၂၀၁၄-၄-၁၀
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဂျာမနီနိုင်ငံသမ္မတ၏ဖိတ်ကြားချက်
အရ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့သို့ ၂၀၁၄ခုနှစ်၊ ဧပြီလ ၉ ရက်နေ့ည(၇း၄၅)မိနှစ်တွင်(TG / 306)
လေယဉ်ဖြင် ရန်ကုန်၊ မင်္ဂလာဒုံအပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင်ခရီးထွက်ခွာသည်
အဆိုပါခရီးစဉ်တွင် ဂျာမနီနိုင်ငံသမ္မတ H.E Mr. Joachim Gauck, ဝန်ကြီးချုပ် Dr. Angela Merkel, နိုင်ငံခြားရေးဝန်ကြီး Dr. Frank-Walter Steinmeier တို့နှင့် တွေ့ဆုံရန် အစီအစဉ်ရှိပြီး၊ ဂျာမနီနိုင်ငံလွှတ်တော် Bundestag သို့ သွားရောက် လေ့လာကာ ဂျာမန်လွှတ်တော်ဥက္ကဋ္ဌ Prof. Dr. Norbert Lammert နှင့် လွှတ်တော်ရေးရာကိစ္စရပ်များဆွေးနွေးရန် နှင်.၎င်းနောက် Willy Brandt
Prize လက်ခံရယူပါမည်Minister of Economic Cooperation and Development - Dr. Muller နှင့်တွေ့ဆုံခြင်း၊ Alfred Herrhausen Foundation, Korber Foundation နှင့်တွေ့ဆုံခြင်းများ ပြုလုပ်ရန်စီစဉ်ထားရှိပါသည်။ Freie University ၌ဂျာမနီရောက်မြန်မာမိသားစုများနှင့်
တွေ့ဆုံမည်ဖြစ်ပြီးဂျာမနီနိုင်ငံ၏ “Duales System” (VET / Vocational Education & Traing)ကို သွားရောက် လေ့လာမည်ဖြစ်သည်။
ဧပြီလ (၁၄)ရက်နေ့တွင် ပြင်သစ်နိုင်ငံသို့ ခရီးဆက်လက်ထွက်ခွာမည်ဖြစ်ပြီး ပြင်သစ်နိုင်ငံ၊ ပါရီမြို့
တွင် သမ္မတ H.E Mr.Francois Hollande, Minister of Foreign Affairs Mr. Laurent Fabius, Constitutional Council ဥက္ကဋ္ဌ Mr. Jean-Louis Debre တို့နှင့် တွေ့ဆုံမည်ဖြစ်သည်။ ၎င်းနောက် ပြင်သစ်စစ်တက္ကသိုလ် “Ecole Militaire” သို့ သွားရောက်လေ့လာကာ General Jean-Marc
Duquesne နှင့်တွေ့ဆုံခြင်း၊ ပြင်သစ်လွှတ်တော်သို့ သွားရောက်ကာ လွှတ်တော်ဥက္ကဋ္ဌ Mr. Claude Bartolone နှင့်တွေ့ဆုံမည်ဖြစ်သည်။ Economic, Social and Environmental Council သို့ သွားရောက်၍ Mr. Jean-Paul Delevoye (President of the Economic, Social and Enviro-
nmental Council) နှင့် တွေ့ဆုံဆွေးနွေးပြီး ဧပြီလ (၁၆)ရက်နေ့တွင် ပြင်သစ်နိုင်ငံမှ ပြန်လည်ထွက်
ခွာကာ ရန်ကုန်၊ မင်္ဂလာဒုံအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ (၁၇)ရက်နေ့တွင်ပြန်လည်ရောက်ရှိမည်ဖြစ်
ကြောင်းသတင်းရရှိပါသည်အဆိုပါခရီးစဉ်တွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်•ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင်.အတူ ဒေါက်တာတင်မာအောင် - ဥက္ကဋ္ဌရုံးတာဝန်ခံ • ဦးမင်းဦး - အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၊ • ဦးဖြိုးဇေယျာသော် - ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တို.လိုက်ပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ယနေ.ခရီးစဉ်သို. ပြည်သူများနှင်.အတူဒီချုပ်နာယကကြီးဦးတင်ဦး၊ နှင်.အဖွဲ.ချုပ်ဝင်များ၊အမေအိမ်ကျောင်းမှ
ကျောင်းသားများမှ ရန်ကုန်၊ မင်္ဂလာဒုံအပြည်ပြည်ဆိုင်ရာလေဆိပ်မှ.လာရောက်နုတ်ဆက်သည်။
NLD