Sunday, June 22, 2014

တောကြောင် အံ့မောင် လက်ပမ်းမောင်းခတ်မလား

၂၀၁၄-၆-၂၂

စာရေးသူ ယခင်က ဖေါ်ထုတ်ရန်ရှိသော်လဲ စာရေးသူ၏ တင်ပြမှုများတွင် သနာသနာရေး ၀န်ကြီးဌာန
 နှင့် သံဃာ့မဟာနာယက ဦးဆောင်အဖွဲ့ အား တတိယအဆင့်လောက်တွင်သာထား၍ နေခဲ့ဘူး 
သည်မှာ အမှားကြီး မှားခဲ့လေပြီ။

ယခု မရေး၍မရ ရေးကို ရေးရတော့မည့်ကိန်း ဆိုက်လာပြီမို့ ရေးလိုက်လေသည်။ မြန်မာနိုင်ငံ ဗဟိုသံဃာ့ဦးဆောင်အဖွဲ့ (သို့)မဟုတ် မဟန အား ၁၉၈၃ ခုနှစ် ဇွန်လတွင် ဦးနေ၀င်းမှ 
ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာ ခေါ်ယူပြီးနောက် မွေးဖွားပေးခဲ့လေသော အဖွဲ့ဖြစ်သည်။ မဟန စတင်ဖွဲ့စည်းစဉ်ကပင် ယနေ့ မဟာသန္တိသုခကျောင်းတော်ကြီး ချိပ်ပိတ်သည့်အချိန်ထိ
 မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော သံဃာ့အရေးခင်းပေါင်း (၁၂) ခုရှိပြီး ကျောင်းတော်များအား 
 ချိပ်ပိတ်ခြင်း ဖျက်ဆီးခြင်း သံဃာတော်များအား အဓမ္မ လူဝတ်လဲစေခြင်း ဖမ်းဆီးခြင်း စစ်ကြောရေးတွင် နှိပ်စက်ညှင်းပမ်းခြင်း ထောင်ချခြင်း နှင့် အချို့သော ဆရာတော် မထေရ်ကြီးများပင် အကျဉ်းထောင်ထဲတွင် ဘ၀ တပါးပျံလွန်တော်မူခြင်းများ ရှိခဲ့သည်ကို စာဖတ်သူများအားလုံး လက်ခံနိုင်မည်ထင်ပါသည်။

ဦးနေ၀င်းလက်ထက်တွင် ပထမဆုံး ပြုလုပ်သည့် ၁၉၈၅ မေလ သံဃာ့ သန့်ရှင်းရေး ကိစ္စတွင် အပြီးပြတ်ချေမှုန်းသုတ်သင်ခံရရှာသော ဆရာတော်ဘုရားကြီးမှာ အထူးထင်ရှားပြီး မြန်မာ့ဇီဝက 

လို့ပင် ထင်ပေါ်ခဲ့ဘူးလေသော သိမ်ဖြူ ဆရာတော်ဘုရားကြီး ရှင်နာဂသေနမထေရ်…ဆရာတော် ဘုရားကြီးအား ဖမ်းဆီးသွားခဲ့ပြီးနောက် ယနေ့ထိ အစပျောက်သွားခဲ့လေသည်မှာ အသိနိုင်ဆုံး
သူသည် ဦးအံ့မောင်သာ ဖြစ်ကြောင်း မဆလ(မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ) ၏ အကြီးကဲတဦး
မှာ စာရေးသူအား (၂) ကြိမ်မျှ ပြောခဲ့ဘူးသည်။

ရန်ကုန်မြို့ သိမ်ဖြူ ဆရာတော်ဘုရား၏ ကျောင်းတော်အား မိုးသည်းထန်လွန်းနေသာ ည 

(၁၀ နာရီ ၃၀) ခန့်တွင် ဦးအံ့မောင်ကိုယ်တိုင် စစ်ကြောရန် သနက (၃) မှ လက်နက်ကိုင်များဖြင့် လာရောက် ဖမ်းဆီးခေါ်ဆောင်ပြီး အစဖြောက်ပစ်ခဲ့လေသည်။

ထိုခေတ်က ရွှေရင်ကျော်ဂိုင်း ၊ မနော ဆေးတို့ဖတ်ဂိုင်းတို့သည် အလွန်ခေတ်စားနေပြီး ဘုန်းတော်
ကြီးအချို့  ပရောဂကုနေသော အချိန်ကာလတွင် မြန့်ဆေးကျမ်းပေါင်း (၄၄) တွဲ ရေးသားခဲ့လေသော ဆရာတော်ကြီး၏ ထက်မျက်မှုကို မနာလိုသော ဦးအံ့မောင်မှ အစဖြောက်ခဲ့ကြောင်း သနာရေး ၀န်ထမ်းဟောင်း တဦးကလည်း ပြောပြလေသည်။ တခါတရံ ကမ္ဘာအေး သာသနာ ရုံးချုပ်တွင်
  ဦးအံ့မောင်မှ “ ဒီကိုယ်တော် တွေလောက်ကတော့ ဘာအရေးလဲကွာ သိမ်ဖြူ ကိုယ်တော်ကို ငါ ကိုယ်တိုင်ရှင်းခဲ့တာ” ဟုပင် စိတ်တိုတိုဖြင့် ပြောလေ့ရှိလေသည်။

