၂၀၁၄-၅-၂၉
သာသာနာရေး ဝန်ကြီးဌာနမှ ရေးဆွဲထားပြီး လွှတ်တော်သို့ တင်သွင်းမည့် ဘာသာကူးပြောင်းခြင်း
ဆိုင်ရာ ဥပဒေမူကြမ်းတွင် ဘာသာသာသနာကို ဖျက်ဆီးရန် ရည်ရွယ်၍ ကိုးကွယ်ရာဘာသာ ကူးပြောင်းပါက ထောင်ဒဏ် ၂ နှစ်ချမှတ် နိုင်သောပုဒ်မများ ထည့်သွင်း ရေးဆွဲထားကြောင်း
ယနေ့ (မေလ ၂၇ရက်နေ့) ထုတ် နိုင်ငံပိုင် သတင်းစာများမှ တစ်ဆင့် သာသနာရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့် အဆိုပါ ဥပဒေမူကြမ်းတွင် ဖော်ပြထားချက်အရ သိရသည်။
အဆိုပါ ဥပဒေမူကြမ်းတွင် ဘာသာသာသနာကို စော်ကားရန်၊ အကြည်ညို ပျက်စေရန်၊ ဖျက်ဆီးရန် (သို့မဟုတ်) အလွဲသုံးစားပြုရန် အကြံဖြင့် ဘာသာကူးပြောင်းပါက ၂ နှစ်ထက်မပိုသော ထောင်ဒဏ်
နှင့် ကျပ်နှစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ထည့်သွင်း ရေးဆွဲထားကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော်မတီဝင် ဦးစောလှထွန်းက ပြောကြားသည်။ဘာသာသာသနာကို ဖျက်ဆီးရန် ဘာသာကူးပြောင်းပါက ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်မည့် ဥပဒေကြမ်း အစိုးရ ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံသည် ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံနေထိုင်သောနိုင်ငံဖြစ်သည်။မည်သည့်လူမျိုး
မည်သည့်ဘာသာကိုမျှ ဘက်လိုက်ခြင်း ပျက်ဆီးအောင်ဆောင်ရွက်ခြင်းမလုပ်သင့်ပေ၊လူသားတိုင်း မွေးရာပါအခွင့်အရေး၊ဘာသာရေးလွတ်လပ်ခွင့် လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့် အပြည့်ရှိရမည်။
တိုင်းရင်းသားတောင်တန်းဒေသများတွင် တိုင်းရင်းသားများကိုယ်ကွယ်ကြသည့် ခရစ်ယန်ဘာသာ
ဝင်တို့ ၏ ကျောင်းများ သင်ချို င်္များကို အာဏာရှင်အစိုးရလက်ထက် ဖျက်ဆီးခြင်းခံခဲ့ရ၍ ဘာသာရေးလွတ်လပ်ခွင့် မရှိသောနိုင်ငံအဖြစ် ကမ္ဘာမှ သတ်မှတ်ခြင်းခံခဲ့ရသည်။ယခုတဖန်
အစိုးရက အမျိုးဘာသာ သာဿနာအဖွဲ့ ကြီးမှ တင်ပြလာသော မျိုးစောင့်ဥပဒေကို အတည်ပြုရန် သမ္မတကြီးကိုယ်တိုင်က ကြိုးစားဆောင်ရွက်နေခြင်းသည် မြန်မာနိုင်ငံအဖို့  ဘာသာရေးလွတ်လပ်
ခွင့်ကို ပိတ်ပင်ရာရောက်ပေသည်။
လူသားတိုင်းသည် မွေးရာပါအခွင့်အရေးအရ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိရမည်။ဘာသာကူးပြောင်း
