Friday, May 16, 2014

သမ္မတကြီး၏ အခြေခံစာတတ်မြောက်ရေး လှုပ်ရှားမှု မဆိုင်တဲ့အပေါက် ကလိုင်နဲ့ ခေါက်

၂၀၁၄-၅-၁၆
၂၀၁၄ ခုနှစ် အခြေခံစာတတ်မြောက်ရေး လှုပ်ရှားမှု ဂုဏ်ပြုပွဲ အခမ်းအနားကို ၁၅-၅-၂၀၁၄ တွင် မန္တလေးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တက်ရောက်၍ အမှာစကားပြောကြားသည်။

တိုင်းပြည်ရဲ့ အနာဂတ်ဟာ ယနေ့လူငယ်တွေရဲ့လက်ထဲမှာရှိပါတယ်။ လူငယ်တွေဟာ တိုင်းပြည်ရဲ့ တာဝန်တွေကို တစ်နေ့မှာ မလွဲမသွေ ယူကြရမှာဖြစ်ပါတယ် လူငယ်တွေကောင်းမှ၊ တော်မှ
 တိုင်းပြည်သာယာ ဝပြောပြီး ဖွံ့ဖြိုးတိုးတက်မှာဖြစ်ပါတယ်။ ကောင်းမွန်တဲ့အနာဂတ်၊ ငြိမ်းချမ်းတဲ့အနာဂတ်ကို လူငယ်တွေထံ လွှဲပြောင်းပေးနိုင်ဖို့ မိမိတို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်။ မိမိတို့ရဲ့ ကြိုးပမ်းဆောင်ရွက်နေမှုအပေါ် တာဝန်သိတဲ့ လူငယ်တွေအနေနဲ့ ကျရာအခန်းကဏ္ဍမှ နိုင်ငံအတွက် တစ်တပ်တစ်အား ယခုလို ပါဝင်ကူညီ ဆောင်ရွက်ပေးကြတဲ့အတွက် ချီးကျူး
ဂုဏ်ယူပါတယ်။

တိုင်းပြည်ရဲ့ အနာဂတ်ဟာ လူငယ်တွေလက်ထဲမှာရှိတယ် စာပေတတ်မြောက်ရေးဟာ အမျိုးသားရေးတာဝန်ဖြစ်ပါတယ်လို့ ဆိုထားပြီး ၁၉၈၈ မှ ၂၀၀၇ သံဃာ့အရေးအခင်းနှင့်
 နိုင်ငံရေးတက်ကြွသူ လူငယ်တွေကို ဖမ်းဆီးပြီး နှစ်ပေါင်းများစွာ ထောင်ချခဲ့တာဘယ်သူလဲ စစ်အာဏာရှင်တွေဖြစ်တယ်။အခုတော့လည်း သူတို့ မဟုတ်သလိုပဲ ဗြောင်ပဲ၊စာပေပျောက်ရင်
လူမျိုးပါ ပျောက်သွားနိုင်တဲ့အတွက် လူမျိုးမပျောက်အောင် စာပေ တတ်မြောက်ရေးဟာ အမျိုးသားရေးတာဝန်ဖြစ်ပါတယ်လို့ ဆိုထားတော့ လူငယ်တွေစာပေတတ်မြောက်ရေး
အတွက် အခမဲ့ပညာရေးစနစ်ကို ဖော်ဆောင်ဖို့ သင့်တယ် လူငယ်အများစုဟာ ဆင်းရဲသား မိသားစုတွေဖြစ်ကြတယ်။

၁၉၈၈မှ လူငယ်တွေမျိုးဆက်တဆက် တုံးခဲ့ရပြီး ပညာရေးဆက်လက်မသင်ကြားနိုင်ပဲ ဘ၀တွေပေး ဆပ်ခဲ့ရတယ်။အာဏာရှင်တွေ နိုင်ငံကိုဆက်ပြီးအုပ်ချုပ်ချင်တော့ စာပေတတ်မြောက်ရေးဟာ အမျိုးသားရေးတာဝန်ဖြစ်ပါတယ်လို့ အော်နေပြန်တယ်။ဇကောလောက်မှ ဇောက်မနက် အကြံပက်
စက်တဲ့ အာဏာရှင်တွေရဲ့  လုပ်ရပ်ဟာ ပြည်သူတွေ ရွံ့ ရှာမုန်းတီးလောက်အောင် အပြောကောင်းပြီး အနှောင်းမသေချာဖြစ်နေရတယ်။