၁၉၈၈ အရေးခင်းဖြစ်ပေါ်သော ကာလတွင် ဦးအံ့မောင် သမ္မတ ရူးသော ရောဂါ ထလာသည်ဟု 

 သူနှင့် နီးစပ်သော အသိုင်းဝိုင်းမိတ်ဆွေ တဦးမှ ပြောပြပြန်လေသည်။ သံဃာတော်များ ၁၉၈၈ အရေးခင်းတွင် ပါဝင်ဆန္ဒပြလာခြင်း ရဟန်းပျို သမ္မဂ္ဂများ ပေါ်ပေါက် လာခြင်းတို့အား ဦးအံ့မောင်မှ ဦးနေ၀င်းထံသို့ သွားရောက်၍ မျက်နှာလို မျက်နှာရဖြင့် အဆိုပါ သံဃာများအား ပစ်ခတ်ဖြေရှင်း ထိုက်ကြောင်း ဖမ်းဆီး ထောင်ချလျင်လည်း အကုသိုလ်မဖြစ်ကြောင်းတို့အား ဦးနေ၀င်းနှင့် အနီးကပ်ရှိနေသူ ဦးခင်ညွန့် (ဗိုလ်မှူးချုပ်) ခင်ညွန် ၏ အရှေ့မှာပင် သံတော်ဦး တင်ခဲ့လေကြောင်း သိရသည်။

ဦးအံ့မောင်၏ သံတော်ဦး လျောက်တင်မှုများအား ဦးနေ၀င်း မှ အလွန်ပင် နှစ်ထောင်း အားရကြောင်း ထိုနောက် သံဃာတော်များအား ဖမ်းဆီးပြီးနောက် လူဝတ်လဲစေခြင်း ကိစ္စများအား သံဃာ့ မဟာ 

 နာယက အဖွဲ့၏ ၀ိနည်း ၀ိဇထိုများဖြင့် စီရင်စရာ မလိုအပ်ပဲ ဦးအံ့မောင်မှ မြန်မာ့ စစ်ထောက်လှမ်း
ရေး တပ်ဖွဲ့အသီးသီးသို့ ရေးသားပေးပို့ထားသော စာတစောင်အား ဖတ်ပြယုံဖြင့် သင်္ဃန်း ချွတ်ချခဲ့ခြင်း လူဝတ်လဲစေခြင်းများ ပြုလုပ်ခဲ့ကြောင်း ( ၂၀၀၃) ခုနှစ် နိုဝင်ဘာလတွင် ထိုင်းမြန်မာ နယ်စပ်သို့ ထွက်ပြေး ရောက်ရှိလာသော စစ်ဘက်ထောက်လှမ်းရေး အရာရှိတဦးမှ ပြောပြလေသည်။

၁၉၈၉ ခုနှစ်အစောပိုင်းတွင် ဖမ်းဆီးခံရသော မန္တလေးမှ ဂဋုံဏီ ဆရာတော်အား သင်္ဃန်းချွတ်၍ လူဝတ်လဲကာ အလုပ်ကြမ်းနှင့် သေဒဏ်အား ချမှတ်ရန် လုပ်ဆောင်ခဲ့သော အနောက်မှ တွန်းအားပေးသူမှာ ဦးအံ့မောင်ဖြစ်ကြောင်းလည်း သိရလေသည်။

၁၉၈၈ အရေးခင်းကာလတွင် ဦးမောင်မောင်အား လူထုမှ လက်မခံ၍ ဆက်တိုက်ဖြစ်ပေါ်လာသော ဆန္ဒပြပွဲများအား ၄င်းမှ နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်ကြောင်း နှင့် ၄င်းအား ကိုင်တွယ်ခွင့်ရှိသော အခွင့်ရာထူးအား ပေးအပ်ပါရန် ဦးနေ၀င်းထံ လူကိုယ်တိုင် လာရောက်၍ တောင်းခံခဲဘူးကြောင်း၊ ဦးနေ၀င်းမှ “ဟေ့…အံ့မောင် ..မင်း ပေါက်ပမ်းလေးဆယ်တွေ မပြောနဲ့ကွာ …မင်း နိုင်တဲ့အဖွဲ့က ဘုန်းကြီးတွေမဟုတ်လား…အဲဒါ မင်း ဘုန်းကြီးတွေပဲ ထိန်းကွာ” ဟု ပြောလွှတ်ခဲ့ဘူးသည်ဟု 

