Sunday, August 10, 2014

ပဲခူးရေကြီးမှု နာရေးကူညီမှုအသင်း (ရန်ကုန်) နှင့် လူမှုကွန်ယက်များက ကူညီနေကြသော်လည်း အစိုးရမှ ထိရောက်စွာကူညီမှုမရှိ


 ၂၀၁၄-၈-၁၀
၈.၈.၂ဝ၁၄ ရက်နေ့တွင် ရေဘေးဒုက္ခသည်များထံသို့ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ
 ဦးကျော်သူ၊ အထူးဧည့်အသင်းသူ ရုပ်ရှင်နှင့် ဗီဒီယိုသရုပ် ဆောင် သဉ္ဇာဝင့်ကျော် အပါအဝင် အသင်းသား/သူများတို့မှ သွားရောက်ပြီး သုခကုသိုလ်ဖြစ်ဆေးခန်း(ပဲခူး) ဥက္ကဋ္ဌ ဦးသူရိန်ဝင်း၊
 ပဲခူးမြို့ လူမှုရေးသမားများ နှင့် ဒေသခံ ပြည်သူလူထုများတို့ပူးပေါင်း၍ ပဲခူးတိုင်းဒေသကြီး၊ 
ပဲခူးမြို့၊ နဂါး လိမ်ရပ်ကွက် "ကြေးနီကန်တိုက်ကြပ်ကျောင်း"၌ ဖွင့်လှစ်ထားသည့် ရေဘေး ကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု (၁၁၅)၊ လူဦးရေ (၅၉၁) ဦးတို့အတွက် ခေါက်ဆွဲထုတ် 
(၃၆ဝ) ထုပ်၊ ငါးသေတ္တာ (၁ဝဝ) ဗူး၊ ဘဲဥ (၅ဝဝ) လုံး၊ မုန့်ကြွပ် (၄) ထုပ်၊ လက်ဖက် (၁၅ဝဝ)
 ထုပ် အစရှိသည့် လှူဒါန်းမှု အစုစုများတို့အား “အများပြည်သူအတွက် အများပြည်သူကောင်းမှု” 
အဖြစ် လှူဒါန်းပေးအပ်ခဲ့ ပါသည်။