Former President Bill Clinton has teamed up with President Barack Obama on the final weekend before the general election next Tuesday, November 6, 2012.
Gordon Brown will depict the Tories and the Liberal Democrats as a disaster for Britain as he tries to revive Labour's flagging election campaign.
French President and UMP party candidate for the elections Nicolas Sarkozy acknowledges applause as he arrives for a campaign meeting in Nice.
Prime Minister and Liberal Democratic Party (LDP) President Taro Aso delivers a stump speech during an election campaign in front of Hachioji Station.
၂၀၁၄-၄-၉
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတင်အေးက ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးမှုတွေ လုပ်တဲ့နေရာမှာ သက်ဆိုင်ရာ မဲဆန္ဒနယ်အတွက် ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ် လောင်းတွေကိုသာလျှင် မဲဆွယ်စည်းရုံးခွင့်ပြုမယ်လို့ ဧပြီလ ၇ ရက်နေ့ ပုသိမ်မြို့မှာ ပြောဆို
လိုက်တာမို့ ၂၀၁၅ ပြည်လုံးကျွတ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံအနှံ့မဲဆွယ်ခွင့် ကိုပိတ်ပင်ဖို့  ကြိုးစားလာတာဖြစ်ပါတယ်။အစိုးရအဖွဲ့ အစည်းမှာ စစ်တပ်ကထွက်တဲ့ ဗိုလ်ချုပ်ဟောင်း
တွေ အမျာစုပါဝင်နေသောကြောင့် စစ်မှန်တဲ့ဒီမိုကရေစီအစိုးရဖြစ်ဖို့  မလွယ်ပါ။
နိုင်ငံတကာ ဒီမိုကရေစီနိုင်ငံတွေမှာ အထွေထွေရွေးကောက်ပွဲတွေကို လွတ်လပ်၍တရားမျှတစွာ
ကျင်းပပေးလေ့ရှိပါတယ်။ဝင်ရောက်ယှဉ်ပြိုင်မဲ့ ပါတီတွေဟာ မိမိတို့ ပါတီ အနိုင်ရရှိရေးအတွက်
အဖက်ဖက်မှ ကြိုးစားကြပါတယ်။ဝါရင့်နိုင်ငံရေးသမားကြီးများ နံမည်ကြီးပုဂ္ဂိုလ်များ အနုပညာရှင်များ
နယ်ပယ်အသီးသီးမှ မိမိတို့ အားပေးသောပါတီကို ၀ိုင်းရံထောက်ခံ မဲဆွယ်ကြပါတယ်။မြန်မာနိုင်ငံမှာ
တော့ အာဏာရှင်အငွေ့ အသက်တွေမကုန်သေးတော့ ရွေးကောက်ပွဲကော်မရှင်က လုပ်ပိုင်ခွင့်ကို
အသုံးချပြီး အားသာနေတဲ့ NLD ပါတီကို ဖိအားပေးဖို့  ခြိမ်းခြောက်တဲ့အသုံးအနှုန်းတွေ သုံးလာနေ
တာတွေ့ ရပြီး ဒီမိုကရေစီစံနှုန်းတွေနဲ့ မညီညွတ်တဲ့ လုပ်ရပ်တွေဖော်ဆောင်ဖို့  ကြိုးစားနေပါတယ်။
NLDမှ ဗိုလ်ချုပ်အောင်ဆန်း၏ ဓါတ်ပုံ အသုံးပြုခြင်းကိုလည်း ဝေဖန်ထားပါတယ်။
လက်ရှိမြန်မာ့နိုင်ငံရေးဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူတွေက အားထား လာကြပြီးဦးသိန်းစိန်အစိုရ၏ ပြည်သူတွေအပေါ် ဖိနှိပ့်ချုပ်ချယ်မှုတွေ တနေ့ ထက်တနေ့ များပြားလာ
