Monday, May 19, 2014

တောင်သူလယ်သမားကြီးများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥပဒေပညာရှင်များတွေ့ဆုံ

၂၀၁၄-၅-၁၉
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥပဒေပညာရှင်များဖြစ်ကြသည့်၊ ဦးဥာဏ်ဝင်း၊ ဦးထွန်းထွန်းဟိန်၊ဦးကျော်ဟိုး၊          ဦးအောင်သိန်း၊ ဦးကြည်ဝင်း၊ ဦးဌေးဦးနှင့် အဖွဲ့ ချုပ်တောင်သူလယ်သမားရေးရာ ကော်မတီဥက္ကဌ ဦးညီပုတို့  သည် ၀ါးခယ်မ၊ ပန်းတနော်၊ သဲကုန်း၊ ဖျာပုံ၊ ထန်းတပင်၊ ဗိုလ်တစ်ထောင်၊ ပုဇွန်တောင်၊ နတ်တလင်း မြို့ နယ်များရှိ အဓမ္မ လယ်ယာမြေသိမ်းဆည်းမှုများတွင် အကူအညီပေးနိုင်ရန်အတွက် မေလ(၁၈)ရက်၊၂၀၁၄ခုနှစ်တွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ တောင်သူလယ်သမားကြီးများနှင့် တွေ့ဆုံခဲ့ပြီး တောင်သူလယ်သမားများ၏လယ်သိမ်းမှုဖြစ်စဉ်အသေးစိတ်များကို မေးမြန်းခဲ့သည်။
လယ်ယာမြေအသိမ်းခံ တောင်သူဦးကြီးများနှင့် ဆွေးနွေးအပြီးတွင် အဖွဲ့ ချုပ်ဥပဒေပညာရှင် ဦးကျော်ဟိုးက                  အထက်ပါ လယ်ယာမြေပြဿနာများအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် မြို့  နယ်အလုပ်မှုဆောင်အဖွဲ့  များနှင့် ပူးပေါင်းပြီး အကူအညီပေး ဆောင်ရွက်ပေးမည့် အကြောင်း ပြန်လည်ပြောကြားခဲ့သည်။