 သိရသည်။

၁၉၈၈ အာဏာသိမ်းပြီးနောက် အရေးပေါ် ဖွဲ့စည်းခဲ့သော စစ်အစိုးရတွင် ဦးအံ့မောင် ပါဝင်ရန် ငမ်းငမ်းတက် ဖြစ်ခဲ့သော်လည်း စစ်အစိုးရ မို့ အရပ်သားနှင့် ဘုန်းကြီး လူထွက်များအား ဘေးဖယ်

ဖွဲ့စည်းခဲ့ပြီးနောက် ဦးအံ့မောင်အား ဘာသာ သာသနာရေးဆိုင်ရာ အကြံပေး နာယက နေရာတွင် ထားပေးကာ အာဏာသိမ်း စစ်အစိုးရမှ ပြန်လည် အသုံးပြုခဲ့လေသည်။

၁၉၉၀ ခုနှစ် ဇွန်လတွင် အပြင်းထန်ဖြစ်ပေါ်လာသော မန္တလေး သံဃာတော်များ၏ ကံဆောင်မှု 

 သပိတ်အား အပြီးပြတ် လက်စလက်န မကျန်အောင် ရှင်းလင်းရန်နှင့် ရှင်းလင်း နိုင်ကြောင်းအား ဦးအံ့မောင်မှ ဗိုလ်ချုပ်ကြီး စောမောင်ထံသို့ တိုက်ရိုက် တင်းသွင်းသော ၄င်း၏ စာချွန်လွှာနှင့် 
 ကိုင်တွယ်ရန် နည်းနိသသျှ တို့အား ထိုအချိန်တွင် စစ်ရုံးတွင် တာဝန်ထမ်းဆောင်နေခဲ့ဘူးသော စစ်အရာရှိတဦးမှ ပြောဆိုပါသည်။

ဘာသာရေးကိစ္စများနှင့်ပတ်သက်သော အစ္စလမ်ဘာသာဝင်များ ၊ ခရစ်ယန် ၊ ဟိန္ဒြူ ၊ ဗုဒ္ဓဘာသာ

  စသော ဘုရားတည် ကျောင်းဆောက် တရာစခန်း နောက်ဆုံးဆရာကြီး ဂိုအင်ဂါ၏ ဓမ္မရိပ်သာ များပါမကျန် သာသနာရေးဆိုင်ရာ လုပ်ငန်း တခုခု ပတ်သက်လာလျင် ဦးအံ့မောင် ထံသို့ ပြေး၍ လဒ်ပေးခဲ့ရကြောင်း အဖြစ်များ ထောင်နှင့်ချီလောက်အောင်ပင်ရှိခဲ့လေသည်။

ဦးအံ့မောင် စစ်အစိုးရ ဗိုလ်ချုပ်ကြီး စောမောင်း နှင့် ပေါင်းပြီး မန္တလေးက သံဃာတော်များအား 

 မည်သို့ မည်ပုံ နှိပ်စက် ခဲ့ကြောင်းလေးကိုတော့ စာရေးသူ အောက်မှာအကျဉ်းရုံး ဖေါ်ပြပါရစေ
၁၉၉၀ မန္တလေး နဲ့ ရန်ကုန် မှာရှိတဲ့ သံဃာတော် တွေကို အာဏာပိုင် တွေက ဆက်တိုက် ဆိုသလိုပဲ ဖမ်းဆီး ထောင်ချ တာတွေ ပြုလုပ် လာကြပါတယ်။ အဲဒီအချိန် မှာ ဆရာတော် ဦးကောဝိဒ (သံဃာ့ ဥသျှောင် ဆရာတော်၊ အမေရိကား မှာ ပျံလွန်တော်မူ) နဲ့ ဆရာတော် ဦးရာဇဓမ္မဘိဝံသကို ဦးဆောင် သံဃာတော်တွေ အပါအ၀င်၊ ရန်ကုန်မှာရှိတဲ့ မေဒိနီ ဆရာတော် ဦးဉာဏ၀ံသ၊ မဟာဗောဓိ 

 ဆရာတော် ဦးပဏ္ဍိတ ဘိဝံသ၊ ရွှေဘုန်းပွင့် ဆရာတော် ဦးဗြဟ္မသီရိ၊ တိပိဋက ဆရာတော် 
 ဦးသုမင်္ဂလ လင်္ကာရ၊ အင်းစိန် ရွာမ ဆရာတော် ဦးတိလောက ဘိဝံသ အပါအ၀င် ဆရာတော် သံဃာတော်တွေ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တွေ အသီးသီးချမှတ်ခြင်းခံကြရရှာပါတယ်။

