Saturday, September 27, 2014

၂ဝဝ၈ ဖွဲ့စည်းပုံကိုမပြင်လျှင် ပါတီရည်မှန်းချက်နှင့် အမျိုးသားရပိုင်ခွင့်များ မရရှိနိုင်ကြောင်း ညီလာခံတွင် ပါတီ ခေါင်းဆောင်များပြောကြား


၂၀၁၄-၉-၂၇
စစ်အစိုးရလက်ထက်က အတည်ပြုဖွဲ့စည်းပေးခဲ့သည့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်
 နိုင်လျှင် ရခိုင်အမျိုးသားပါတီ၏ရည်မှန်းချက်နှင့် အမျိုးသားရပိုင်ခွင့်များကိုမရနိုင်ကြောင်း ရခိုင်အမျိုး သားပါတီ ခေါင်းဆောင်များက ပြောကြားသည်။

စက်တင်ဘာလ ၂၅ ရက်နေ့၊ နံနက် ၉ နာရီက ရခိုင်ပြည်နယ်၊ သံတွဲမြို့ပေါ်ရှိ လေးမျက်နှာ ဓမ္မာရုံတွင် ပြုလုပ်သော ပထမအကြိမ် ရခိုင်အမျိုးသားပါတီ(Arakan National Party-ANP) ညီလာခံ
 ဖွင့်ပွဲ၌ ထိုသို့ ပြောကြားခဲ့ကြခြင်းဖြစ်သည်။

ပြည်သူတစ်ရပ်လုံးသည် တစ်ချိန်က နဝတ၊ နအဖက ကြိုတင်ချပေးလိုက်သည့် ပုံစံခွက်တစ်ခု တည်းတွင် ရောက်ရှိနေပြီး ယင်းပုံစံခွက်ကို မပြိုလဲ မပျက်စီးစေရန် ၂ဝဝ၈ ဖွဲ့စည်းပုံက ကာရန်
ထားကြောင်း ပါတီ (ပ) ခေါင်းဆောင် ဦးအေးသာအောင်က ရခိုင်အမျိုးသားပါတီညီလာခံ အဖွင့်အမှာစကားပြောကြားရာ၌ ထည့်သွင်း ပြောကြားခဲ့သည်။

 ယင်း ၂ဝဝ၈ ဖွဲ့စည်းပုံကို မပြိုလဲ၊ မပျက်စီးစေရန်နှင့် မပြင်ဆင်နိုင်စေရန် လွှတ်တော်အသီးသီးက နည်းမျိုးစုံဖြင့် ကာရန်ထားသည့်အတွက် ငြိမ်းချမ်းသော ပြည်ထောင်စုကြီးဖြစ်ပေါ်လာစေရန်
 ပြည်ထောင်စု တိုင်းရင်းများ အနေဖြင့် မည်မျှကြိုးစားစေကာမူ ယင်းဖွဲ့စည်းပုံအခြေခံဥပဒေကို
မပြင်နိုင် ပါက ရခိုင်အမျိုးသားပါတီ၏ ရည်မှန်းချက်နှင့် အမျိုးသားရပိုင်ခွင့်များကိုမရနိုင်ကြောင်း ဦးအေးသာအောင်က သုံးသပ် ပြောသည်။

“ကျွန်တော်တို့ရဲ့တိုက်ပွဲဟာ ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ရေးပဲ။ ပြင်တဲ့အခါလည်း လိုသလောက်ပဲ ကွက်ပြီး ပြင်လို့မရဘူး။ အစအလယ်အဆုံးပြင်ရမယ်။ ဖြစ်နိုင်ရင် အားလုံးသဘောတူရင် အသစ်ရေး ဆွဲတာ အကောင်းဆုံးလို့ ပြောချင်ပါတယ်”ဟု ဦးအေးသာအောင်က ဆိုသည်။၂ဝဝ၈ ဖွဲ့စည်းပုံ
အခြေခံကိုပြင်ဆင်နိုင်မှသာလျှင် ပြည်ထောင်စုတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်၍ တိုင်းရင်းသားများ
 မျှော်လင့်ထားသော ငြိမ်းချမ်းရေးပန်းတိုင်ကိုရောက်ရှိနိုင်မည်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ၏ ဒုတိယ ခေါင်းဆောင်ဖြစ်သော အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကလည်း သုံးသပ် ပြောဆိုသည်။

ယင်းသို့ပြင်ဆင်ရာတွင် အဓိက ပြင်ဆင်သင့်သည့် ပုဒ်မမှာ ပုဒ်မ ၄၃၆ ဖြစ်ကြောင်း သူက ဆိုသည်။
“လာမယ့် ၂ဝ၁၅ မတိုင်ခင်မှာ ဖွဲ့စည်းပုံကြီးတစ်ခုလုံး ပြုပြင်ပြီးသားဖြစ်ရမယ်။ ဒါပေမယ့် ကျွန်တော်
တို့ ရည်မှန်းတဲ့ ဖွဲ့စည်းပုံမျိုး ဟုတ်ချင်မှလည်း ဟုတ်မယ်”ဟု ယင်းက ပြောသည်။ယင်းအပြင် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ (၆) တွင်ပါရှိသော တပ်မတော်သည်အမျိုးသား နိုင်ငံရေးဦးဆောင်မှု
အခန်းကဏ္ဍတွင်ရှိရမည်ဆိုသည့် တပ်မတော်၏ရည်မှန်းချက်ကို ကာလတစ်ခုတွင် ထားခဲ့သင့်ပြီ
ဖြစ်ပြီး လက်ရှိကာလတွင် ယင်းဥပဒေပုဒ်မ ၆ ရှိသင့်/မရှိသင့်ဆိုသည့်အချက်ကို တပ်မတော်နှင့်
ပတ်သက်သည့် ဥပဒေအရ သုံးသပ်ဆုံးဖြတ်ကြရမည်ဖြစ်ကြောင်း ဒေါက်တာအေးမောင်က ဆက်လက်သုံးသပ်ပြောသည်။

