၂၀၁၄-၅-၁၅
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းဆောင်ရွက်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၄၃၆)ပြင်ဆင်ရေး လူထုဟောပြောပွဲ
( ရန်ကုန်တိုင်း) အား ၁၇၊ ၅၊ ၂၀၁၄ ရက်နေ့ နံနက် ၈:၃၀ နာရီ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန်ကွင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ ယင်းလူထုဟောပြောပွဲသို့ တက်ရောက်၍ သတင်းရယူလိုသော မီဒီယာများအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရုံးချုပ်တွင် ၁၆၊ ၅၊ ၂၀၁၄ ရက်နေ့ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း ၀င်ခွင့်ကဒ်ပြားများ လာရောက်ထုတ်ယူပေးကြပါရန် လေးစားစွာပန်ကြားအပ်ပါသည်။
မီဒီယာတိုက်များအနေဖြင့် တစ်တိုက်လျှင် (၂ )ဦးကျစီ မိမိတို့သက်ဆိုင်ရာမီဒီယာတိုက်၏ မီဒီယာကဒ်ပြားများပြသပြီး ၀င်ခွင့်ကဒ်ပြားများထုတ်ယူကြစေလိုပါသည်။
သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းကော်မတီ
ရန်ုကုန်တိုင်း ပူးပေါင်းကော်မတီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)