၂၀၁၄-၄-၎
သီတဂူဆရာတော်ဘုရားကြီးနှင့်ရွှေပြည်ဟိန်း ဆရာတော်ဘုရားကြီးတို့ မဟာသန္တိသုခကျောင်းတိုက်
ကြီးသို့ကြွရောက်လာကာ ပီနန်းဆရာတော်ဘုရားကြီးနှင့်လာရောက်တွေ့ဆုံခဲ့ပါသည်။
နေပြည်တော်မှာ ၂၄ခု ကျောင်းတွေအသိမ်းခံရ ဖျက်သိမ်းဖို့ အစိုးရကအမိန့် ထုတ်ထားပါတယ် ။သမီးလေးရွာ ဖယ်ရှားခံရမှုမှာ ဒုက္ခရောက်နေပြီး နေစရာမရှိသူပြည်သူတွေကို အနီးနားရှိကျောင်းမှာ ဆရာတော်တွေက ကူညီပေးခဲ့လို့  ထိုကျောင်းကိုလည်း ဖယ်ရှားဖို့ အမိန့် ထုတ်ပြန်ခဲ့ပါတယ်။
မန္တလေးနှင့် မြန်မာပြည်အနှံမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေကို အခုလိုဖျက်သိမ်းခိုင်းနေတာကြည့်ရရင်
နိုင်ငံရေးနဲ့  ပြည်သူတွေရဲ့ အကျိုးကို ဆောင်ရွက်ကြတဲ့ သံဃာတော်တွေကို ဖိနှိပ့်နေတဲ့သဘော
တွေ့ ရပါတယ်။
အမျိုးဘာသာ သဿနာ စောင့်ရှောက်ရေးအဖွဲ့ နဲ့  ၉၆၉ အဖွဲ့ ခေါင်းဆောင် ဦးဝိရသူက စစ်တွေမှာ
မီဒီယာသင်တန်းပေးတဲ့ကိစ္စ၊တရားပွဲတွေမှာ နိုင်ငံရေးဟောပြောတာတွေကိုတော့ အစိုးရက
အရေးယူခြင်းမရှိပါဘူး။ကြံဖွတ်ပါတီကိုထောက်ခံပြီး လှုံဆော်တဲ့ဆရာတော်တွေကို နေရာပေးထား
တာတွေ့ ရပါတယ်။ ထိုသို့ ဆောင်ရွက်မှုတွေကို သံဃာ့ မဟာနယကအဖွဲ့ မှဆရာတော်ကြီးများမှ
ဆုံးမသြ၀ါဒမပေးတာကို တွေ့ မြင်ရပါတယ်။။သံဃာတွေနဲ့ ပြည်သူတွေရဲ့  အခက်အခဲကိစ္စတွေကို
လည်း အမျိုးဘာသာ သဿနာ စောင့်ရှောက်ရေးအဖွဲ့ မှ ၀င်ရောက်ကူညီပေးတာ မတွေ့ ရပါဘူး။
လက်ပံတောင်းတောင်လို စီမံကိန်းကိစ္စများ လယ်တီဆရာတော်ဘုရားကြီး၏ သာသဿနာ့ အမွေသိမ်တော်ကြီးရွေ့ ပြောင်းခံရမှုကိစ္စ၊သမီးလေးရွာကိစ္စ၊မရမ်းကုန်း (၆) ရပ်ကွက်မှ မြေသိမ်းခံရမှု၊သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် ရပ်ကွက်မြေသိမ်းခံရမှု၊လယ်မြေသိမ်းခံရမှုများ စသည့် ပြည်သူ
များ အာဏာရှင်အစိုးရ၏ ဖိနှိပ့်ခံရမှုများကို အမျိုးဘာသာ သဿနာ စောင့်ရှောက်ရေးအဖွဲ့ များမှ လျစ်လှူ့ ရှု့ နေကြသည်။
ပြည်သူ့ အကျိုးဆောင်ရွက်တဲ့ ပီနန်ဆရာတော်၊ ရွှေည၀ါဆရာတော်၊ ဒယ်အိုးဆရာတော် ဦးသုမင်္ဂလ
စသည့် ထင်ရှားသည့်ဆရာတော်တွေကို ကျောင်းတိုက်မှ ဆရာတော်များဖယ်ရှားခံရခြင်း၊တရား
ပွဲများ ပိတ်ပင်ခံနေရပါတယ်။