ဒါ့အပြင် ဦးရေ၀တ၊ ဦးကလျာဏ၊ ဦးကာဝိယ တို့ကို သက်ဆိုင်ရာက သေဒဏ်များချမှတ်ခဲ့ပြီး

  ဒေါက်တာ သြသဓ အပါအ၀င် သံဃာငယ်များစွာကို ပြစ်ဒဏ်တွေ အသီးသီးချမှတ်ခဲ့တယ်။

““အဲဒီတုန်း က ၁၉၉၀ ပြည့်နှစ် မန္တလေး ပတ္တနိက္ကုစ္စန ကံဆောင်တဲ့အထဲမှာ ပါဝင်တဲ့သဘာပတိ ဆရာတော် ဦးဉာဏိကာဘိဝံသကို အာဏာ ပိုင်တွေက အသည်းအသန်လိုက်ဖမ်းခဲ့တယ်။ 

 ဆရာတော်နဲ့ ဘွဲ့နာမည် တူတဲ့ သံဃာတော် (၁၃) ပါး အဖမ်း ခံကြရတယ်။ အဖမ်း ခံကြရတဲ့ 
 သံဃာတော် (၁၃) ပါးထဲက အချို့သံဃာ တော်တွေ ထောင်ထဲမှာ ပျံလွန်တော်မူခဲ့ကြရပါတယ်။ ဆရာတော် ဦးဉာဏိကာ ဘိဝံသကတော့ တိမ်းရှောင်နေရင်း လွတ်မြောက်ခဲ့တယ်။

အာဏာပိုင် တွေဘက်က ဆရာတော် သံဃာတော် တွေကို ဖမ်းဆီး ထောင်ချကြ တဲ့အခါ အချို့တရား ရေးဌာနမှ ၀န်ထမ်းများဆိုလျှင် သာသနာ ရေးဝန်ကြီး ဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဖြစ်တဲ့ ဦးအံ့မောင်၏ ဖိအားနဲ့ အမိန့် ပေးခိုင်းစေခံ ရတာကြောင့် စိတ်ဝေဒနာ ဖြစ်သွားတာမျိုးတွေ ရှိခဲ့တယ်။
““ဆရာတော် ဦးကောဝိဒ ကို အလုပ်ကြမ်း နဲ့ ထောင်ဒဏ် သုံးနှစ် စစ်ခုံရုံးက အရာရှိတွေ ကိုယ်တိုင် ဦးအံ့မောင်မှ ညွန်ကြားလွှာကို စောင့်ပြီး အမိန့်ချရကြောင်း သိရပါတယ်။

ဆရာတော် ဦးကောဝိဒ အကျဉ်းထောင် ထဲရောက် တဲ့အခါ အာဏာပိုင်တွေက သင်္ဃန်းချွတ်ပြီး အကျဉ်းထောင် ၀တ်စုံလဲခိုင်းတဲ့အခါမှာ တော်လဲ သံတွေနဲ့ အတူ ငလျင်အကြီးအကျယ် လှုပ်သွား

  တယ်လို့ သိရတယ်။ အဲဒီမှာ ဆရာတော်ကြီးက ရဟန်းရဲ့သိက္ခာ ဆိုတာ သင်္ကန်းမှာ တည်တာ မဟုတ်ဘူး၊ သီလသမာဓိ ပေါ်မှာတည်တယ်ဆိုပြီး ရဲရဲတောက် မိန့်ကြား ခဲ့တယ်ဆိုတာ 
 အကျဉ်းထောင်ထဲမှာ ဆရာတော်ကြီးနဲ့အတူ ရှိခဲ့တဲ့ သံဃာတော်တွေက ပြန်မိန့်ကြားလို့သိရတယ်။
ပတ္တနိက္ကုစ္စန ကံ ဆောင်ကြတဲ့ ဆရာတော် သံဃာတော် တွေအပေါ် ပြစ်မှားခဲ့တဲ့ ကံတွေအရ 

 သူတို့ရဲ့ လက်ရှိ ဘ၀မှာလည်း ဗိုလ်ချုပ်မှူးကြီး စောမောင်ဆိုရင် တာဝန်ကို ဆုံးခန်းတိုင်အောင် မထမ်းဆောင် လိုက်ရဘဲ ဆုံးပါးခဲ့ရတာ၊ အားလုံးအသိပါ။

စစ်တပ်ပိုင်း ဆိုင်ရာနဲ့ ပတ်သက်လို့ လူကြီးသားသမီးအချို့ဆိုရင် ဆွံ့အနားမကြား တာမျိုးတွေ မွေးဖွား လာတယ်လို့ တောင် ပြန်ကြားရတယ်။ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်ပိုင်း အတော်များများ ဆိုရင်

 လည်း စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲနဲ့ပဲ ဘ၀ကို ဖြတ်သန်း နေရတာ တွေရှိတယ်။
ခုတော့ သံဃာတော်တွေအပေါ် သတ်ဖြတ် နှိပ်စက်ခဲ့သော တောကြောင်တကောင်၏ အလှည့် 

