၂၀၁၄-၆-၈
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)တို့ ပူးပေါင်း ပြုလုပ်သော ၂၀၀၈ ဖွဲ့စည်းပုံ အ ခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲ အခမ်းအနားကို ယနေ့ ဇွန်လ၊ ၈ ရက်၊ နံနက် ၉း ၁၅ နာရီက တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊
ရွှေဝယ်သီရိအားကစားရင်ပြင်တွင် ကျင်းပပြုလုပ်ရာ မိုးများရွာသွန်းနေသော်လည်း လူထု ပရိသတ်
၅၀၀၀ ခန့် တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဥပဒေပညာရှင် ဦးဌေးဦးက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)မှ မင်းကိုနိုင်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့်ပတ်သက်၍ ယခု ဟောပြောလျက်ရှိသည်။