ခြင်းဆိုင်ရာ ဥပဒေသည်လည်း မိမိဆန္ဒအရ ဘာသာကူးပြောင်းခြင်းကို လက်ခံနိုင်ရမည်။အဆိုပါ ဥပဒေမူကြမ်းတွင် ဘာသာသာသနာကို စော်ကားရန်၊ အကြည်ညို ပျက်စေရန်၊ ဖျက်ဆီးရန်
(သို့မဟုတ်) အလွဲသုံးစားပြုရန် အကြံဖြင့် ဘာသာကူးပြောင်းပါက ထောင်ဒဏ် ၂ နှစ်အထိ
ချမှတ်နိုင်သည်ဆိုထားသည်။ ထိုဥပဒေ၏ အဓိပ္ပါယ်သည် တမျိုးမဟုတ်တမျိုးဖြင့် ညှိစွန်းအောင်
ဆောင်ရွက်နိုင်သော သဘောကိုဆောင်နေသည်။ယနေ့ အထိ မြန်မာနိုင်ငံ၏ တရားရေး မဏ္ဍိုင်
သည် ယိမ်းယိုင်နေပြီး ငွေများတရားနိုင် ဆိုသလိုဖြစ်နေသည်။ တရားရေး မဏ္ဍိုင်ကို တည့်မတ်
အောင်မဆောင်ရွက်ပဲ ဥပဒေတွေသာ ထပ်ထပ်ပြီးတိုးနေသည်မှာ ပလိုင်းပေါက်နှင့် ဖားကောက် သလိုဖြစ်နေသည်။
ထိုသို့ ပြောရခြင်းသည် ယခင်သာဓကများရှိသောကြောင့်ဖြစ်လေသည်၊ အစိုးရအနေဖြင့်
မိမိအလိုရှိပါက ဗုံးဖေါက်ကွဲသူ၊အကြမ်းဖက်သူ၊မတရားအသင်းဖြင့်ဆက်သွယ်သူ၊အမျိုးမျိုးသောပုံစံဖြင့် နှစ်ပေါင်းများစွာ ဖမ်းဆီးအရေးယူခံရသူများရှိခဲ့သည်၊ ဘ၀တွေ ပျက်ဆီးခဲ့ရသူများ မြန်မာနိုင်ငံတွင် အများအပြားရှိသောကြောင့် အစိုးရအားအယုံအကြည်မရှိ
ဖြစ်သည်။ (ဘာသာသာသနာကို အကြည်အညိုပျက်အောင်ပြုလုပ်သည်ဟု အထောက်အထားများ
နှင့် ထင်ရှားစွာတွေ့ ရှိပါက ထိရောက်စွာအရေးယူမည်ဟုပြဌာန်းခြင်းက ပို၍သင့်တော်မည်)
ဖြစ်သည်။
အစိုးရအနေဖြင့် နိုင်ငံတကာနှင့် ဆက်ဆံကာ တိုင်းပြည်၏ အနာဂတ်ကို ဆောင်ရွက်နေရ
သောကြောင့် နိုင်ငံတကာ၏ ဥပဒေများ၊လူ့ အခွင့်အရေးများ၊ဘာသာ သာဿနာ၏ အခွင့်အရေး များကို လေ့လာသုံးသတ်၍ မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို ထောက်ရှု့ ၍ ဆောင်ရွက်သင့်သည်
‘ဂလိုဘယ်ဇေးရှင်း(Globalization) ဆိုသည်မှာ လူသားတို့၏ အပြန်အလှန် ကူးလူးဆက်ဆံမှု
များအားကောင်း သန်စွမ်းလာသည့် သဘောပင်ဖြစ်သည်။’ ကမ္ဘာကြီးသည် ကွန်ယက်ကြီးသဖွယ်
ဆက်စပ် ဆက်နွယ်မှုရှိနေပြီး မိမိတနိုင်ငံတည်းရပ်တည်ရန်ဟူသော အယူအဆသည် တစ်ဖြေးဖြေး
ပျောက်ကွယ်လာနေပြီး အာဏာရှင်စနစ်သည်လည်း မှေးမှိန်ပျောက်ကွယ်လာနေလေသည်။
ခေါင်းဆောင်များ အမြင်ကျဉ်းမြောင်းသော အယူအဆများ ပျောက်ဖျက်ဖြစ်ရမည်။ တဇွတ်ထိုး၊တဇောက်ကန်း မလုပ်သင့်ပေ၊ထိုသို့ လုပ်ခဲ့သောကြောင့် ရှေ့ သာဓကတွင် မြန်မာနိုင်ငံသည် လူ့ ဘုံအလည် မရပ်တည်နိုင်ဘဲ အထီးကျန်နိုင်ငံအဖြစ်ရပ်တည်ခဲ့ရပြီး နိုင်ငံသည်လည်း အဆင်းရဲဆုံးနိုင်ငံအဖြစ်ရောက်ရှိကာ နိုင်ငံရပ်တည်နိုင်ရေးအတွက် နိုင်ငံ၏ သယံဇာတများကို တရုတ်လက်ထိုးအပ် ရောင်းစားခဲ့သော အာဏာရှင်အစိုးရ၏ လုပ်ရပ်ကြောင့် ယနေ့ တိုင်
