Thursday, May 29, 2014
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အခြေခံဥပဒေမှ အပ်နှင်းထားသည့် အာဏာအား မှားယွင်းစွာ ကျင့်သုံး
၂၀၁၄-၅-၂၈
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က (၂၂၊၅၊၂၀၁၄) ရက်စွဲဖြင့် ဖွဲ့ စည်းပုံအခြေခံဥပေဒေနှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပါ ပြဌာန်းချက်များကို သတိပြုလိုက်နာ ဆောင်ရွက်ရေး
အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ထံသို့ လိပ်မူပြီး သတိ ထောက်လွှာပေးပို့ ခြင်းသည် ဖွဲ့ စည်းပုံ အခြေခံဥပဒေမှ ပြည်ထောင်စုရွေးကောက်ပွဲ
 ကော်မရှင်ထံ သို့ အပ်နှင်းထားသည့် အာဏာ အား အလွဲသုံးစားပြုကျင့်ခြင်းဖြစ်သည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေပုဒ်မ ၁၀ (ဌ) တွင် ကော်မရှင်သည် နိုင်ငံရေး
ပါတီများ မှတ်ပုံတင်ခြင်းဥပဒေ နှင့်အညီနိုင်ငံရေးပါတီများကို မှတ်ပုံတင်ခြင်း၊ ကြီးကြပ်ခြင်းနှင့်
ကြီးကြပ်စေခြင်းတို့ ကို ပြုလုပ်နိုင်သည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွင် ပုဒ်မ ၆ (ခ ) တရားဥပဒေစိုးမိုးရေးနှင့်အေးချမ်းသာ ယာရေးကိုထိန်းသိမ်းစောင့်ရှောက်ရေး၊ ပုဒ်မ ၆(ဂ) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လေးစားလိုက်နာရေး ဟူ၍ ပါရှိပါသည်။
ပြည်ထောင်စု ရွေးကော်ပွဲ ကော်မရှင် ဥပဒေတွင်၎င်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွင်
 မိမိဧ။် ယုံကြည်ချက် ထင်မြင်ယူဆချက်များကို လွတ်လပ်စွာထုတ်ဖော် ပြောဆိုနေသူများအား
 သတိထောက်လွှာ ပေးပို့ နိုင်သည့် အခွင့်အာဏာပေးထားခြင်းမရှိပါ။
ထို့ ပြင် နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးပါတီများဧ။် ခေါင်းဆောင်များဧ။် လုပ်ကိုင်ဆောင်ရွက်မှုများ
သည် ဖွဲ့ စည်းပုံအခြေခံဥပဒေ ဘောင်ကို ကျော်လွန်ခြင်း ရှိ မရှိဆိုသည်ကိုဆုံးဖြတ်ရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အား မည်သည့် ဥပဒေ ကမှ အာဏာ အပ်နှင်းထားခြင်း
မရှိပါ။
ပြည် ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေတွင် ကော်မရှင်သည် ရွေးကောက်ပွဲများကျင်းပ
ရာတွင် ဥပဒေပြဌာန်းချက်များနှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲ
 ဖြစ်ပေါ်ရေးကို တာဝန်ခံဆောင်ရွက်ရန်သာ ဖြစ်သောကြောင့် ပြည်ထောင်စုရွေးကောက်ပွဲ
 ကော်မရှင်တွင် တပ်မတော်သားများ ဧ။် ကိုယ်စား သတိပေးထောက်လွှာပေးပို့ နိုင်သည့် အခွင့်အာဏာလည်း မရှိပါ။
အရေးကြီးဆုံး အချက်မှာ ဒေါ်အောင်ဆန်းစုကြည်ဧ။် တပ်မတော်သားများသို့ တိုက်တွန်းချက် (သို့ ) စိန်ခေါ်ချက်မှာ ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတွင် တပ်မတော်သားများ ပါဝင်နိုင်ရန် ၊
 တပ်မတော်ဧ။် သိက္ခာ ကို မြှင့်တင်နိုင်ရန် ကောင်းသော ရည်ရွယ်ချက်ဖြင့် တိုက်တွန်း (သို့ ) စိန်ခေါ်ခြင်းဖြစ်ကြောင်း သိသာ ထင်ရှားနေသည့်အပြင်၊ ဒေါ်အောင်ဆန်းစုကြည်သည်
တပ်မတော်သို့ တိုက်ရိုက်ပြောကြားခြင်းဖြစ်ပြီး၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အား
 ပြောကြား ခြင်းမဟုတ်သောကြောင့်ယခုကဲ့သို့ ကြားမှ နေ၍ သတိထောက်လွှာပေးပို့ ခြင်းသည် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဖွဲ့ စည်းပုံ အခြေခံဥပဒေ မှ အပ်နှင်းထားသည့်
အာဏာကို အလွဲသုံးစား ပြုကျင့်ခြင်းဖြစ်သည့်အပြင် ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေက ခွင့်ပြုထားသည့်ဘောင်ကို ကျော်လွန်လုပ်ဆောင်သူမှာ ပြည်ထောင်စု ရွေးကောက်ပွဲ
 ကော်မရှင်သာ ဖြစ်ကြောင်းသိစေအပ်ပါသည်။