နေတာကိုတွေ့ ရပါတယ်။၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးအတွက် အမြို့ မြို့  အနယ်နယ်တွင် ဘက်ပေါင်းစုံမှ ပြည်သူတွေဟာ အင်နဲ့ အားနဲ့  ဆန္ဒဖော်ထုတ်တောင်းဆိုလာနေကြတာကိုတွေ့  မြင်ရပါတယ်။ အစိုးရအနေဖြင့် ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ပြည်သူ့ ဆန္ဒကိုအလေးမ
ထားပဲ မိမိတို့ ပြောချင်ရာပြော ဆိုချင်ရာဆို ပြည်သူတွေကိုဆော်ကားခြင်သလိုဆော်ကားခဲ့ကြပါတယ်။
ယခုတခါ ၂၀၁၅မှာ မိမိတို့ အစိုးရ၏ ပြည်သူတွေအပေါ်အလေးမထားမှုများ မြေယာသိမ်းဆည်းမှု၊ဘုန်းကြီးကျောင်းများမတရားဖယ်ရှားခံရမှု၊အလုပ်သမားလယ်သမားများ၏ အခွင့်အရေးဆုံးရုံးမှု၊ကျောင်းသားအခွင့်အရေးပိတ်ပင်ထားဆီးမှု၊စစ်တပ်ကသာ စီးပွားရေးလုပ်ငန်းများကို ချုပ်ကိုင်ထားမှု၊ဒီမိုကရေစီအခွင့်အရေး၊လူ့ အခွင့်အရေးများ ဆုံးရှုံးနေရသောကြာင့် အစိုးရအပေါ် ပြည်သူတွေ အယုံအကြည်မရှိဖြစ်လာပြီး အာဏာရှင်အုပ်ချုပ်ရေးမှ မပြောင်းလဲတာကိုပိုပြီးသိရှိလာနေကြပြီ၊အစကတော့ အပြောင်းအလဲဖြစ်လာမလားလို့  ပြည်သူတွေဟာ မျှော်လင့်ကြပေမဲ့ လက်တွေ့ 
မှာတော့ ပိုပြီးဆိုးလာနေတာ ပြည်သူတွေအားလုံးသိသွားကြလေပြီဖြစ်သည်။ ဒီမိုကရေစီဆိုတဲ့ အမည်သာပြောင်းလဲလိုက်ပြီး ဒီမိုကရေစီစနစ်ကို မကျင့်သုံးပါ။လက်ရှိမှာ ပြည်သူတွေကိုဖိနှိပ့်တဲ့ အာဏာရှင်စနစ်ထဲမှာပဲ ရှိနေသေးပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နဲ့  ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား ရဟန်ရှင်လူပြည်သူများက အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရန် ပြည်သူတွေက အားကိုးလာနေကြကာ NLD၏ အင်အား
ဟာ တနိုင်ငံလုံးတွင် ကြီးမားသထက်ကြီးမားလာနေတာကို တွေ့ မြင်ရပါသည်။အစိုးရအနေဖြင့် အင်အားကြီးမာလာနေသော NLD အား နည်းမျိုးစုံကိုအသုံပြုပြီး အားနည်းအောင် လုပ်ဆောင်နေ သောလည်း ပြည်သူတွေကတော့ အမှန်တရားဖက်မှ ရပ်တည်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံနဲ့  ဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်နိုင်ဖို့ ကြိုးစားလာနေကြကာ မတရားတဲ့ ဥပဒေတွေနဲ့ 
အုပ်ချုပ်တဲ့စနစ်ကို လက်မခံတော့ပါ၊ထို့ ကြောင့် ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးဟာ
နယ်ပယ်ပေါင်းစုံမှ ပါဝင်လာပြီး ကြီးထွားလာနေပါတယ်။ လွယ်လွယ်နဲ့ ပြင်လို့ ရတာကို မိမိကိုယ်ကျိုးအတွက် မခက်ခက်အောင်လုပ်နေပြီး ပြင်ဆင်ရခက်နေပါတယ်။ပြည်သူတွေကတော့ အခြေခံဥပဒေမပြင်ဆင်ရင် ဒီထက်ကြီးမားတဲ့ အာဏာရှင်အစိုးရဖြုတ်ချရေး ပြည်သူ့ ဆန္ဒထုတ်ဖော်
မှုတွေနဲ့  ရင်ဆိုင်ရဖွယ်ရှိပါတယ်။
မြသိန်း