Saturday, August 9, 2014

ပြည်သူလွှတ်တော် တရားဥပဒေစိုးမိုးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်

 ၂၀၁၄-၈-၉
၂၀၁၄ခုနှစ်သြဂုတ်လ ၈ ရက် နံနက် ၀၉း၃၀ နာရီက လွှတ်တော်ရုံးခွဲ(ရန်ကုန်)တွင် ကျင်းပပြုလုပ်
သော အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့သို့ တရားဥပဒေစိုးမိုးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ
ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ဆွေးနွေးခဲ့သည်။
လွှတ်တော်အမတ်များနှင်.လွတ်တော်
ဝန်ထမ်းများအတွက် ရည်ရွယ်ပြင်ဆင်ထားသော အလုပ်ရုံဆွေးနွေးပွဲဖြစ်ပြီး အလုပ်ရုံဆွေးနွေးပွဲ
 ကို တရားဥပဒေစိုးမိုးမှု မြှင့်တင်ရေးအခြေခံဖြင့် ရဲတပ်ဖွဲ့ အပေါ် လွှတ်တော်မှ ကြီးကြပ်မှု
 ခေါင်းစဉ်ဖြင့် ဆွေးနွေးကြပြီး ပါလီမန်အမတ်များအတွက် ရည်ရွယ်ပြင်ဆင်ထားသော အလုပ်ရုံ
ဆွေးနွေးပွဲ အများအပြားထဲမှ တစ်ခုဖြစ်သော ယခုအလုပ်ရုံဆွေးနွေးပွဲတွင် ၆-၈-၂၀၁၄နှင့် ၇-၈-
၂၀၁၄ နှစ်ရက်တာဆွေးနွေးခဲ့ပြီး အဓိကရွေးချယ်ထားသော အချက်အလက်များအား စုစည်းပြီး
အာရုံစိုက်ဆွေးနွေးကြသည်။
အလုပ်ရုံ ဆွေးနွေးပွဲအတွင်း ဆွေးနွေးမှုများကို အာရှ  ဥရောပနိုင်ငံများနှင့် အထူးသဖြင့် ဖိလစ်ပိုင်၊ အင်ဒိုနီးရှား နိုင်ငံများမှ ဥပမာများနှင့်အလေ့အကျင့်ကောင်းများဖြင့်အားဖြည့် တင်သွားမည်ဖြစ်သည်။
အဆိုပါဆွေးနွေးပွဲအား တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ
 ဒေါ်အောင်ဆန်းစုကြည်၏ တိုက်တွန်းတောင်းဆိုချက်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။
အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲကို ၆-၈-၂၀၁၄ မှ ၈-၈-၂၀၁၄ အထိ (၃)ရက်ကျင်းပခဲခြင်းဖြစ်
ပါသည်။
ဦးဆောင်ဆွေးနွေးသော ကျွမ်းကျင်သူများ
(၁) Dr. hans Born (DCAF၏ဒါရိုက်တာ)
( ၂ )Prof .Dr. mario Mayong j.Aguga (ဖိလစ်ပိုင်)
( ၃ )Amb.Djoko Sysio (အတိုင်ပင်ခံနှင့် အင်ဒိုနီးရှားလွတ်တော်အမတ်ဟောင်း ၁၉၉၉-၂၀၀၉)

အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်သူ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ
(၁)ဦ၀င်းမြင်. -အတွင်းရေးမှုး( တရားဥပဒေစိုးမိုးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ)
(၂)Dr.ဇော်မြင့်မောင် အဖွဲဝင်( တရားဥပဒေစိုးမိုးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ)
(၃)Dr.အောင်မိုးညှိ ( ပြည်သူ့ ရေးရာ စီမံခန်ံခွဲမှုကော်မတီ)
(၄) ဦးခင်မောင်ဝင်း (တရားစီရင်ရေး၊ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊အသနားခံစာများစီစစ်
ဆောင်ရွက်ရေးကော်မတီ) တို့ တက်ရောက်ကြသည်။


 ပြည်သူလွတ်တော် (နေပြည်တော်)မှ အရာထမ်း၊ အမှုထမ်းများ မှ
(၁)ဒေါက်တာထူးမောင် - ညွန်ကြားရေးမှူး ၊အစည်းအဝေးဌာန (၁ )
(၂)ဒေါ်အေးအေးခိုင် ဒုတိယ ညွန်ကြားရေးမှူး (သုတေသန၊နည်းပညာနှင့်နိုင်ငံတကာ
ဆက်ဆံရေးဌာနကြီး)
(၃)ဦးမျိုးမင်းသူ ( လက်ထောက် ညွန်ကြားရေးမှုး) စီမံရေးရာဌာနကြီး
(၄)ဒေါ်ချိုချိုဝင်း ( လက်ထောက် ညွန်ကြားရေးမှုး)ဆက်ဆံရေးဌာနကြီး
(၅)ဒေါ်အေးအေးမာ လက်ထောက်ညွန်ကြားရေးမှုး( တရားဥပဒေစိုးမိုးနှင့် တည်ငြိမ်အေးချမ်းရေး
ကော်မတီ)
(၆)ဒေါ်ခင်မျိုးညွန်. ( လက်ထောက် ညွန်ကြားရေးမှုး)ပြည်သူ.ရေးရာစီမံခန်ံခွဲမှု့ ကော်မတီ
(၇)ဒေါ်ခင်မျိုးညွန် ဦးစီးအရာရှိ(တရားစီရင်ရေး၊ဥပဒေရေးရာနှင်.တိုင်ကြားစာများ၊အသနားခံစာ
များ စီစစ်ဆောင်ရွက်ရေးကော်မတီ)
(၈)ဒေါ်သဲဆုအောင် ဒုဦးစီးမှူး ( တရားဥပဒေစိုးမိုးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ)
(၉)ဒေါ်ခင်ခင်ဦး အကြီးတန်းစာရေး (ဥပဒေကြမ်းကော်မတီ)လွတ်တော်ရုံးခွဲ( ရန်ကုန်)မှ
အရာထမ်း၊အမှုထမ်းများ၊ ၀န်ထမ်းများ တက်ရောက်ဆွေးနွေးခဲ့ပါသည်။