Tuesday, May 20, 2014

စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး တောင်းဆိုဆန္ဒပြ


၂၀- ၅-၂၀၁၄ ရက်နေ့
ဒီကနေ့  စစ်ကိုင်းတိုင်း စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်
၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းတို့မှ ပူးပေါင်းပြီး ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွေထဲမှ
ပုဒ်မ ၄၃၆၊ အပါအ၀င် ပုဒ်မ ၅၉ (စ)၊ (ဃ) ပြင်ဆင်ရေး ဆန္ဒဖေါ်ထုတ်ခဲ့ခြင်း။

ပြည်သူတွေ အမြို့ မြို့ အနယ်နယ်မှာ  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး တောင်းဆိုဆန္ဒထုတ်ဖော်ပွဲများကို ကျင်းပပြုလုပ်လျှက်ရှိသည်။NLD နှင့် 88 တို့ ပူပေါင်း၍
၂၀၀၈ အခြေခံ ဥပဒေပြင်ဆင်ရေးနှင့် ပါတ်သက်ပြီး ပြည်သူတွေကို အသိပညာတိုးပွားစေရန်
 လက်ကမ်းစာဆောင် ဖြန့် ချိရေးကို တနိုင်ငံလုံးတပြေးညီ ဖြစ်အောင်စီစဉ်၍ ၂၀၁၅ မတိုင်မှီ ပြင်ဆင်နိုင်ရန်အတွက် အမြို့ မြို့ အနယ်နယ်မှ ပြည်သူများအား ပညာပေး နှိုးဆော်သည့်အနေဖြင့် လက်ကမ်းစာစောင်များကိုဖြန့် ဝေသင့်သည်။တချို့ ပြည်သူများသည် ပူးပေါင်းပါဝင်ချင်သောလည်း အခြေခံသဘောတရားများကို ဂဃနဏ မသိသေးသောကြောင့် အများပြည်သူများသိရှိနိုင်ရန်
အတွက် ဖြန့် ဝေခြင်းသည်လည်း စည်းရုံးရေးဖြစ်ပေသည်။ထိုမှသာ ပြည်သူများ ဖတ်ရှု့ လေ့လာပြီး ထောက်ခံမှုအင်အား တိုးပွားလာမည်ဖြစ်သည်။ လက်ရှိအခြေအနေကို ပြည်သူများပိုမို
သိရှိနိုင်ရန် တနိုင်ငံလုံးအနေဖြင့် ထုတ်ဝေသင့်ပါကြောင်း အကြံပြုအပ်ပါသည်။

မြသိန်း