ဦးကျော်သူ ဦးစီးသော နာရေးကူညီမှုအသင်း ၏ လေးစားဖွယ် အကူအညီပေးမှုများပေးခဲ့ပါတယ်။
ကျန်းမာရေး စောင့်ရှောက်ရန် အရေးပေါ်ကုသရေး အဖွဲ့မှ အရေးပေါ် လူနာများအား စောင့်ကြည့် ကူညီပေးခဲ့ပါသည်။ ရေသန့်ဗူးများအား တကွင်းလုံးဝေဌခဲ့ပြီး အမှိုက်များ မကျန်စေရန် ကောက်ယူပြီး ကွင်းအား သန့်ရှင်းစေရန် စနစ်တကျ ကူညီပေးကြပါသည်။
နိုင်ငံသားတွေဟာ တာဝန်သိ ပြည်သူတွေဖြစ်ပါတယ်။ အများအကျိုးဆောင် ကိုယ့်အကျိုးအောင် ဆိုတဲ့ဆောင်ပုဒ်အတိုင်း ကူညီဆောင်ရွက်ချင်တဲ့ အသိစိတ်ဓါတ်တွေရှိကြပါတယ်။ မင်းဆိုးမင်းညှစ်
တွေကြောင့် အရာရာကို ပိတ်ပင်ခံနေရပြီး တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်ဖို့ အတွက်လည်း အရံအတား တွေဖြစ်နေရပါတယ်။ ပြည်သူတွေအနေနဲ့ " ရဲရင့်စွာဖြင့် မတရားတဲ့ အမိန့် အာဏာဟူသမျှ တာဝန်အရဖီဆန်ကြ" ဆိုသည့်အတိုင်း မိမိတို့ ရဲ့ တိုင်းပြည် အနာဂတ်ဟာ မိမိတို့ လက်ထဲမှာရှိပြီး
စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုမင်းကိုနိုင်တို့ ရဲ့  ဦးဆောင်မှုနဲ့ အတူ စည်လုံးညီညွတ်စွာဖြင့် တိုင်းရင်းသားပြည်သူအားလုံး စုစုစည်းစည်းနဲ့ 
အာဏာရှင်ကို အုပ်ချုပ်ရေးနယ်ပယ်မှ အပြီးတိုင် ဖယ်ထုတ်ကြပါစို့ လို့  တိုက်တွန်းလိုက်
ရပါတယ်။
မြသိန်း
