Friday, September 5, 2014

ဂျပန်အလုပ်သမားအဖွဲ့များနှင့် ၈၈မျိုးဆက် အလုပ်သမားရေးရာဌာန တွေ့ဆုံ



 ၂၀၁၄-၉-၅
ယနေ့ စက်တာဘာလ ၅ ရက်၊ မွန်းလွဲ ၁း ၀၀ နာရီက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာ
လမ်းရှိ ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ရုံးခန်းသို့ ဂျပန်နိုင်ငံ အလုပ်သမား
သမဂ္ဂများ စုပေါင်းဖွဲ့စည်းထားသည့် JAICA အဖွဲ့ ရောက်ရှိလာခဲ့ရာ ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) အလုပ်သမားရေးရာဌာနမှ မမာမာဦး၊ မသက်သက်အောင် နှင့် 
ကိုသားကြီး တို့က လက်ခံတွေ့ဆုံခဲ့ကြသည်။
ထိုသို့တွေ့ဆုံကြရာတွင် မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ၏ လက်ရှိ ဖွဲ့စည်းတည်ရှိမှု၊ လှုပ်ရှားဆောင်ရွက်နေမှု အခြေအနေများနှင့် မြန်မာ့အလုပ်သမားများ၏ အနာဂတ်အရေးကို
 ဆွေးနွေးခဲ့ကြသည်။