Sunday, June 8, 2014

NLD တတိယအကြိမ် ဗဟိုကော်မတီ အစည်းအဝေး

 ၂၀၁၄-၆-၈
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တတိယအကြိမ် ဗဟိုကော်မတီ အစည်းအဝေးကို ဇွန်လ ၇-၈ ရက်
 ၂ ရက်ကြာ ကျင်းပမှာဖြစ်ပြီး ၈ ရက်နေ့ မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

ကျမတို့ပါတီတစ်ခုတည်း ရှင် သန်ရေးအတွက်ကောင်းစားရေးအတွက် ကျမတို့ဦးတည်နေတာမပာုတ်
ပါဘူးဒီမိုကရေစီစနစ်မှာ ဆိုရင် နိုင် ငံရေးပါတီများက အဓိကကြပါတယ်။နှစ်ပေါင်းများစွာဒီမိုက ရေစီကို
 ခြေမှုန်းခံထားရတဲ့ ကာလမှာ ဆိုရင် အမျိုးသား နိုင် ငံရေးနဲ့ ပါတီနိုင်ငံရေးဆိုပြီးတော့ခွဲခြားပြီးတော့
 ပြည်သူလူထုကနေပြီး အထင် မှား အောင် လုပ်ခဲ့တဲ့ ပာာ တွေအများကြီးရှိပါတယ်။တကယ်တော့ အခု ခေတ် ခေတ်သစ် ဒီမိုက ရေစီစနစ်များ ပာာ ပါတီကိုပဲ အ ခြေခံရပါတယ်။နိုင် ငံရေးပါတီတွေကို အခြေခံပြီးမှဒီမိုကရေစီစနစ်ကို မှန်မှန်ကန်ကန် ဖော်ဆောင် နိုင် မှာပါ။အဲဒီတော့ ဒီမိုက ရေစီစနစ်ရဲ့ 
ထိ ရောက်မှု နိုင်ငံတစ် နိုင်ငံမှာ ဒီမိုက ရေစီစနစ် ရဲ့ အဆင့်မြင့် မှုပာာ နိုင် ငံရေးပါတီ တွေရဲ့ အဆင့်နဲ့ 
အများကြီးပဲ သက်ဆိုင် ပါတယ်။ဒါကြောင့် ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ တတ်နိုင် သမျှတကယ့် အဆင့်မှီတဲ့ ပြည်သူကနေပြီးတော့ လေးစားအားကိုး နိုင်တဲ့ နိုင်ငံရေးပါတီစနစ်တစ်ခု အမြစ်တွယ်ဖို့ အတွက် ကျမတို့ကြိုးစားနေပါတယ်။ကျမက နိုင်ငံရေးပါတီစနစ်ကို ပြောတာမှာကျမတို့
ပါတီတစ်ခုတည်းရှင် သန်ရေးအတွက် ကောင်းစားရေးအတွက် ကျမတို့ဦးတည်နေတာ မပာုတ်ပါဘူး။
တကယ်ဆိုရင် ဒီမိုကရေစီစနစ်အောက်မှာဆိုရင် ပြည်သူလူထုက လက်ခံနိုင်တဲ့ နိုင်ငံရေးပါတီ 
များစွာရှင်သန်နိုင်တာတော့အကောင်းဆုံးပါပဲ။များစွာ ဆိုတာလည်း အတိုင်းအတာနဲ့ ပေါ့နော်။
သိပ်များလို့ရှိရင်လည်း အလုပ်မဖြစ်တာမျိုး ကမ္ဘာ့ ဖြစ်စဉ် တွေက နေသက်သေထူနေတယ် ဆိုတာ ကျမတို့သိပြီးသားဖြစ်မှာပါ။

 ဒေါ်အောင်ဆန်းစုကြည်