Saturday, June 21, 2014

သာသနာကို ညိုးနွမ်းစေမှု အတ္တကြီးသူ ဦးအံ့မောင်အား အမြန်ဆုံးအရေးယူရန်လိုအပ်



၂၀၁၄-၆-၂၁
မြန်မာနိုင်ငံသည် ဗုဒ္ဓဝါဒထွန်းကားသော နိုင်ငံဖြစ်၍ မြန်မာတို့သည် အများအားဖြင့် ဗုဒ္ဓဝါဒကို 
ယုံကြည် ကိုးကွယ်ကြပါသည်။ကမ္ဘာပေါ်ရှိ ဘာသာ အယူဝါဒများတွင် မည်သည့် ဘာသာဝါဒသည် စဉ်စားဝေဖန်မှုကို အများဆုံး အားပေးပါသနည်း၊ မည်သည့် ဘာသာတရားသည် လူတို့အား 
အစစအရာရာ စဉ်စားဆင်ခြင်ပြီးမှ လက်ခံယုံကြည်ရန် အများဆုံး ဟောကြားခဲ့ပါသနည်းဟု
 မေးလျှင် ဗုဒ္ဓဝါဒကို ညွန်ပြရပါလိမ့်မည်။ထိုကြောင့် ဗုဒ္ဓဝါဒသည်ကမ္ဘာပေါ်တွင် အမွန်မြတ်ဆုံး
ဘာသာအဖြစ် ထင်ရှားလျှက်ရှိသည်။

 ဗုဒ္ဓဝါဒသည် လွတ်လပ်စွာ စဉ်းစားဝေဖန်မှုကို အားပေးသောကြောင့် ဗုဒ္ဓဝါဒသမိုင်းတွင် ဘာသာရေး စစ်ပွဲစသော အမဲစက်များမရှိဘဲ ဘာသာရေးစိတ်သဘောထားကြီးမှုအတွက် ကမ္ဘာ့စံပြ ပုဂ္ဂိုလ်များ   ပေါ်ထွက်ခဲ့၏။ အသောကမင်းသည် ဘာသာအယူဝါဒ အားလုံး သင့်တင့်ညီညွတ်မှုကို လိုလားကြောင်း ကျောက်စာရေးထိုးခဲ့ပါသည်။ မင်းတုန်းမင်းသည် ခရစ်ယန်သာသနာပြုလုပ်ငန်းကို အားပေးချီးမြှင့်ခဲ့ပါသည်။ စင်စစ် ဘာသာရေး စိတ်သဘောထားကြီးမှုသည် ဗုဒ္ဓဘုရားရှင် အလေး အနက်ဟောတော်မူခဲ့သော တရားဖြစ်ပါသည်။ " ရဟန်းတို့ သူတပါးတို့သည် ငါ၏အပြစ်ကို ဖြစ်စေ တရား၏အပြစ်ကိုဖြစ်စေ သံဃာ၏အပြစ်ကိုဖြစ်စေ ပြောကြသောကြောင့် သင်တို့သည် အမျက်ထွက်
မည် နှစ်လုံးမသာမယာဖြစ်မည်ဆိုလျင် သင်တို့အားသာ အန္တရာယ်ဖြစ်၏။ သင်တို့သည် သူတစ်ပါး
တို့၏ စကားကောင်း စကားဆိုးကို သိနိုင်ကြမည်မဟုတ်။"(ဒီဃနိကာယ် ဗြဟ္မဇာလသုတ်)။

 'ဗုဒ္ဓသာသနာ'ကို မြန်မာလိုပြန်ရင် 'ဗုဒ္ဓရဲ့ အဆုံးအမ' လို့ ပြန်နိုင်ပါတယ်။ 

သဗ္ဗပါပဿ      အကရဏံ၊
ကုသလဿ      ဥပသမ္ပဒါ။
သစိတ္တ ပရိယောဒပနံ၊
ဧတံ ဗုဒ္ဓါန သာသနံ။ ... တဲ့"

"အဲဒီမှာ ဗုဒ္ဓါန သာသနံ-ဆိုတာ ဗုဒ္ဓသာသနာ-ဆိုတာပါပဲ၊ အဲဒီပါဠိကို မြန်မာမပြန်ဘဲ ရှစ်လုံးဘွဲ့နဲ့ ပြန်ကြည့်ရအောင်ပါ။"

အကုသိုလ်စု၊ မပြုရှောင်ခွာ၊
ကုသိုလ်အများ၊ ကြိုးစားစုံစွာ၊
မိမိစိတ်ရင်း၊ ပွတ်ဝင်းဖြူငှာ၊
ဤသုံးပါး၊ ဘုရားသာသနာ။ ... တဲ့"