ရခိုင်အင်အားကြီးပါတီနှစ်ခုဖြစ်သော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD)နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ပါတီတို့ပူးပေါင်းထားသော ရခိုင်အမျိုးသားပါတီ(ANP)၏ ပထမ အကြိမ် ပါတီညီလာခံကို ရခိုင်ပြည်နယ်၊ သံတွဲခရိုင်ရှိ ငပလီမြို့ကမ်းခြေတွင် စက်တင်ဘာလ ၂၅ ရက် မှ ၂၉ ရက်အထိ ၅ ရက်တိုင်တိုင် ပြုလုပ်နေသည်။

ပထမနေ့အဖြစ်ပြုလုပ်သည့်ပါတီညီလာခံဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၂၅ ရက်နေ့၊ နံနက် ၉ နာရီက ရခိုင်ပြည်နယ်၊ သံတွဲမြို့ပေါ်ရှိ လေးမျက်နှာ ဓမ္မာရုံတွင်ပြုလုပ်ခဲ့ပြီး နေ့လယ်ပိုင်းအစီ အစဉ်ကို ယင်းနေ့နေ့လယ် ၁ နာရီက သံတွဲခရိုင် ငပလီမြို့၊ လင်းသာရပ်ကွက်ရှိ လင်းသာဘုန်း တော်ကြီး
ကျောင်းဝင်းတွင်ပြုလုပ်ခဲ့သည်။

ရခိုင်အမျိုးသားပါတီညီလာခံ ပထမနေ့၏ နေ့လယ်ပိုင်းအစီအစဉ်တွင် မြို့နယ်ပါတီဗဟိုကော်
မတီဝင်များနှင့် မြို့နယ်ပါတီကိုယ်စားလှယ်များအဖြစ် မြို့နယ်အသီးသီးမှရွေးချယ်ခံထားရသောပုဂ္ဂိုလ် များအနက် မြို့နယ် ပါတီဗဟိုကော်မတီဝင်များနှင့် မြို့နယ်ပါတီကိုယ်စားလှယ်များဖြစ်နိုင်မည့်သူများကို မဲစနစ်ဖြင့် ရွေးချယ် ခဲ့ကြသည်။

ညီလာခံမှ အတည်ပြုရွေးချယ်မည့် မြို့နယ်ပါတီ ဗဟိုကော်မတီဝင်များနှင့် မြို့နယ်ပါတီကိုယ် စားလှယ်
များကို ပါတီညီလာခံဒုတိယမြောက်နေ့ဖြစ်သော စက်တင်ဘာလ ၂၆ ရက်နေ့တွင် ညီလာခံ၌ ထုတ်ပြန်ကြေညာ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ပါတီနှစ်ခုပူးပေါင်းထားသော ရခိုင်အမျိုးသား
ပါတီအတွင်းတွင် ပါတီစွဲ၊ ပုဂ္ဂိုလ်များကြောင့် ညီ ညွတ်သင့် သလောက် မညီညွတ်သည့်အခြေအနေ
များရှိနေသည့်အတွက် ကျစ်လျစ်ခိုင်မာပြီး အမျိုး သားရေးကိုဦးတည်သည့် ရခိုင်တိုင်းရင်းသားများ
အတွက် ခိုင်မာသော အမျိုးသားပါတီတစ်ရပ်ဖြစ်ပေါ် လာစေရန် ယခုကဲ့သို့ ပါတီညီလာခံကိုကျင်းပ
ရခြင်းဖြစ်ကြောင်း ဦးအေးသာအောင်က ပြောသည်။

ယင်းနေ့ကပြုလုပ်သောပါတီညီလာခံသို့ ပါတီဗဟိုကော်မတီဝင်များအပါအဝင် မြို့နယ်ကိုယ်
 စားလှယ် ၂ဝဝ ကျော်နှင့် စိတ်ပါဝင်စားသူများလည်း တက်ရောက်ခဲ့ကြသည့်အပြင် ကချင်အခြေစိုက် ရက္ခိုင့်တပ်မတော်(Arakan Army-AA)မှ ဒုတိယ ဗိုလ်မှူးကြီး ကျော်ဟန်၊ အိန္ဒိယအခြေစိုက် ရခိုင်ပြည် ဒီမိုကရက်တစ်ပါတီ(Democratic Party of Arakan- DPA)မှ ဥက္ကဋ္ဌဦးထွန်းအောင်ကျော်နှင့် အတွင်း
ရေးမှူး ဦးအောင်ဟိန်း၊ တို့လည်း တက်ရောက်ခဲ့ကြသည်။

( နိရဉ္စရာ- ၂၆ စက်တင်ဘာ ၂၀၁၄) / မာန်ယုကျော် (ရွှေဝမြေ)

ညီလာခံတွင် (ပ) ခေါင်းဆောင် ဦးအေးသာအောင် နှင့် (ဒု) ခေါင်းဆောင် ဒေါက်တာအေးမောင် မိန်းခွန်းပြောကြားနေစဉ်။ ( ဓါတ်ပုံ- နိရဉ္စရာ)