၂၀၁၄-၅-၁၅
နှစ်ဘက်တိုက်ပွဲများ လျှော့ချရေး အတွက် “ပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေး အဖွဲ့”ကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော် မတီနှင့် ကချင် လွတ်လပ်ရေး အဖွဲ့(KIO) အကြား ဖွဲ့စည်းရန် ယမန်နေ့က ဆုံးဖြတ်လိုက်ကြောင်း သိရသည်။
ထိုငြိမ်းချမ်းရေးဆွေးနွေပွဲကို တပ်မတော်တာဝန်ရှိသူ ကာကွယ်ရေးဝန်ကြီးဋ္ဌာန စစ်ဆင်ရေးအထူး
အဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး မတက်ရောက်ခဲ့ပါဘူး။ဒုဗိုလ်ချုပ်များ တက်ရောက်ခြင်းမရှိဘူးလို့  သိရပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ နေနေသာသာ အပစ်အခတ်ရပ်ဆဲရေးကို အဖွဲ့ ပေါင်း
များစွာဖွဲ့ ပြီး အကြိမ်ပေါင်းများစွာဆွေးနေရပါတယ်။ သဘောတူချက်တွေ ထုတ်ပြန်ချက်တွေ
မြောက်များစွာ လက်မှတ်ရေးထိုးထားသောလည်း တဘက်မှာ ကချင်ပြည်နယ်နဲ့  ရှမ်းပြည်နယ်
တွေမှာ စစ်ပွဲတွေဆက်တိုက်ဖြစ်နေပြီး အပြစ်မဲ့ပြည်သူတွေ ဒုက္ခအမျိုးမျိုးရောက်နေရတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ကို ဦးအောင်မင်းဦးဆောင်ပြီး လက်တွေ့ မှာတော့
အစိုးရနဲ့ တပ်မတော်ကို ပြောင်းလဲလာအောင်မလုပ်နိုင်ပါ။တဘက်နှင့်တဘက် ယုံကြည်မှုအား
နည်းနေပြီး ဆွေးနွေးပွဲလုပ်လိုက် စစ်ပွဲတွေဖြစ်လိုက်နဲ့  ညှိလို့ မရတဲ့ပြဿနာက ငြိမ်းချမ်းရေးကို
ပြပြီး နှစ်ဘက်စလုံးက နိုင်ငံတကာကို ကူညီငွေတောင်းနေတဲ့ကိစ္စပါနေပါတယ်။ တဘက်မှာလည်း
အစိုးရက မတည်ငြိမ်တာကို အကြောင်းပြပြီး နိုင်ငံတကာကို ခွင်ဆင်နေတာကိုတွေ့ ရပါတယ်။
ဒါကြောင့် နှစ်ဘက်စလုံးဟာ သဘောထား ရိုးသားဖို့ လိုပါတယ်။တကယ်ပဲ နိုင်ငံနဲ့ လူမျိုးအတွက်
ထာဝရ ငြိမ်းချမ်းရေးရဖို့  ရိုးသားဖြောင့်မတ်စွာ သစ္စာရှိဖို့ လိုပါတယ်။
မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေး နိုင်ငံရေး စီးပွားရေး ပညာရေး ကျမ်းမာရေး အလုပ်သမား လယ်သမား အထွေထွေအခက်အခဲများကို ဖြေရှင်းနိုင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ လေးပွင့်ဆိုင်တွေ့ ဆုံဆွေးနွေးရေးကို တောင်းဆိုထားသောလည်း ယနေ့ အချိန်အထိ တွေ့ ဆုံခွင့်မရရှိသေးပေ၊နိုင်ငံရေး အကြပ်အတည်းများကို ကျော်လွှားနိုင်ရန်
နိုင်ငံကိုဦးဆောင်နေသောခေါင်းဆောင်များအချင်းချင်း တွေ့ ဆုံဆွေးနွေးအဖြေရှာနိုင်မှသာ ထိုအကြပ်အတည်းများကိုကျော်လွှားနိုင်မည်ဖြစ်ပေသည်။ထိုထဲတွင် ပြည်တွင်းငြိမ်းချမ်းရေးသည် အဓိကဖြေရှင်းရန်လိုအပ်သည့် ပြဿနာ တစ်ခုဖြစ်သည်။ တွေ့ ဆုံဆွေးနွေးရေးကို မလုပ်ခြင်းဟာ