 ဘယ်လို ဆိုက်ရောက်လာတော့မည်ကို စာရေးသူ အချက်လက် ပိုင်ပိုင်နှင့် ဆက်လက်၍ 
 မနက်ဖြန် ဇွန်လ ( ၂၁) ရက်တွင် တင်ပြပေးသွားမည်ကို စောင့်မျော်ကြပါလို့ မေတ္တာရပ်ခံလျက်

နိဂုဏ်းပိုင်း
၁၉၈၈ မြန်မာ့စစ်ဘက်ဆိုင်ရာမှ အကြမ်းဖက် သတ်ဖြတ်ကာ နိုင်ငံတော် အာဏာအရပ်ရပ်အား သိမ်းယူပြီးနောက်တွင် အထူးသဖြင့် ရဟန်းသံဃာများအား ဖမ်းဆီးထောင်ချမှု စစ်ကြောသတ်ဖြတ်မှု
နှင့် အစဖြောက် သုတ်သင်ရှင်းလင်းမှုများအား အထူးကြပ်မတ် အကြံပေးဆောင်ရွက်ခဲ့သည့် တဦးတည်းသောသူမှာ ဦးအံ့မောင် ဖြစ်ကြောင်း စားရေးသူတွင် တိကျစွာ သက်သေ အထောက်ထား
 များ အချက်လက်များ သိမ်းဆည်းထား၏။သိသာထင်ရှားအောင် ထောက်ပြရသော် ၁၉၈၉ ခုနှစ်တွင် ဖမ်းဆီးခံရသော ဟာသ လူရွှင်တော် ကိုသူရ (ဇာဂနာ) နှင့် တနေရာတည်း ချုပ်နှောင်ခံရသော အရှင် ဆန္ဒိမာအား စစ်ထောက်လှမ်းရေး အမှတ်(၆) ရေကြည်အိုင်တွင် မည်သို့ နှိပ်စက်ခဲ့ကြောင်း ၂၀၁၁ ခု အစောပိုင်းတွင် ပြန်လည် လွတ်မြောက်လာသော ကိုသူရ (ဇာဂနာ) ၏ ပထမဆုံး ရင်းတွင်းဖြစ် ဖွင့်ဟမှုများတွင် ဦးစွာ ၄င်း၏ အတွေ့ကြုံအား တင်ပြပြောဆိုခဲ့ဘူးလေသည်။

၁၉၉၀ ခုနှစ်မှ ၁၉၉၆ ခုနှစ် ကျောင်းသားအရေးခင်း ကာလတလျောက်တွင် ဖမ်းဆီးခံရသော
 သံဃာတော် ၂၆၉ ပါး ရှိပြီး ၊ စစ်ထောက်လှမ်းရေး စခန်းများတွင် ပျံလွန်တော် မူခဲ့လေသော
 သံဃာတော် ၄၇ ပါး ရှိကြောင်း …ယခု ပြင်ပသို့ရောက်နေသော စစ်ထောက်လှမ်းရေးဆိုင်ရာ သုတေသန နှင့် မှတ်တမ်းဌာနမှ အမည်မဖေါ်လိုသူ အရာရှိကြီး (ဗိုလ်မှူး) မှ စာရေးသူအား
  ပြောပြလေသည်။

ဗိုလ်ချုပ်ကြီးဟောင်း (ယခု) ဦးခင်ညွန့်အား ၁၉၉၁ ခုနှစ်တွင် ဦးအံ့မောင်သည် တိုင်းပြည်အ၀ှမ်းနှင့် တိုင်းပြည်ပြင်ပသို့ ရောက်ရှိ သတင်းသုံးနေကြသော သံဃာတော်များအား စည်းရုံးသိမ်းသွင်းသည့် အနေဖြင့် ဘွဲ့တံဆိပ်များ ဆက်ကပ်ရန် အကြံပေးနည်းလမ်းပြခဲ့ပြီး ဗိုလ်ချုပ်ကြီး ခင်ညွန့်မှ ၄င်း၏
 အမိန့်ဖြင့် ဘုန်းတော်ကြီးကျောင်းများအား ဆရာတော်များ ခရီးသွားရန် ကား ၊ အပြင်းပြေကြည့်ရှု့  ဇိမ်ခံနိုင်ရန် ဘလက်အန်ဝှိုက် ၁၈ လက်္မ တယ်လီဗေးရှင်း များအပြင် မြန်မာ့အလင်းသတင်းစာတိုက်
 တွင်ပင် ဆက်ကပ်ရန် ဘွဲ့တံဆိပ်ပေါင်းများစွာအား ပုံနှိပ်ရိုက်ထုတ် ဘောင်သွင်း၍ နိုင်ငံအနှံ့ သံဃာတော်များ ဘုန်းကြီးကျောင်းများသို့ ပေးပို့ လှူဒါန်းမှုများ ပြုလုပ်ပြခဲ့သည်ကို စာဖတ်သူများ
  ပြန်လည် တွေးတော စဉ်းစားနိုင်ကြမည် ထင်ပါသည်။