လူ့အခွင့်အရေး လှုပ်ရှားသူများ၊ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူများနှင့် နိုင်ငံရေးအသိုင်းအ၀ိုင်းက သမ္မတဦးသိန်းစိန်၏ မျိုးစောင့် ဥပဒေ ပြဋ္ဌာန်းရေး ကြိုးပမ်းမှုသည် အချိန်စောလွန်းပြီး နိုင်ငံအတွက် ပိုမိုအရေးကြီးသည် ဖွဲ့စည်းပုံပြင်ဆင်ရေး၊ တရား ဥပဒေစိုးမိုးရေးတို့ကိုသာ သမ္မတ အနေဖြင့် ပိုမို အာရုံစိုက်သင့်ကြောင်း၊ မျိုးစောင့်ဥပဒေသည် သမ္မတဦးသိန်းစိန်၏ ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရရှိရေး ဗျူဟာ တရပ်ဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုကြသည်။
နိုင်ငံတကာမှလည်း ဦးသိန်းစိန်အစိုးရ၏ အတုအယောင် ဒီမိုကရေစီကို လက်ခံကြပြီး မိမိတို့ ၏ကိုယ်
ကျိုးအတွက် အမြတ်ထုတ်ဖို့ သာ ကျိုးစားကြသည်။ စစ်မှန်တဲ့ ဒီမိုကရေစီရေးအတွက် မည်သို့ ပင်
တားဆီးစေကာမှု အရာမရောက်ဖြစ်နေရသည်။ ထိုထဲတွင် ခေတ်ပျက်သူဌေးလုပ်ချင်သူများ အများ
အပြားပါဝင်နေသည်။ဒီမိုကရေစီအရေးကို ဆုံးခန်းတိုင်အောင် မကြိုးစားကြပဲ ဒီမိုကရေစီအရေးတွင်
တိုက်ပွဲဝင်ရင်း သေဆုံးသူများ၊စီးပွားပျက်သူများ၊ဘ၀တွေပေးဆပ်ခဲ့ရသူများ၊တိုက်ပွဲဝင်နေသော
ခေါင်းဆောင်များကို သစ္စာဖေါက်ရာကျပေသည်။အာဏာရှင်တွေရှိနေလို့  နှစ်ပေါင်း ၅၀ ကျော်
ပြည်သူတွေ ဒုက္ခအမျိုးမျိုး ဖိနှိပ့်မှုအမျိုးမျိုးကို ခံနေကြရသည်။လူတစ်စုသာ ချမ်းသာနေကြပြီး
အများစုမှာ ဆင်းရဲမွဲတေမှုအောက်မှ မလွတ်မြောက်သေးပေ။
၂၀၁၄ ကြာဖြတ်ရွေးကောက်ပွဲသည် လွှတ်တော်တွင် ဒီမိုကရေစီအင်အားစုများ အားကောင်းလာ
ဖို့ အရေးကြီးသည်။ပြည်သူ့ အကျိုးဆောင်ရွက်ရန် ဆန္ဒရှိသူများအနေဖြင့် လစ်လပ်နေသော
နေရာများတွင် မိမိရရှိရေးအတွက် ပြည်သူ့ အကျိုးပြုလုပ်ငန်းများကို ရိုးရိုးသားသား ကျိုးကျိုးစားစား
ဖြင့် လုပ်အားပြဖို့ လိုအပ်ပေသည်။ဥပဒေစိုးမိုးမှုမရှိသော ၂၀၀၈ အခြေခံဥပဒေအောက်မှ ပြည်သူတွေ ဘက်ပေါင်းစုံမှ မတရားဖိနှိပ့်ခံနေရသော ဘ၀မှလွတ်မြောက်စေရန် အခြေခံဥပဒေပြင်ဆင်ဖို့ လိုအပ်
ပြီး ဖိနှိပ့်သူအာဏာရှင်တွေကို မဲမပေးပဲ ပြည်သူ့ အကျိုးတကယ်ဆောင်ရွက်မည့် ပြည်သူ့ ပါတီ ကို
ရွေးချယ်၍ မဲပေးပြီး လွှတ်တော်တွင် ပြည်သူ့ အာဏာ အားကောင်းလာစေရန်နှင့် ပြည်သူ့ ကဏ္ဍ
အင်အားမြှင့်တင်ရန်အတွက် ဒီမိုကရေစီအင်အားစုများကို ရွေးချယ်သင့်ကြောင်း နှိုးဆော်အပ်ပါသည်။
မြသိန်း