၂၀၁၄ ခုနှစ် ဧပြီလ ၃ ရက်နေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ အမှတ် ၅၄ လွှတ်တော်ရုံးခွဲတွင် တရားဥပဒေစိုးမိုးရေးဗဟိုဌာန (Rule Of Law centre ) များအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပရာ ဥက္ကဌ ဒေါ်အောင်တန်းစုကြည်၊ အတွင်းရေးမှူး ဦးဝင်းမြင့်၊ ကိုယ်ရေးအရာရှိ ဒေါက်တာ တင်မာအောင် နှင့် UNDP မှ ကိုယ်စားလှယ်များ ၀န်ကြီးဌာနများနှင့် ကော်မတီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ထို့နောက် အဖွဲ့ဝင်များမှ တရားဥပဒေစိုးမိုးရေးဗဟိုဌာန (Rule Of Law Centre ) များအတွက် ညှိနှိုင်းဆွေးနွေး ခဲ့ကြပြီး အစည်းအဝေးကို မွန်းလွဲ ၁ နာရီခန့်တွင် ရပ်နားခဲ့သည်။
National League for Democracy