Tuesday, September 30, 2014

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ဒလမြို့ နယ် မြို့ မ ၂ ရပ်ကွက် အမှတ်၁၈ အခြေခံပညာမူလတန်းကျောင်း ကလေးငယ်များအား သဘာဝဘေးအန္တရယ်မှ ကာကွယ်ရန် ကူညီဆောင်ရွက်မည်


 ၂၀၁၄-၉-၃၀
ယနေ့  ဒလမြို့ နယ် မြို့ မ၂ ရပ်ကွက် အမှတ်၁၈ အခြေခံပညာမူလတန်းကျောင်းသို့  ကျောင်းအုပ် ဆရာမကြီး၏ ဖိတ်ကြားမှုဖြင့် မြို့မ ၂ ရပ်ကွက် NLD ပါတီအတွင်းရေးမှူး ဒေါ်အေးအေးသင်း။
အောင်မင်္ဂလာရပ်ကျေး NLD အလုပ်မှုဆောင်အဖွဲ့ ဝင်များ နှင့်အတူ ရောက်ရှိခဲ့။ ဆရာမကြီး၏ အကူအညီတောင်းမှုဖြင့် လာမည့်တနင်္ဂနွေ နေ့ တွင် မြို့ မ၂ ရပ်ကွက် NLD နှင့် အောင်မင်္ဂလာ
ရပ်ကွက် NLD တို့ ပူးပေါင်း၍ ကျောင်းတွင်း ခြင်ဆေးဖျန်းရန် ။ရေမြောင်းနှင့်  မြက်ပင်ပေါင်းပင်များ ရှင်းလင်းရန် ကျောင်းအုပ်ဆရာမကြီးနှင့် တိုင်ပင်ဆွေးနွေးခဲ့ပါတယ်။ ဒလမြို့ နယ် မြို့ မ ၂ ရပ်ကွက်ဟာ
 မေချို ၏ ဇာတိရပ်ကွက်လေးဖြစ်ပြီး ယခင် မြို့ မ ၂ ရပ်ကျေး NLD ဥက္ကဌ တာဝန်ထမ်းဆောင်ခဲ့ပြီး
 တောင်ပိုင်းခရိုင် အမှုဆောင်အဖြစ် ရွေးချယ်ခံရပြီးနောက်မှာ မြို့ မ ၂ ရပ်ကွက် NLD ဥက္ကဌ တာဝန်မှ အနားယူခဲ့တာဖြစ်ပါတယ်။မြို မ ၂ ရပ်ကွက် NLD ဥက္ကဌ ဟောင်း ၁ဦး အနေနဲ့  မေချို လဲ မြို့ မ ၂ ရပ်
ကွက် NLD များကို ပူးပေါင်းကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။