ဗိုလ်ခင်ညွန်၏ ကလိမ်ဆင် ဇာတ်လမ်းရှည်သည် ၂၀၀၄ ခုနှစ် နိုဝင်ဘာတွင် အဆုံးသတ်သွားပြီး
 နောက် အကြီးမားဆုံးနှင့် ပြောင်မြောက်ဆုံး သံဃာ့ဖိနှိပ် သတ်ဖြတ်ပွဲကြီး ၂၀၀၇ ခုနှစ် စက်တင်ဘာ
 လ ၁၇ ရက်နေ့မှ စ၍ ဒီရေတက်လာသကဲ့သို့ အရှိန်မြင့်လာသည်ကို တွေ့ခဲ့ကြဘူးလေမည်။
 ထိုအချိန်တွင် ၀န်ကြီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီး စိုးဝင်းမှာ သွေးကင်ဆာရောဂါဖြင့် အိပ်ရာထဲတွင် ဘုံးဘုံးလဲနေခဲ့ပြီး ယာယီ ၀န်ကြီးချုပ်အဖြစ် ညောင်နှစ်ပင်ညီလာခံ ဥက္ကဌ ( ညောင်စောင့် ရုက္ခစိုး) ဗိုလ်ချုပ်ကြီး သိန်းစိန်အား အရေးပေါ် နေပြည်တော်မှ ခေါ်ယူကာ တာဝန်ထမ်းဆောင် စေခဲ့ရာ
  နေပြည်တော် စစ်မဟာဗျူဟာ ကွပ်ကဲရေးရုံးတွင် ဗိုလ်ချုပ်ကြီး သိန်းစိန် (ယခု) သမ္မတ ဦးသိန်းစိန်
 သည် ဦးအံ့မောင်နှင့် တွဲဖက်ကာ ၂၀၀၇ ရွှေဝါရောင် ဆရာတော် သံဃာတော်များ ကိစ္စအား ကိုင်တွယ်ဖြေရှင်းရန် မဟာဗျူဟာ ရေးဆွဲချမှတ်ရာတွင် တက်ညီလက်ညီ လုပ်ဆောင်ခဲ့ကြလေသော   သွေးသောက်ရဲဘော်များ ဖြစ်ခဲ့ရပြန်လေသည်။
၁၈ ရက် ဒီဇင်ဘာ (၂၀၀ရ) မဂ္ဂင်ကျောင်းကို စစ်အစိုးရက မတရားပိတ်ပစ်ခဲ့သည်ကို ရုပ်သံမှတ်တမ်း ရိုက်ကူးရန် ကြိုးစားသူများ ဖမ်းဆီးခံရသည်ဟု စာဖတ်သူများ ကြားကြဘူးလေမည်။ ထိုသို့ စွပ်စွဲပြီး အဖမ်းခံရသူများမှာ ဦးရေ ၂၀ ရှိပြီး၊ ဆရာတော် ဘုရားကြီး၏ တပည့်ဖြစ်သူ=အောင်ကြီး နှင့် မြတ်စံ
 ဆိုသူ ၂ ဦး ပါဝင်သည်ဟု မျက်မြင်များက ပြောကြားခဲ့လေသည်။

ကြံ့ဖွံ့ နှင့် စွမ်းအားရှင် စသည့် စစ်တပ် လက်ပါးစေများက ဆရာတော်ကြီးကို ရန်ကုန်နှင့် ၅ မိုင်အကွာ၊ တောင်တွင်းကြီး မြို့သစ်၊ ကျောင်းကုန်းကျောင်း သို့ အငှားယာဉ်ဖြင့် မပို့ပေးမီ အချိန်အထိ၊ မဂ္ဂင်ကျောင်းအနီးရှိ မီးကင်းတဲတွင် ဆရာတော်ကြီးက ၃ ရက် ကျော် သီတင်းသုံးခဲ့ရသည် ဆိုပါသည်။ ကျန်ကိုယ်တော်များကို မိမိတို့ ရပ်ရွာများသို့ အတင်းအကြပ် ပြန်ပို့ ခဲ့လေသည်။
ရပ်ကွက်က လူများက ပစ္စည်း ၄ ပါး ကပ်ကြသော်လည်း ကြံ့ဖွံ့များက ခြိန်းခြောက် တားမြစ် ကြ
ကြောင်း၊ မှတ်ပုံတင် မိတ္တူများ ပေးထားရန် တောင်းကြောင်း၊ ဆရာတော်က ကြံ့ဖွံ့များ ကပ်သည့်
 ဆွမ်းကို မဘုန်းကြောင်း၊ ထိုသို့ နှိပ်ကွပ်မှုကို အနီးကပ် ညွှန်ကြားသူမှာ - စအဖ (စစ်ဖက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့) နှင့် တိုင်းမှူး လှဌေးဝင်း ဖြစ်ကြောင်း နှင့် ထိုအမိန့်အား ဦးအံ့မောင်မှတဆင့် ဗိုလ်ချုပ်မြင့်ဆွေက ဆက်လက် ညွန်ကြားနေကြောင်း ဖြစ်လေသည်။ ထိုအချိန်တွင် ဆရာတော်ကြီးက ဆေးဝါးများ လိုအပ်နေသည်ဟု မိန့်သဖြင့် ကျန်းမာရေး ထိခိုက်နေပုံရပါသည်။ ထိုအချိန်တွင် ဦးအံ့မောင်၏ စေလွှတ်မှုအရ ဒါရိုက်တာ ဇင်ယော် မောင်မောင်တို့အဖွဲ့ရောက်ရှိလာပြီး မဂ္ဂင်ကျောင်းထဲတွင် သံဃာတော်များ မတော်မလျော် လုပ်ကြောင်း ဇာတ်လမ်းများထွင်ကာ
 အတုယောင် မှတ်တမ်းများပင် လာရောက်ရိုက်ကူးခဲ့လေသည်။

