၂၀၁၄-၅-၂၈
ယနေ့ မေလ ၂၈ ရက် နံနက် ၁၀း ၀၀ နာရီအချိန်က ကရင်ပြည်နယ၊် ဖားအံမြို့၊ အမှတ် ၎
ရပ်ကွက် ၊ သီရိလမ်းရှိ ကန်သာဦး ခန်းမတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) တို့၏ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ
ပုဒ်မ - ၄၃၆ ပြင်ဆင်ရေး ဖားအံမြို့ လူထု ဟောပြောပွဲ နှင့် လက်မှတ်ရေးထိုးခြင်းကို
ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုဥပဒေ အထောက်အကူပြု အဖွဲ့ဝင်၊ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ - ၄၃၆ နှင့်
ဥပဒေဆိုင်ရာများကို ရှင်းလင်းသွားခဲ့သည်။ ထို့နောက် ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ မင်းကိုနိုင်နှင့် ကရင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဥက္ကဋ္ဌ ဒေါ်နန်းခင်ထွေးမြင့် တို့က ပုဒ်မ - ၄၃၆ ပြင်ဆင်ရေးကိစ္စများကို ဟောပြောခဲ့ကြသည်။
နောက်ဆုံးအဖြစ် ဖားအံခရိုင် အမျိုးသားဒီမိုကရေစီ ဥက္ကဋ္ဌ ဦးသန်းနိုင်က ပုဒ်မ - ၄၃၆ ပြင်ဆင်ရေး
အတွက် လှုပ်ရှားမှုများဖော်ဆောင်မှု၊ ဆန္ဒဖော်ထုတ် လက်မှတ်ရေးထိုးကြမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသွားခဲ့ပြီး အခမ်းအနားကို နံနက် ၁၁း ၃၀ နာရီတွင် အောင်မြင်စွာ
ရုတ်သိမ်းခဲ့ကြသည်။