"ဘုရားသာသနာဆိုတာ ဗုဒ္ဓသာသနာ၊ ဗုဒ္ဓအဆုံးအမကို ခေါ်တယ်၊ ဗုဒ္ဓတိုင်းရဲ့ အဆုံးအမကို
 ခေါ်ပါတယ်။ 

 ဗုဒ္ဓဝါဒသည် လွတ်လပ်၍ တရားမျှတမှုကိုလိုလားသော ၀ါဒဖြစ်ပြီး သတ္တ၀ါအားလုံး အရာခတ်သိမ်း
ငြိမ်းချမ်းစေဖို့  ကောင်းသောအကြံ ကောင်းသောဥာဏ်တို့ ဖြင့် စဉ်းစားဆင်ခြင်ကာ သတ္တ၀ါအားလုံး
ကို ကယ်တင်ဆောင်မတော်မှုလေ၏။ ဗုဒ္ဓရှင်၏ သားတော်များဖြစ်သော ရဟန်းတို့ သည်လည်း 
ဘုရားရှင်၏ ဆိုဆုံးမများနှင့်အညီ သတ္တ၀ါတို့ အား အရာခတ်သိမ်းမှ ကင်းဝေးအောင် ကယ်တင်
ဆောင်မရန် လိုအပ်ပေသည်။ ဗုဒ္ဓဝါဒ နှင့် မကိုက်ညီသော မတရားသော အရာမှန်သမျှကို စဉ်ကျင်
တုံတရားလက်ကိုင်ထားပြီး သံဃာအချင်းချင်း ညီညီညွတ်ညွတ်ဖြင့် စုပေါင်းကာ အဓမ္မအရာများကို အားမပေးဘဲ ဓမ္မနည်းဖြင့် သာသနာကို ထိမ်းသိမ်းစောင့်ရှောက်ရန်လိုအပ်ပေသည်။

  မဟာသန္တိသုခ ကျောင်းတိုက်မှ သံဃာ ၅ပါးကို တရားစွဲဆိုရန် ညွန်ကြား ချက်မပါဘဲ မဟနနှင့် တိုင်းအစိုးရက ပုဒ်မ ၂၉၅ က တရားစွဲဆိုထားကြောင်း တရားလို(အစိုးရ)က ၀န်ခံပြောဆိုခဲ့ပါတယ်။
ဥပဒေကြောင်းအရ မှန်မှန်ကန်ကန်ပြုလုပ်ခြင်းမဟုတ်ဘဲ မိမိတို့ ၏ ပါဝါ အာဏာကို အလွဲသုံးစား
ပြု၍ ပြည်သူတွေကို ဖိနှိပ့်ခြင်းသည် ဥပဒေချိုးဖေါက်ခြင်းဖြစ်၍ အစိုးရအနေဖြင့် အမြန်ဆုံး
အရေးယူဆောင်ရွက်ရမည်။

 မဟာသန္တိသုခ ကျောင်းတိုက်ကို ပိနန်ဆရာတော်ကြီး ကျောင်းပိုင်ဆိုင်ကြောင်း အထောက်
အထားများ လက်ဝယ်ရှိပါလျှက်နဲ့  ဥပဒေကြောင်းအရ ပွင့်လင်းမြင်သာစွာ ဆုံးဖြတ်ခြင်းမျိုးမဟုတ်ဘဲ   နိုင်ငံတော်မှ သံဃမဟာနာယက အဖွဲ့ထံသို့ နိုင်ငံတော် အကြီးအကဲများက ရေစက်ချ လှူဒါန်းထားခြင်းကြောင့် ပီနန်ဆရာတော်ကို ပြန်လည်လွှဲအပ်ရန်မဖြစ်နိုင်ဟုဆိုသည်။သမ္မတ 
သာသနာရေးအကြံပေး ဦးအံ့မောင်မှ သတင်းစာရှင်လင်းပွဲ ပြုလုပ်ခဲ့ရာ မကျေနပ်လျှင် တိုင်ချင်
တဲ့ရှိသွားတိုင်လို့  သမ္မတ အကြံပေးက ပြည်သူကို လူမိုက်စကားဖြင့် စိန်ခေါ်ခဲ့သည်။ 
သမ္မတ အကြံပေးများ ရိုင်းစိုင်းစွာ ပြောဆိုဆက်ဆံမှုအား ပြည်သူများအနေဖြင့်
လုံးဝလက်မခံနိုင်ပါ။

မြသိန်း