၂၇ ရက်နေ့ ည ၁၀ နာရီ ၄၀ စက်တင်ဘာလ (၂၀၀၇ ) ခုနှစ်တွင် ရန်ကုန်မြို့ တောင်ဥက္ကလာပ
  မြို့နယ်အတွင်းမှ ငွေကြာရံကျောင်းတိုက်အား အကြမ်းဖက် အဓမ္မ ၀င်စီးသော ကိစ္စအား ဗျူဟာရေဆွဲချမှတ်သူမှာ ယခု သမ္မတ ဦးသိန်းစိန် ဖြစ်ပြီး ထိုသို့ ၀င်ရောက်စီးနင်းဖမ်းဆီး၍
 လုပ်ဆောင်ရန် အဓိက ချပြသူမှာ ဦးအံမောင်ဖြစ်ခဲ့ပြီး အဆိုပါကျောင်းတိုက်အား စီးနင်းမှုတာဝန်အား တလုံးတ၀ အကောင်ထည်ဖေါ်ခဲ့သူမှာ လက်ရှိ ရန်ကုန်တိုင်း ၀န်ကြီးချုပ် မြင့်ဆွေ ဖြစ်ခဲ့ပြီး ဘုန်းတော်ကြီးများ သံဃာတော် ငယ်များအား ဆောင့်ချောင့်ထိုင်းခိုင်းကာ ဖိနပ်ဖြင့် ဦးခေါင်းတို့အား ရိုက်နှက်ခဲ့သူမှာ လက်ရှိ ကြံဖွတ် အမတ်မင်းကြီး အောင်သိန်းလင်း(ယခင် ၂၀၀၇တွင်) ရန်ကုန်တိုင်း တိုင်းမှူးကြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါကျောင်းတိုက်မှ သံဃာတော် ၃၂ ပါး ဖမ်ဆီးခံခဲ့ရပြီး သံဃာတော် ၁၁ ပါးသာ အကျဉ်းထောင်
သို့  ရောက်ရှိခဲ့သည်။ ကျန်သော သံဃာတော်၂၂ ပါးမှာ ယနေ့ထက်တိုင် ပြောက်ဆုံးနေလေသည်။

ထိုနေ့ ညနေအစေားပိုင်း( ၁၇ စက်တင်ဘာ ၂၀၀၇ ခုနှစ်) တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်
 ပတ်သက်သော အရေးပေါ် သတင်းတပုဒ်အား ယခု ပြည်တွင်းသတင်းဌာနတခုအဖြစ် သွားရောက်လုပ်ကိုင်နေပြီဖြစ်သော မဇ္ဇျိမ သတင်းဌာနတွင် (ယနေ့ညနေ လာအို စံတော်ချိန်
 ညနေ ၆ နာရီတွင် ဗီယန်ကျင်း လေဆိပ်သို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစု၏ လူယုံတော်
 စီးပွားရေး လုပ်ငန်းရှင်ကြီး ဦးတေဇပိုင် အဲယားပုဂံ လေယာဉ် ဆိုက်ရောက်ခဲ့ပြီး ခရီးသည် ၈ ဦး ပါရှိသည်ဟု သိရသည်။

စစ်အစိုးရနှင့် နီးစပ်သည့် သတင်းရပ်ကွက် တခုက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဇနီးနှင့် မိသားစုဝင် အရင်းအချာများ ဖြစ်သည်ဟု ဆိုသည်) ဆိုသော သတင်းအား အတိလင်း တင်ပြခဲ့လေသည်။ အကြောင်းမှာ ဦးအံ့မောင် နှင့် ဗိုလ်ချုပ်သိန်းစိန်တို့ ခြေလွန်လက်လွန် လုပ်ကိုင်ရန် အမိန့်ပေးထားခဲ့ပြီး ပြသနာ ကြီးကြီးမားမား ဖြစ်လာလျှင် ၄င်းနှင့် မသက်ဆိုင်ကြောင်း
  ငြင်းချက်ထုတ်နိုင်ရန် ရှောင်ထွက်သွားသည်ဟု အငြိမ်းစားဗိုလ်မှုကြီး တဦးမှ ၂၀၁၀ ခုနှစ်တွင် စာရေးသူအား ပြောပြခဲ့လေသည်။

