Thursday, August 21, 2014

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးတာဝန်ခံများနှင့် International Press Institute(IPI) မှ တာဝန်ခံများ တွေ့ ဆုံဆွေးနွေး

၂၀၁၄-၈-၂၁
International Press Institute(IPI) မှ Executive Director Ms. Alsion Bethel McKenzie , Conference Coordinator Ms. Millica Miletic, IPI ၏ ၂၁၀၅ မီဒီယာကွန်ဂရက်အတွက်ပါတနာ
ဖြစ်သူ Mizzima မှ Consultant Editor U Myo Tha Htet တို့အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးတာဝန်ခံဌာနမှူးဖြစ်သူ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအုန်းကြိုင်၊ ဗဟိုပြန်ကြား
ရေးအဖွဲ့ဝင်များဖြစ်ကြသော ဦးကြည်တိုးနှင့်ဦးမြတ်ကျော်ကျော်တို့မှ ယနေ့ နေ့လည် ၁၂ နာရီအချိန်
တွင် အဖွဲ့ချုပ်ရုံးတွင်လက်ခံတွေ့ဆုံခဲ့ပါသည်။ ယင်းသို့တွေ့ဆုံရာတွင် ၂၀၁၅ ခုနှစ်တွင် ပြုလုပ်မည့်
IPI ၏ မီဒီယာကွန်ဂရက်၊ IPI ၏ လုပ်ငန်းစဉ်များ၊အဖွဲ့ချုပ်၏ပြန်ကြားရေးလုပ်ငန်းစဉ်များ၊
 ပြည်တွင်းမီဒီယာများနှင့်ဆက်ဆံရေး၊ မြန်မာနိုင်ငံ၏ မီဒီယာဥပဒေများနှင့်အဖွဲ့အစည်းများ၊ မီဒီယာကျင့်ဝတ်ပိုင်းဆိုင်ရာများကို နှစ်ဖက်အမြင်သဘောထားများ ဖလှယ်ကြပြီးပွင့်လင်း
စွာဆွေးနွေးခဲ့ပါသည်။