မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂ၏ ပထမဆုံးအကြိမ်ဆန္ဒပြပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၌ မတ်လ(၂၃)ရက်နေ့၊ နံနက်၈း၃ဝနာရီ၌ ကော့မှူးမြို့နယ်၊ တောင်ပိုင်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းပေါ်ရှိမြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂရုံးခန်းတွင် စတင်စုရုံးပြီး၊
ကော့မှူးမြို့အဝင်ဆိုင်းဘုတ်အထိ ဗိုလ်ချုပ်လမ်းအတိုင်း ကြွေးကြော်သံများဖြင့်
ချီတက်ခဲ့ကြသည်။အဆိုပါ ချီတက်ဆန္ဒပြပွဲသို့ ကော့မှူးမြို့နယ်၊ ထန်းတပင်မြို့နယ်၊
လှိုင်သာယာမြို့နယ်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မအူပင်မြို့နယ်၊မြောင်းမြမြို့နယ်များမှ တောင်သူလယ်သမားသမဂ္ဂအဖွဲ့ဝင်(၄ဝဝ)ကျော်ပါဝင်ခဲ့ကြသည်။
ကော့မှူးမြို့နယ်မှ သက်ဆိုင်ရာ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများသည်မြို့နယ်တွင်းရှိ တောင်သူလယ်သမားတို့၏ နစ်နာဆုံးရှုံးနေရမှုများကို ညှိနှိုင်းဖြေရှင်းပေးပါရန် အကြိမ်ကြိမ်မေတ္တာ
ရပ်ခံ တင်ပြခဲ့သော်လည်း မည်သို့မျှ အရေးယူဆောင်ရွက်ပေးခြင်းမရှိသဖြင့် ယခုလို ဆန္ဒပြရခြင်း
ဖြစ်သည်။
ထို့နောက် ဆန္ဒပြတောင်သူလယ်သမားသမဂ္ဂအဖွဲ့ဝင်များသည်ကော့မှူးမြို့အဝင်ဆိုင်းဘုတ်အနီးမှ
လှည့်ကာ လာလမ်းအတိုင်း ပြန်လည်ချီတက်လာကြပြီး တောင်သူလည်သမားသမဂ္ဂရုံး၌ ပြန်လည်
စုရုံး၍မိမိတို့တောင်သူလယ်သမားများ၏ နစ်နာဆုံးရှုံးနေရမှုများကို မိဘပြည်သူများ
သိရှိအောင် ဖွင့်ဟပြောကြားခဲ့ကြသည်။