ယခုနောက်ဆုံး အကြီးကျယ်ဖြစ်ပွားခဲ့သော လက်ပံတောင်းဒေသအတွင်း မီးလောင်ဗုံးများ ဖြင့် ပစ်ခွင်းခဲ့သော ကိစ္စရပ်တွင်လည်း ဦးအံ့မောင်သည် အဓိက အကြံပေးနေရာမှ ပါဝင်ခဲ့ပြီး ဗမော်ဆရာတော် ဘုရားကြီးမှ ထိုကိစ္စသည် မိမိအနေဖြင့် အလွန် ၀မ်းနည်းရပါကြောင်း ပြောဆိုလေမှ ဦးသိန်းစိန်တို့အစိုးရအဖွဲ့မှ ပြန်လည် တောင်းပန်ရန် ဆရာတော် ၀ီရသူ အား အသုံးချခဲ့ကြောင်း စာရေးသူတွင် ခိုင်မာစွာ အထောက်ထား ရှိပါ၏။
နောက်ဆုံး နေပြည်တော်တွင် လုပ်ငန်း ဦးစီးရေးရုံးဖွင့်လှစ်ထားသော တရုတ်ဝမ်ပေါင်ကုမ္မဏီမှ ဦးအံ့မောင်အား ဒေါ်လာ (ငါးသောင်း)ပေးအပ်၍ လယ်တီဆရာတော် ဘုရားကြီး၏ သိမ်တော်နှင့် စေတီ နှစ်ဆူအား ထိုးချဖြိုဖျက်နိုင်ရန် လဒ်ထိုးခဲ့ကြောင်း ဦးအံမောင်မှ စစ်ဘက်ဆိုင်ရာ ဒုဗိုလ်ချုပ်ကြီး ဝေလွင်နှင့်တွေ့ဆုံကာ ဦးပိုင်အနေဖြင့် ဗမော်ဆရာတော်ဘုရားကြီးထံသို့ သာသနာရေး ၀န်ကြီးဌာနမှ ချင်းကပ်ကာ ဖြိုချဖျက်ဆီးခဲ့ကြောင်း စာရေးသူ တိတိပပ တင်ပြနိုင်ပါသည်။

နေပြည်တော်တွင် အဓမ္မ ဖျက်ဆီးခြင်းခံရသော ဘုန်းတော်ကြီးကျောင်း (၂၇)ကျောင်းရှိပြီး သာသနာရေးဦးစီးဌာနမှ ဦးအံ့မောင်၏ အကြံဥာဏ်ဖြင့် သံဃာတော် ၇ ပါးအား လူဝတ်လဲကာ ယခု တောင်ငူ အကျဉ်းထောင်ထဲသို့ ပို့ဆောင်ခဲ့လေသည်။

စာရေးသူ မှ ဦးအံ့မောင်၏ ယုတ်မာ ကောက်ကျစ် ဆိုးသွမ်းလွန်းသော အကြံဥာဏ်များအား ယခုကဲ့သို့ ဖေါ်ထုတ်ခဲ့ရခြင်းမှာ ဦးအံ့မောင်အား ပုဂ္ဂိုလ်ရေးအရ မုန်းတီးခြင်း မရှိခဲ့ရပေ လက်ရှိ ဖြစ်ပေါ်လာသော ဦးအံ့မောင်၏ လုပ်ကွက်များအား အများပြည်သူ တရပ်လုံး သိရှိနိုင်အောင် အတိုချုံးတင်ပြခဲ့ခြင်းသာဖြစ်သည်။
ဦးအံ့မောင်မှ စာရေးသူ တင်ပြခဲ့မှုများအား မကြေနပ်၍ တုံ့ပြန်ခြေပလိုပါလျင် သက်ဆိုင်ရာ တရားရုံးတခုခုတွင် အများပြည်သူ ကြားနာနိုင်သော တရားစစ် တရားစီရင်မှုများဖြင့် အချိန်မရွေုး လက်ပမ်းမောင်းခတ် စိန်ခေါ်နိုင်ကြောင်းပါ………..

မဟာသန္တိ သုခ ကျောင်းတော်၏ နောက်ကွယ်မှာ အသေးစိတ် ဇာတ်လမ်းအမှန်အား လိုအပ်လျင် ဆက်လက် ထုတ်ဖေါ်တင်ပြသွားရန် စိစဉ်ထားကြောင်း ဦးအံ့မောင် သိစေလိုပါသည်။

ဂိုရှယ်လေး