Sunday, August 10, 2014

ပြန်ကြားရေးဝန်ကြီးသစ် ဦးရဲထွဋ် ကလိမ်ကကျစ် ပြောဆို



၂၀၁၄-၈-၁၀ အမေရိကန် နိုင်ငံသား ခံယူထားသူ ဦးမောင်မောင်ဝမ်း မြန်မာပြည်မှာ ပြည်သူတွေကို အခမဲ့ပညာသင်ကြားပေးနေတာကို အခွင့်မရှိဘဲ ပညာ သင်ကြားပေးမှုဖြင့် လူဝင်မှု ကြီးကြပ်ရေး ၀န်ကြီးဌာန (လ၀က) က ပြည်နှင်ဒဏ် ပေးလိုက်ကြောင်းသိရှိရသည်။

 ပြည်သူတွေက ပြန်ကြားရေးဝန်ကြီးခန့် အပ်မှုအပေါ် အများကြည်ညိုလေးစားသော ကျွမ်းကျင်သူ ပညာရှင်အရပ်သားတဦးကို တောင်းဆိုခဲ့သောလည်း ပြည်သူ့ ဆန္ဒကို လျစ်လှူ့ ရှု့ ကာ မဆလ ထုံး
နှလုံးမူပြီး ကလိမ်ကကျစ် ရဲထွဋ်ကို ပြန်ကြားရေးဝန်ကြီး ခန့် လိုက်ပါတယ်။ကျွမ်းကျင်တဲ့ ပညာရှင်မဟုတ်တဲ့အတွက် ကလိမ်ကကျစ်နဲ့  လည့်ပတ်ပြီး အဆင်ပြေအောင်ပြောဆိုနေ
သည့်ကြားမှ မြန်မာနိုင်ငံသားဘဲဖြစ်ဖြစ် နိုင်ငံခြားသားခံယူထားသူဘဲဖြစ်ဖြစ် နိုင်ငံခြားသားဘဲ
ဖြစ်ဖြစ် ဗီဇာသက်တမ်းကျော် လွန်ပါက လ၀က ဥပဒေအရ အရေးယူရမှာဖြစ်တယ်လို့ 
ဆိုပါတယ်။

တကယ်တော့ မြန်မာနိုင်ငံတွင်းမှာ နိုင်ငံခြားမှလာရောက်တဲ့ မြန်မာနိုင်ငံသား၊ နိုင်ငံခြားသားခံယူ
ထားသူတွေ အများကြီးရှိနေပါတယ်။ဒီလူတွေဟာ MPC က အစိုးရအကြံပေးပုဂ္ဂိုလ်ဆိုသူတွေရဲ့  လုပ်ဖော်ကိုင်ဖက်တွေဖြစ်ပြီး အရေးမယူဘဲ လက်ရှိဗီဇာသက်တမ်းကျော်လွန်ပြီးနေထိုင်နေကြတာ
တွေ့ ရပြီး အရေးယူမှုလည်းမရှိပါဘူး နံမည်နဲ့ တကွ ဖေါ်ပြလို့ ရပါတယ်။ အစိုးရဟာ MPC ရဲ့  လည့်စားတာကို ခံနေရပြီး ပြောချင်တာ ပြော လုပ်ချင်တာလုပ်နေကြတာပါ၊ အစိုးရဟာ တာဝန်ယူမှုမရှိသလို အရေးယူမှုလည်းမရှိပါဘူး ကလိမ်ကကျစ်အစိုးရဖြစ်နေတာ တွေ့ ရပါတယ်။

မြသိန်း