Tuesday, July 8, 2014

ဂျပန်နိုင်ငံကိုဦးတည်နေတဲ့ အင်အားကြီးမုန်တိုင်း စိုးရိမ်ရဖွယ်ရှိ


၂၀၁၄-၇-၈
အယ်လ်နီညိုဖြစ်တဲ့နှစ်တွေမှာ မုန်တိုင်းတွေဟာ အဖြစ်နည်းလာပြီး အရေအတွက် လျော့ကျလာ
တတ်တယ်။ အဲဖြစ်ရင်တော့ အားကောင်း တတ်တယ်လို့ ကျွန်တောပြောခဲ့ဘူးပါတယ်။ အခု ဒါဟာ သာဓက တစ်ခုပါဘဲ။

နာဆာအာကာသယာဉ်မှူး Reid Wiseman က နိုင်ငံတကာအာကာသစခန်းမှ
(၅-၇-၂၀၁၄)ရက် (Eastern Daylight Time-EDT) ည(၇)နာရီအချိန်တွင် ပစိဖိတ်သမုဒ္ဒယာ
အနောက်ပိုင်း ဖိလစ်ပိုင်နိုင်ငံ၊ အရှေ့ဖက်ကမ်း လွန်ပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသော တိုင်ဖွန်း
 Neoguri ကိုရိုက်ယူပေးထားခဲ့ တဲ့ ပုံပါတယ်။

တိုင်ဖွန်းမုန်တိုင်း Neoguri ဟာ အင်အား Category IV အဆင့်ရှိနေပြီး လေတိုက်နှုန်း140 mph ရှိနေပါတယ်။

(မြန်မာနိုင်ငံကိုတိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းနဲ့ အင်အားတူအဆင့်ဖြစ်ပါတယ်။)

(၇-၇-၂၀၁၄) | နံနက် (၁၀း၅၇)နာရီ

Ref : ဒေါက်တာထွန်းလွင်

ဂျပန်နိုင်ငံသတင်းတွေမှာတော့  ၁၁ ရက်နေ့  ညပိုင်းမှစ၍ ၁၂ ရက်နေ့ ညပိုင်းတွင် ပြင်တန်သည့်
မုန်တိုင်း တိုကျိုမြို့ ကိုဖြတ်မည်ဟုကြေညာထားသည်။