တကယ်တော့ ပညာရေးဝန်ကြီးဌာနနဲ့  နိုင်ငံတကာပူးပေါင်းပြီး မြန်မာ့ပညာရေးမြှင့်တင်ဖို့ 
ကမ္ဘာ့ဘဏ်က အမေရီကန်ဒေါ်လာ သန်း ၁၂၀ ကို ထုတ်ပေးခဲ့တယ်။
ဒီငွေတွေ ဘယ်ရောက်ကုန်လဲ။ အနယ်နယ်အရပ်ရပ်မှာ ပညာမသင်နိုင်တဲ့ ခလေးငယ်တွေအများ
ကြီးရှိနေတယ်။အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေဟာ မိဘကလဲဆင်းရဲ ပညာသင်စရိတ်မ
ရှိတော့ ကလေးအလုပ်သမားတွေများပြား လာနေတယ်။ ဥာဏ်ကြီးရှင်တွေ တကယ်ဘဲ တိုင်းပြည်ပညာရေးကို မြှင့်တင်ချင်တယ် စာပေ တတ်မြောက်ရေးဟာ အမျိုးသားရေးတာဝန်
ဖြစ်ပါတယ်ဆိုရင် အခမဲ့ပညာရေးကို မှုလတန်းမှ အထက်တန်း အထိ သင်ကြားပေးဖို့  တိုင်းပြည်ရဲ့  တာဝန်ဖြစ်တယ်။

အပြောတစ်မျိုး အလုပ်တမျိုးဖြစ်နေပြီး အရှုးချီးပမ်း ရှောက်ပြောနေတာဟာ လဒလောက်တော့ ဌက်တိုင်းလှဆိုတာသိဖို့ လိုတယ်။၂၀၁၄ ခုနှစ် အခြေခံစာတတ်မြောက်ရေး လှုပ်ရှားမှု ဂုဏ်ပြုပွဲ အခမ်းအနားမှာ ဘာမဆိုင်ညာမဆိုင် အခြေခံဥပဒေပြင်ဆင်ရေးနှင့် ရွေးကောက်ပွဲ ကျင်းပရေး
ကိစ္စများသည် ပြည်တွင်းရေးသာဖြစ်သည် ၊တိုင်းပြည် ဆူဆူပူပူ ဖြစ်မည်ကို မည်သူမျှမလိုလား၊ အချုပ်အခြာ အာဏာကို အထိအပါးမခံဘဲ ဥပဒေဘောင်အတွင်းက ဆောင်ရွက်သွား ရမည်ဟု
ပြောကြားခဲ့သည်။ ဥပဒေဘောင်လို့ ပြောထားသော်လည်း ဥပဒေကပြင်လို မရအောင်ကို
လုပ်ထားပါတယ်။ဆွေးနွေးဖို့ ဆိုတော့လည်း သမ္မတနဲ့  တပ်မတော်က ဖရက်ဒရယ်ကို
အငြင်းအခုံဖြစ်နေကာ မီဇာတဖက် ရေမှုတ်တဘက် လုပ်နေပြီး ပြည်သူတွေကို ငြိမ်းချမ်းရေး
ဆိုတဲ့ ခေါင်းစဉ်နဲ့  အရူးလုပ်ထားပါတယ်။

အခြေခံစာတတ်မြောက်ရေး ဂုဏ်ပြုပွဲမှာ အခြေခံဥပဒေပြင်ဆင်ရေး မလိုအပ်တဲ့ ဆူပူမှုဖြစ်မယ်။
မဆိုင်တဲ့ အပေါက်ကို ကလိုင်နဲ့ ခေါက်ပြီး အိုးမလုံ အုံပွင့်ဆိုသလို ပြည်သူတွေကို နလဗိန်းတုံး တွေများမှတ်နေကြတယ်။ အာဏာရှင် အစိုးရထက် ပိုသိလို့  မတရားတဲ့ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးကို ပြည်သူတွေကြိုးစားနေတာဟာ နောက်လာမည့် ရွေးရွေးကောက်ပွဲတွေမှာ အာဏာရှင်တွေကို အုပ်ချုပ်ခွင့် မပေးတော့ဘူး၊ အမြစ်ကပါ လှန်ပစ်ရမယ်ဆိုတာ ပြည်သူတွေ သိလာနေကြပါပြီ။ သမ္မတကြီး စိုးရိမ်မှုတွေလွန်ကဲပြီး မလိုအပ်တဲ့နေရာတွေမှာပြောတာဟာ မိမိရဲ့ 
ဂုဏ်သိက္ခာကို ထိခိုက်စေပါတယ်။

မြသိန်း