Monday, March 3, 2014

အရေခြုံမဟုတ်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီကိုရွေးချယ်ဖို့  ပြည်သူတွေမှာ တာဝန်ရှိ

၂၀၁၄-၃-၃
အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်ပြောင်းလဲရေးမှာ ပြည်သူတွေ မြေစာပင်ဖြစ်ခဲ့ကြ ရသည်။ အာဏာရှင်တွေဟာ ဒီမိုကရေစီစနစ်ကို ခါးခါးသီးသီး ဆန့်  ကျင်ခဲ့ကြပြီး ဗိုလ်ချုပ်တစ်စုကြီးစိုးသော အုပ်ချုပ်ရေးစနစ်ဖြင့် ပြည်သူတွေကို ဖိနှိပ့်ချုပ်ချယ်၍ နိုင်ငံရဲ့ စီးပွားရေးကို ချုပ်ကိုင်ခဲ့ပြီး ဦးပိုင်ကုမ္ပဏီနဲ့  စီးပွားရှာ နိုင်ငံရေး အမြတ်ထုတ်ကာ လူတစ်စုကြီးပွားရေးအတွက် နိုင်ငံရေးကို ခုတုံးလုပ်ခဲ့ကြသည်။

ဒီမိုကရေစီစနစ်ပြုပြင်ပြောင်းလဲရေးမှာလည်း အရပ်ဝတ်လဲကာ ဒီလူတွေကပဲ တရုတ်ကြီးနဲ့ ပေါက်ဖော်
ကြီး ဆက်လက်အုပ်ချုပ်ရန် ကြိုးစားနေကြပြန်သည်။အစိုးရအုပ်ချုပ်ရေးတွင် ဗိုလ်ချုပ်ဟောင်းများ ၁၆၀ ကျော်ပါဝင်နေပြီး အုပ်ချုပ်ရေးနှင့် စီးပွားရေးကို ချုပ်ကိုင်ထားကြသည်။ ပြည်သူတွေမှာ နင်းပြားဘ၀မှ မလွတ်မြောက်နိုင်သေးပဲ ဆင်းရဲမွဲတေး၍ ဘ၀တွေအသက်တွေပေးကာ စစ်မှန်တဲ့ ဒီမိုကရေစီပြောင်း လဲရေးအတွက် သမိုင်းပေးတာဝန်တစ်ရပ်အဖြစ် ၂၀၀၈ ဖွဲ့ စည်းပုံပြင်ဆင်ရေးမှာ ပြည်သူတွေဟာ
အင်နဲ့ အားနဲ့ ပူးပေါင်းပါဝင်လာနေကြတာကို တွေ့ မြင် နေကြရပါတယ်။

ဒုတိယ လွတ်လပ်ရေးလို့ ခေါ်ဆိုနေကြတဲ့ ယနေ့ ခေတ် ဒီမိုကရေစီအရေးဟာ ပြည်သူတွေအဖို့  စစ်ကျွန်ဘ၀မှ လွတ်မြောက်ပြီး စစ်မှန်တဲ့ဒီမိုကရေစီနဲ့  ဖက်ဒရယ်ပြည်ထောင်စုစနစ် ဖော်ဆောင်နိုင် ရေးအတွက် ၂၀၁၅ ဟာ အဆုံးအဖြတ် ပေးမဲ့ လမ်းခွဲတစ်တခုအဖြစ် ထင်ရှားလာနေပါတယ်။ပြည်သူတွေဟာ အရေခြုံလက်ရှိ ဗိုလ်ချုပ်တစ်စုရဲ့ အစိုရကိုအားပေးကြမလား၊ ပြည်သူလူထု ထောက်ခံမှုကိုရရှိနေတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို အာပေးကြမလား ဆိုတဲ့ လမ်းဆုံလမ်းခွကို ရောက်ရှိနေပြီး အာဏာရှင်ဆန်ဆန်အုပ်ချုပ်မဲ့ ဒီမိုကရေစီစနစ်နဲ့  အရပ်သား
အုပ်ချုပ်မဲ့ စစ်မှန်တဲ့ဒီမိုကရေစီစနစ်ကို ရွေးချယ်ရမည့်အချိန်ကို ရောက်ရှိ၍ လာနေပြီး ပြည်သူတွေအဖို့  မိမိတို့ ရဲ့ ကံကြမ္မာကို ပြတ်ပြတ်သားသား ဆုံးဖြတ်ရမဲ့အချိန်ကို ရောက်နေပြီဖြစ်ပါတယ်။

မြသိန်း