Thursday, December 25, 2014

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသမှာ ဒေသခံတစ်ဦးအား လုံခြုံရေးရဲတပ်ဖွဲ့ မှ ပစ်သတ်မှုအပေါ် မြန်မာနိုင်ငံအနှံအပြားတွင် ဆန္ဒပြမှုများ ဖြစ်ပေါ်လာနေ

ရန်ကုန်မြို့  လှည်းတန်းခုံးတံတားအောက်မှထွက်ခွာလာတဲ့ဗကသကျောင်းသားများနဲ့
တက်ကြွလှုပ်ရှားသူများအဖွဲ့ဟာအင်းယားကန်ဘောင်သို့ ရောက်ရှိနေပြီဖြစ်ပါတယ်။
(၂၀၁၄-၁၂-၂၅)
မနေ.ညက မြင်းခြံမြို့ သူမြို.သားများရဲ့ လက်ပံတောင်းအကြမ်းဖက်သတ်ဖြတ်မှုကန့်ကွက်ရှုတ်ချပွဲ။
(၂၄-၁၂-၂၀၁၄)

၂၂-၁၂-၂၀၁၄ ရက်တွင် စစ်ခရိုနီ ကုမ္ပဏီ များမှ အကြမ်းဖက်မြေသိမ်းသည့်
အတွက်လူထုမှာ အထူးနစ်နာနေရပြီး ၊သေနတ်ကျည်ထိမှန် သေဆုံးရသည်
အထိ ဖိနှိပ်ခံနေရပါသည်၊၊တရုတ်အစိုးရ၏ တာဝန် ပျက်ကွက်မှုကိုသိသာ
ထင်ရှားစေရန် တရုတ်သံရုံးရှေ့ ဆန္ဒပြရခြင်းဖြစ်သည်၊၊

ဒီဇင်ဘာ ၂၂ရက်နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသမှာ တရုတ် ၀မ်ပေါင်ကုမ္ဗဏီက ခြံစည်းရိုးခတ်ရာကနေ ဒေသခံတွေနဲ့ ပဋိပက္ခဖြစ်ပွားပြီး မိုးကြိုပြင် အလယ်ရွာသူ ဒေါ်ခင်ဝင်း သေနတ်ကျည်ထိမှန် သေဆုံးကာ ဒေသခံ ၂၀ကျော် ထိခိုက်ဒဏ်ရာရမှုအပေါ် ပြည်သူများက
အစိုးရ ရဲတပ်ဖွဲ့ ၏ ဥပဒေမဲ့ အကြမ်းဖက် လုပ်ရပ်အပေါ် မကြေမနပ်ဖြစ်နေကြပြီ မြန်မာနိုင်ငံအနှံအပြားတွင် ဆန္ဒပြမှုများ ဖြစ်ပေါ်လာနေသည်။