲ့ကြပါတယ်။

Tuesday, March 4, 2014

တောင်ဒဂုံမှာ ပြည်သူလူထုက အခြေခံဥပဒေ ပြင်ရန် တောင်းဆိုဆန္ဒပြပွဲ


နော်ဝေးနိုင်ငံခြားရေး ဝန်ကြီးအဖွဲ့ နှင့် NLD ဥက္ကဌ ဒေါ်အောင်းဆန်းစုကြည် တွေ့ ဆုံ


၂.၀၃.၂၀၁၄ မွန်းလွှဲပိုင်းက နော်ဝေးနိုင်ငံခြားရေး ဝန်ကြီးအဖွဲ့ ဒေါ်အောင်းဆန်းစုကြည်အား
 ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်သို့လာရောက်တွေ့ ဆုံခဲ့သည်။

Monday, March 3, 2014

အရေခြုံမဟုတ်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီကိုရွေးချယ်ဖို့  ပြည်သူတွေမှာ တာဝန်ရှိ

၂၀၁၄-၃-၃
အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်ပြောင်းလဲရေးမှာ ပြည်သူတွေ မြေစာပင်ဖြစ်ခဲ့ကြ ရသည်။ အာဏာရှင်တွေဟာ ဒီမိုကရေစီစနစ်ကို ခါးခါးသီးသီး ဆန့်  ကျင်ခဲ့ကြပြီး ဗိုလ်ချုပ်တစ်စုကြီးစိုးသော အုပ်ချုပ်ရေးစနစ်ဖြင့် ပြည်သူတွေကို ဖိနှိပ့်ချုပ်ချယ်၍ နိုင်ငံရဲ့ စီးပွားရေးကို ချုပ်ကိုင်ခဲ့ပြီး ဦးပိုင်ကုမ္ပဏီနဲ့  စီးပွားရှာ နိုင်ငံရေး အမြတ်ထုတ်ကာ လူတစ်စုကြီးပွားရေးအတွက် နိုင်ငံရေးကို ခုတုံးလုပ်ခဲ့ကြသည်။

ဒီမိုကရေစီစနစ်ပြုပြင်ပြောင်းလဲရေးမှာလည်း အရပ်ဝတ်လဲကာ ဒီလူတွေကပဲ တရုတ်ကြီးနဲ့ ပေါက်ဖော်
ကြီး ဆက်လက်အုပ်ချုပ်ရန် ကြိုးစားနေကြပြန်သည်။အစိုးရအုပ်ချုပ်ရေးတွင် ဗိုလ်ချုပ်ဟောင်းများ ၁၆၀ ကျော်ပါဝင်နေပြီး အုပ်ချုပ်ရေးနှင့် စီးပွားရေးကို ချုပ်ကိုင်ထားကြသည်။ ပြည်သူတွေမှာ နင်းပြားဘ၀မှ မလွတ်မြောက်နိုင်သေးပဲ ဆင်းရဲမွဲတေး၍ ဘ၀တွေအသက်တွေပေးကာ စစ်မှန်တဲ့ ဒီမိုကရေစီပြောင်း လဲရေးအတွက် သမိုင်းပေးတာဝန်တစ်ရပ်အဖြစ် ၂၀၀၈ ဖွဲ့ စည်းပုံပြင်ဆင်ရေးမှာ ပြည်သူတွေဟာ
အင်နဲ့ အားနဲ့ ပူးပေါင်းပါဝင်လာနေကြတာကို တွေ့ မြင် နေကြရပါတယ်။

ဒုတိယ လွတ်လပ်ရေးလို့ ခေါ်ဆိုနေကြတဲ့ ယနေ့ ခေတ် ဒီမိုကရေစီအရေးဟာ ပြည်သူတွေအဖို့  စစ်ကျွန်ဘ၀မှ လွတ်မြောက်ပြီး စစ်မှန်တဲ့ဒီမိုကရေစီနဲ့  ဖက်ဒရယ်ပြည်ထောင်စုစနစ် ဖော်ဆောင်နိုင် ရေးအတွက် ၂၀၁၅ ဟာ အဆုံးအဖြတ် ပေးမဲ့ လမ်းခွဲတစ်တခုအဖြစ် ထင်ရှားလာနေပါတယ်။ပြည်သူတွေဟာ အရေခြုံလက်ရှိ ဗိုလ်ချုပ်တစ်စုရဲ့ အစိုရကိုအားပေးကြမလား၊ ပြည်သူလူထု ထောက်ခံမှုကိုရရှိနေတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို အာပေးကြမလား ဆိုတဲ့ လမ်းဆုံလမ်းခွကို ရောက်ရှိနေပြီး အာဏာရှင်ဆန်ဆန်အုပ်ချုပ်မဲ့ ဒီမိုကရေစီစနစ်နဲ့  အရပ်သား
အုပ်ချုပ်မဲ့ စစ်မှန်တဲ့ဒီမိုကရေစီစနစ်ကို ရွေးချယ်ရမည့်အချိန်ကို ရောက်ရှိ၍ လာနေပြီး ပြည်သူတွေအဖို့  မိမိတို့ ရဲ့ ကံကြမ္မာကို ပြတ်ပြတ်သားသား ဆုံးဖြတ်ရမဲ့အချိန်ကို ရောက်နေပြီဖြစ်ပါတယ်။

မြသိန်း

Sunday, March 2, 2014

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့  အပတ်စဉ် ပုံမှန်အစည်းဝေး


၂၀၁၄ ခုနှစ် မတ်လ ၁ ရက်နေ့  တွင် တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစု ကြည် နေအိမ်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့  အပတ်စဉ် ပုံမှန်အစည်းဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းဝေးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ၏ ရှေ့  လုပ်ငန်းစဉ်များ နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။

အင်းစိန်ရွာမ ဆရာတော် အရှင်တိလေကာ ဘိဝံသ၏ သက်တော် ၇၅ နှစ်ပြည့် စိန်ရတု အခမ်းအနား


အင်းစိန်ရွာမ ပရိယတ္တိ စာသင်တိုက်တွင်ပြုလုပ်သော ပဓာန မဟာနာယက ၊အဂ္ဂမဟာပဏ္ဍိတ
နိုင်ငံတော် သြဝါဒါစရိယ ဆရာတော် အရှင်တိလေကာ ဘိဝံသ၏ သက် တော် ၇၅ နှစ်ပြည့် စိန်ရတု
ဝိဇာတကုသိုလ်တော်မင်္ဂလာ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်သွားရောက် ကြည်ညို ကုသိုလ်
 ယူခဲ့ပါသည်။

NLD Chairperson
2-3-2014