Saturday, September 27, 2014

ယခု အင်းစိန်ဗဟိုအကျဉ်းထောင်တွင် နိုင်ငံရေးသမားများကို အလွန်တင်း ကြပ်နေ


အင်းစိန်ဗဟိုအကျဉ်းထောင်တွင် နိုင်ငံရေးသမားများကို မည်သည့်နေရာမှ သွားလာခွင့်မပြုဘဲမျက်စိ
ဒေါက်ထောက်ကြည့်ရှုနေကြောင်း ယနေ့တောင်ဒဂုံတရားရုံးထွက်လာသော ကိုနောင်နောင်က
ပြောပြခဲ့ပါတယ်။ လွန်ခဲ့သောတစ်ပတ်ခန့်က၊ထောင်ပိုင်ကြီးနှင့် အာဏာပိုင်များက ကိုထင်ကျော်ကို
တရားရုံးထွက်လျှင် ထောင်တွင်းဖြစ်ပိုစတာများကို မယူဆောင်သွားရန်မေတ္တာရပ်ခံခဲ့ပြီး၂နာရီကျော်မျှ

တွေဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

ကိုထင်ကျော်က မောထခေါ် စောမြင်လွင်၏ အင်းစိန်ထောင်တိုက်၎မှ ပြည်သူများကို ဝန်ခံထွက်ဆို
ရေးသာထာသောစာကို အင်းစိန်ထောင်မှ ယူလာပြီး တရားရုံးများများကို ဦးသိန်းစိန်အစိုးရကျူးလွန်မှု
များကို သက်သေခံစာအဖြစ် တင်သွင်းခဲ့သည်။၎င်းကစ္စနှင့်ပတ်သတ်၍ ဦးသိန်စိန်အပေါင်းပါ
အစိုးရတို့၏ လူမျိုးရေးဘာသာရေးတို့တွင်ပါဝင်ပတ်သက်မှုကိုဖုံးဖိရန်ကြိုးစားသည်အနေနှင့်
မောထ(ခေါ်)စောမြင့်လွင်ကို September14ရက်နေ့က ထောင်တွင်းစစ်ကြောရေးခေါ်စစ်ပြီး
ညနေ ၅နာရီထိုးမှ ပြန်လာခဲ့ပြီး၊၎င်းမောထ(ခေါ်) စောမြင့်လွင်နေထိုင်ရာ တိုက်၎ထဲသို့ နိုင်ငံရေး
သမားများ လုံးဝမသွားရောက်ရန် တင်းကျပ်ထားသည်ဟု ကိုထင်ကျော်ကထောင်တွင်း အခြေအနေကို   ပြောကြားခိုင်းခဲ့သည်ဟု September15နေ့ တောင်ဒဂုံတရားရုံးထုတ်နေ့က ပြောကြားပါသည်။


ယခုလို နိုင်ငံရေးသမားတို့အပေါ် တင်းကျပ်ခြင်းသည့် အစိုးရ၏ တရားဥပဒေမဲ့ကျူးလွန်ခြင်းများကို
ဖုံးကွယ်ရန် ဦးသိန်းစိန်အပေါင်းပါများ ကြိုးစားလျှက်ရှိနေခြင်းသာဖြစ်သည်။ မောထ(ခေါ်)စောမြင့်လွင်
ဝန်ခံထွက်ဆိုချက်များသည် MDCF ခေါင်းဆောင် အရှင်သခင်ထင်ကျော်က တရားရုံးများကို
သက်သေခံအဖြစ် တင်သွင်းပြီးဖြစ်သည့် တရားရုံးတိုင်းတွင် ပြည်သူလူထုကိုဖတ်ပြဟောပြောပြီးဖြစ်
သည့်အလားတူ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကိုကိုက နိုင်ငံရေးအကျဉ်းသား ခေါင်းစဉ်ဖြင့် ဘိမ်းကုန်
သည် ၄ဦးကို တဦးလျှင်ဒေါ်လာတစ်သောင်းသုံးထောင်ဖြင့် လဒ်စားပြီး နိုင်ငံရေးသမားများ ခေါင်းစဉ်

ဖြင့် လွတ်ခဲ့သည့်ပွဲစားကိုတော့ မဖေါ်ပြတော့ပါဟုပြောခဲ့သည်။

ဦးသိန်စိန်အစိုးရအနေဖြင့် မိုးကြိုးပစ်တော့မှာသိလို့ ထန်လက်နဲ့ကာနေတာလား တပှုပေါ် နှစ်ပူဆင့်

မှားပြီးရင်း ထပ်မှားနေတော့မှာလား နိုင်ငံရေးသမားများကိုထောင်ထဲထည်ပြီး။ဖိနိပ်မှုတွေ
တင်းကျပ်မှုတွေမလုပ်ပါနဲ့ မြန်မာ့သမိုင်းမှာ သိက္ခာရှိရှိနုတ်ထွက်လိုက်ဘို့ အကြံပြုလိုက်ပါတယ်။
ဦးသိန်းစိန် အပေါင်းပါအစိုးရကို တိုက်တွန်းလိုက်ပါတယ်။ နိုင်ငံရေးအကျဉ်းသမားများထောင်ထဲတွင်

ဖိနှိပ့်ချုပ်ချယ်မှုများ လုံးဝအလိုမရှိ ကြားဖြတ်အစိုးရတင်မြှောက်အရေး-----ပြည်သူအရေး
ဦးသိန်းစိန်အပေါင်းပါအစိုးရ--------ချက်ချင်းဆင်း--- ချက်ချင်းဆင်း
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်-------ကြားဖြတ်ပြည်ထောင်စုအစိုးရ
သမ္မတ-----အဖြစ် အရှင်သခင်ပြည်သူများ တင်မြှောက်ကြပါစို့။


ကျော်လွင် also အရှင်သခင်
.
Credit : ကျော်လွင်