Wednesday, May 28, 2014

၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး နံမည်ကျော် ပြည်သူချစ်သော အနုပညာရှင်များ ပူးပေါင်းပါဝင်

၂၀၁၄-၅-၂၈
 ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ - ၄၃၆ ပြင်ဆင်ရေး ပြည်သူချစ်သော
ဘက်ပေါင်းစုံမှ အနုပညာရှင်များ လက်မှတ်ရေးထိုးခဲ့ကြသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်
 ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ပူးပေါင်းဆောင်ရွက်သော
၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ - ၄၃၆ ပြင်ဆင်ရေးသည် တိုင်းပြည်အတွက်
အရေးကြီးသော ကဏ္ဍတစ်ခုဖြစ်သည်။ ပြည်သူပြည်သားတို့ သည် မိမိတို့ ၏ အခွင့်အရေးများကို
ဥပဒေ စိုးမိုးမှုအောက်တွင် နိုင်ငံရေး၊စီးပွားရေး၊ပညာရေး၊ကျမ်းမာရေး လူမှုရေးစသည့်
လူမှုပါတ်ဝန်းကျင်တွင် လုံခြုံစိတ်ချစွာ ဘ၀ရပ်တည်နိုင်ရေးအတွက် အာမခံချက်ရှိသည့်
ဥပဒေစိုးမိုးမှု၏ အကာအကွယ်ကို တန်းတူညီမျှ အတူတကွ ရရှိနိုင်ရေးသည် အရေးကြီးပေသည်။

အာဏာရှင် စနစ်အောက်တွင် ပြည်သူများ နှစ်ပေါင်း ၅၀ ကျော် မတရားသော ဥပဒေများ
ဖြင့် ဖိနှိပ့်ခြင်းခံနေရပြီး တိုင်းရင်းသား လူမျိုးစုအားလုံး စစ်ကျွန်ဘ၀ရောက်ရှိနေကြရသည်။
အစိုးရ အုပ်ချုပ်ရေးအဖွဲ့  အသီးသီးတွင် စစ်ဗိုလ်ချုပ်ဟောင်းများ ၈၀% ပါဝင်နေပြီး အထူးအခွင့်
အရေးများရရှိနေခြင်းသည် စစ်မှန်သော ဒီမိုကရေစီနိုင်ငံ ထူထောင်ရန် မဖြစ်နိုင်သောကြောင့်
 ၂၀၀၈ အခြေခံဥပဒေကို ဒီမိုကရေစီစံနှုန်းများနှင့်အညီ ပြင်ဆင်နိုင်မှသာ တိုင်းပြည်သည်
 စစ်မှန်သောဒီမိုကရေစီ နိုင်ငံကို ထူထောင်နိုင်မည်ဖြစ်သောကြာင့် အလုပ်သမား၊လယ်သမား၊
 ရဟန်းရှင်ကျောင်းသားပြည်သူများ၊ ရှေ့ နေအဖွဲ့ အစည်းများ၊ဂီတ သဘင် အနုပညာရှင်များ၊
လူမှုအဖွဲ့ အစည်းများ၊၀န်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ ကျယ်ကျယ်ပြန့် ပြန့်  ပါဝင်လာ
နေကြပြီး  ခေတ်ဟောင်းဖိနှိပ့်မှုစနစ်အောက်မှ နိုင်ငံတကာစံနှုန်းများကို အခြေခံသည့်
 ခေတ်သစ်အမြင် အယူအဆများ ကြီးထွားလာနေပြီး စစ်မှန်သော ဒီမိုကရေစီနိုင်ငံထူထောင်ရေး
 ပြည်သူများအကြား သမိုင်းပေးတာဝန်တစ်ခုအဖြစ် ခံယူကာ ဒီမိုကရေစီအင်အားစုများနှင့်အတူ
ပူးပေါင်းပါဝင်လာနေကြသည်။