၂၀၁၄-၅-၂၁
ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံမှာရှိတဲ့ ကျောင်းသားတွေအတွက် ဒေါ်လာ သန်း ၁၀၀ ပညာရေး ထောက်ပံ့ကူညီမှု ပေးမယ့် စီမံကိန်းကို ကြေညာလိုက်ပါတယ်။ဒီစီမံကိန်းကို ကမ္ဘာ့ဘဏ် အမှု
ဆောင် ညွှန်ကြားရေးမှူး ဘုတ်အဖွဲ့က မေ ၂၀ ရက်နေ့မှာ အတည်ပြုလိုက်တာဖြစ်ပြီး ဒီစီမံကိန်းက ပညာရေးဝန်ကြီးဌာနကို တိုက်ရိုက်ထောက်ပံ့သွားမှာ ဖြစ်ပါတယ်။ ဒီစီမံကိန်းကနေ မြန်မာ
ကျောင်းသား ၈ ဒဿ မ ၂ သန်းဟာ အကျိုးခံစားရမှာ ဖြစ်သလို ဆင်းရဲနွမ်းပါးတဲ့ ကျောင်းသား ၁ သိန်းကျော်ဟာလည်း ကျောင်းတက်ဖို့အတွက် ထောက်ပံ့ကြေးတွေ ပေးသွားမယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ရေးပါတယ်။
နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ဒေါ်လာ သန်း ၈၀ နဲ့ သြစတြေးလျ အစိုးရက ဒေါ်လာ
သန်း ၂၀ ထောက်ပံ့ပေးမှာဖြစ်ပြီး ဒီငွေတွေကို ပညာရေး ၀န်ကြီးဌာနမှတဆင့် နိုင်ငံတ၀န်း
ကျောင်းတွေကို ထောက်ပံမှာဖြစ်တယ်လို့ သိရပါသည်။ တခြားနိုင်ငံများမှလည်း ပညာရေးထောက်ပံ့
ကူညီမှုများရှိနေသည်။မြန်မာနိုင်ငံတ၀န်းရှိ ကျောင်းများ မိမိတို့ ကျောင်းရှိ ကျောင်းသားများအား
ပညာရေးထောက်ပံ့ရန်အတွက် အစိုးရထံ တင်ပြ၍ ငွေကြေးထောက်ပံ့မှုကို ရယူနိုင်ပါသည်။
အရွယ်မရောက်သေးသူဦးရေ၏ ၅၀ % သည် ပညာမသင်နိုင်သော ကျောင်းသားသူငယ်
များဖြစ်ကြသည်။မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကျောင်းပြုသူ
၂၄%သည် ဆင်းရဲကြသူများဖြစ်ကြသည်။
၂၀၁၄ ခုနှစ် အခြေခံစာတတ်မြောက်ရေး လှုပ်ရှားမှု ဂုဏ်ပြုပွဲ အခမ်းအနားကို ၁၅-၅-၂၀၁၄
တွင် မန္တလေးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တက်ရောက်ကာ
တိုင်းပြည်ရဲ့ အနာဂတ်ဟာ လူငယ်တွေလက်ထဲမှာရှိတယ် စာပေတတ်မြောက်ရေးဟာ အမျိုးသားရေးတာဝန်ဖြစ်ပါတယ်လို့ ထိုကဲ့သို့  အမှာစကားပြောကြားခဲ့သည်။ထိုကြောင့် အစိုးရမှ နိုင်ငံတစ်စာတတ်မြောက်ရေးနှင့် ပညာရေးမြှင့်တင်သောအားဖြင့် သမ္မတကြီး၏ မိန့် ခွန်းနှင့်အညီ အခြေခံပညာတတ်မြောက်ရေး
အတွက် အခမဲ့ပညာရေးစနစ်ကို နိုင်ငံတော်မှ ဆောင်ရွက်သင့်ပေသည်။ အစိုးရအနေဖြင့်
အရင်းမစိုက် လှေထိုးလိုက်၊ ရွာသားကောင်းမှူ သူကြီးဘုရားတည် မဖြစ်စေရ။နိုင်ငံတကာမှ ကူညီထောက်ပံ့ငွေများကို စာရင်းချုပ်၍ ပွင့်လင်မြင်သာမှုရှိစေရန်နှင့် ကောင်းမွန်သော
အစိုးရဖြစ်ရအောင် နိုင်ငံတကာမှဝင်ငွေနှင့်အသုံးစရိတ် ထွက်ငွေများကို ဘဏ္ဍာရေး
နှစ်ချုပ်တွင် စာရင်းဇယားများနှင့်တကွ သက်ဆိုင်ရာဝန်ကြီးဌာနများမှ နိုင်ငံတော်ကို
လွှတ်တော်မှတဆင့် တင်ပြအစီရင်ခံရမည်။နိုင်ငံတကာအစိုးရများမှလည်း မိမိတို့ 
ကူညီခဲ့ထောက်ပံ့ငွေများ ပြည်သူ့ ထံ မှန်မှန်ကန်ကန် ရောက်ရှိခဲ့သလားဆိုတာကို
စစ်ဆေးမေးမြန်းရန် တာဝန်ရှိသည်။
နိုင်ငံတကာမှရရှိသောငွေများကို အစိုးရမှ စာရင်းပျောက်လုပ်ခဲ့တာ ကြာနေပြီဖြစ်သောလည်း
ယနေ့ အထိ ရှင်းရှင်းလင်းလင်း ပြည်သူတွေကို တင်ပြခြင်းမရှိသေပေ။နေပြည်တော်တည်ဆောက်
မှု ကုန်ကျငွေကို သတင်းထောက်များမှ တာဝန်ရှိသူ သမ္မတ အကြံပေးအား မေးမြန်းခဲ့ရာ
ခြိမ်းခြောက်ခံခဲ့ရသည်။
မြသိန်း