ပြည်တွင်းငြိမ်းချမ်းရေးကို အစိုးရနှင့် တပ်မတော်က အဓိကဖြေရှင်းပေးရမည့် ပြဿနာဟု သဘောမထားကြောင်း အလေးမထားကြောင်း ထင်ရှားနေသည်။
တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးလိုချင်တယ်ဆိုရင် တာဝန်ယူမှု တာဝန်သိမှုနဲ့ တဘက်နှင့် တဘက် လေးစားပြီး ကတိက၀တ်တွေကို တာဝန်ရှိသူတွေက မှန်မှန်ကန်ကန် ဖိဖိစီးစီး လုပ်ဆောင်ပြီး
ယုံကြည်မှုကိုတည်ဆောက်ရမှာဖြစ်သလို တာဝန်ယူသူ ခေါင်းဆောင်များ၏ နိုင်ငံရေးလှည့်ကွက်
မဖြစ်စေရ။ ထပ်ကာထပ်ကာဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် မယုံသင်ကာမှုတွေများနေရ
ပါတယ်။ဒါကြောင့် ငြိမ်းချမ်းရေး မရနိုင်ဖြစ်နေရတာ အဓိက ကတော့ နှစ်ဘက်စလုံးကို
ထိမ်းကြောင်းပေးနိုင်မဲ့ အထိမ်းအကွပ် ခေါင်းဆောင်ကောင်းလိုနေတာရယ်၊ ဥပဒေတွေဟာ
ဒီမိုကရေစီစံနှုန်းတွေနဲ့ မညီညွတ်တာရယ်၊ အာဏာရှင်စနစ်ဆိုးကြောင့် အာဏာကို အလွန်အကျွန်
သုံးဆွဲမှုတို့ ကြောင့် ဥပဒေစိုးမိုးမှုမရှိတာရယ်၊ ကတိက၀တ်တွေကို လွယ်လွယ်ကူကူ
ချိုးဖေါက် နေကြတာကြောင့်ဖြစ်ပါတယ်။
ထို့ ကြောင့် နှစ်ပေါင်း ၅၀ ကျော် ပြည်တွင်းစစ်ဖြစ်ခဲ့ရပြီး ယနေ့ အချိန်အထိ ပြည်တွင်းစစ်မီးတောက်
လောင်နေတာတွေ့ မြင်ရပါတယ်။အရင်လုပ်ရမှာက ပြည်တွင်းငြိမ်းချမ်းရေးထက် စစ်အာဏာရှင်ကို
အုပ်ချုပ်ရေးနယ်ပယ်မှ ဖယ်ရှားပြီး အခြေခံဥပဒေကိုပြင်ဆင်နိုင်မှ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု
ကို တည်ဆောက်နိုင်မှာဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေးလည်း အောင်မြင်နိုင်မည်ဖြစ်သည်။
အခုလုပ်ဆောင်နေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုတာ စစ်အာဏာရှင်တွေက
အာဏာရှင်စနစ်သက်ဆိုးရှည်အောင် ငြိမ်းချမ်းရေးကိုဘမ်းပြပြီး အယုံသွင်းမှုတခုသာဖြစ်တယ်။
တကယ့် ထာဝရငြိမ်းချမ်းရေးကို မရနိုင်ပါ၊ အနှစ် ၅၀ ကျော် ပုံစံအမျိုးမျိုးနဲ့  အုပ်ချုပ်နိုင်အောင်
တချို့ ခေါင်းဆောင်တွေကို လုပ်ပိုင်ခွင့်ပေး အိမ်ယာပေး ငွေပေး နေရာတွေပေးပြီး အယုံသွင်းနေ
ခြင်းသာ ဖြစ်ပါတယ်။
စစ်မှန်တဲ့ ထာဝရ ငြိမ်းချမ်းရေးကို လိုချင်ရင် အာဏာရှင်ကို အရင်ဖြုတ်ချနိုင်မှထာဝရ ငြိမ်းချမ်းရေး
ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ပါသည်။ ဒီမိုကရေစီစံနှုန်းတွေနဲ့ မညီညွတ်တဲ့ ၂၀၀၈ ဖွဲ့ စည်းပုံ
အခြေခံဥပဒေကို ပြင်ဆင်နိုင်မှ ဥပဒေ၏အကာအကွယ်ကို ပြည်သူများခံစားရမည်ဖြစ်ပါကြောင်း ဝေဖန်တင်ပြအပ်ပါသည်။
မြသိန်း