တိုင်းပြည်နှင့် ပြည်သူများ ဒုက္ခအမျိုးမျိုးနှင့်ရင်ဆိုင်ခဲ့ရပြီး တိုင်းပြည်မဖွင့်ဖြိုးမတိုး
တက်သော ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဖြစ်ခဲ့ရလေသည်။
အာဏာရှင်တို့ ၏ အကျင့်ဆိုး၊စနစ်ဆိုးများသည် တဖြေးဖြေးနှင့် ယဉ်ကျေးသော လူမှုအသိုင်း
အ၀ိုင်းမှ ပျောက်ကွယ်လာနေပြီး မြန်မာနိုင်ငံကဲ့သို့  ဒီမိုကရေစီအရေခြုံ ဗိုလ်ချုပ်ဟောင်းများ
၏ ကြီးဆိုးမှု အရှိန်အ၀ါသည်လည်း ကမ္ဘာ့အလည်တွင် ပျောက်ကွယ်လာနေပြီဖြစ်သည်။ထို့ 
ကြောင့် ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်ရေးအတွက် ပြည်သူများသည်လည်း အသိပညာ
အတတ်ပညာများ တစ်ဆတစ်ဆ တိုးပွားလာနေပြီး မတရားတဲ့ ဥပဒေတွေနဲ့  အုပ်ချုပ်မှုကို
ပြည်သူများမှ ဆန့် ကျင်လျှက်ရှိရာ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဒီမိုကရေစီတောင်းဆိုမှုများ
ကျယ်ကျယ်ပြန့် ပြန့် ဖြစ်ပေါ်လျှက်ရှိသည်။ မြန်မာနိုင်ငံသည်လည်း ဒီမိုကရေစီပြုပြင်ပြောင်း
လဲရေးလမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီး စစ်မှန်သော ဒီမိုကရေစီရရှိရေးနှင့် ပြည်တွင်း
ငြိမ်းချမ်းရေး၊တရားဥပဒေစိုးမိုးရေးတို့ ကို လိုလာနေကြသည်။အစိုးရ၏ နိုင်ငံရေးလှည့်ကွက်
ဖြစ်သည့် အမျိုးဘာသာ သာဿနာအဖွဲ့ ကြီးနှင့် ဘာသာရေးမှိုင်းတိုက်မှုသည် နိုင်ငံရေး
အမြတ်ထုတ်လိုသောကြောင့် ပြည်သူတွေကို သွေးဆူလာအောင် နည်းအမျိုးသုံး၍ ပြုလုပ်နေပြီး
အာဏာသိမ်းရန် အစီအစဉ်များဖြင့် ကြိုးစား၍ မဖြစ်နိုင်တော့ပေ၊ ပြည်သူများသည် ဒီမိုကရေစီ
ခေတ်အဆက်ဆက်၏ အတွေ့ အကြုံများကြောင့် ပြည်သူတွေ နှိုးကြားလာစေရန် လှုပ်ရှားမှုများဖြင့်
ပြည်သူ့ ဆန္ဒကို အကောင်အထည်ဖော်နိုင်ရန် ကြိုးစားလာနေကြသည်။ ၂၀၀၈ အခြေခံဥပဒေ
ပြင်ဆင်ရေးတွင် ဘက်ပေါင်းစုံမှ ပြည်သူများ ပူးပေါင်းပါဝင်လျှက်ရှိနေသည်။
အမျိုး ဘာသာ သာဿနာ စောင့်ရှောက်ရေးအဖွဲ့ ကြီးမှ ပြည်သူတို့ ၏ အခက်အခဲများကို ဖြေရှင်းပေးခဲ့ခြင်းမရှိသလို၊ ကြံခိုင်ဖွံ့ ဖြိုးရေးပါတီမှ ဘာသာရေးကို ခုတုံးလုပ်ပြီး မဲဆွယ်စည်းရုံး
ခဲ့ခြင်းသည် ဥပဒေချိုးဖေါက်ခြင်းဖြစ်သည်။
မြသိန်း