Sunday, March 23, 2014

၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး တိုင်းဒေသအသီးသီးတွင် ပြည်သူ့ ဆန္ဒထုတ်ဖော်

၂၀၁၄-၃-၂၃
အခြေခံဥပဒေပြင်ဆင်ရေး ရန်ကုန်တိုင်း ဒေါပုံမြို့နယ်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတာဟာ အရင် န၀တ စစ်အစိုးရက ၁၉၉၃ ခုနှစ်မှာ အမျိုးသား
 ညီလာခံ ခေါ်ပြီး စိတ်ကြိုက်ရေးဆွဲခဲ့တာပါ။ အားလုံးသိကြတဲ့ အတိုင်း အဲဒီ ဖွဲ့စည်းပုံကို ၂၀၀၈ ခုနှစ်
 မှ အတည်ဖြစ်အောင် လုပ်ခဲ့ကြပါတယ်။ ကြားထဲမှာ စုစုပေါင်း အချိန် ၁၅ နှစ်လောက် ယူခဲ့ပါတယ်။ ရွေးကောက်ပွဲ ကျင်းပတာ ၂၀၁၀ ဆိုရင် စုစုပေါင်း အချိန် ၁၇ နှစ်လောက် ကြာသွားပါတယ်။ ဒါဟာ မလိုလား အပ်တဲ့ အချိန်ဆွဲနည်းတစ်မျိုးဖြစ်တယ်ဆိုတာ ပြည်သူတွေကရော၊ နိုင်ငံတကာ ကရော 
အားလုံး သိကြပါတယ်။ ၂၀၀၈ ပြင်ဆင်ရေးမှာလည်း အချိန်ဆွဲနေပြီး ၂၀၁၅ နီးကပ်တော့မှ ဖြစ်သလို
ပြင်ဆင်ပြီး တရားမမျှတတဲ့ မလိုလားအပ်တဲ့ ကိစ္စတွေကို ဖြစ်ပေါ်လာနိုင်ပါတယ်။
တိုင်းပြည်နဲ့ ပြည်သူတွေအတွက် ဖိနှိပ်ပြီး အကျိုးမရှိတဲ့ အခြေခံဥပဒေတွေကို ပြင်ဆင်ဖို့  ပြည်သူတွေ
ဟာ မြန်မာနိုင်ငံ တိုင်း ဒေသအသီးသီးမှာ ဆန္ဒဖော်ထုတ်မှုတွေကို ပြုလုပ်နေကြပြီး ၂၀၀၈ အခြေခံ
ဥပဒေပြင်ဆင်ရေး တောင်းဆိုမှုတွေ အားကောင်းလာနေကာ အစိုးရကတော့ ရေငုံနှုတ်ပိတ်
 နေတာတွေ့ ရပါတယ်။