Thursday, February 13, 2014

ရှစ်လေးလုံး ငွေရတု ဆုံးဖြတ်ချက်များ ဖော်ဆောင်ရေး ဦးဆောင် ကော်မတီ သတင်းစာ ရှင်းလင်း

၂၀၁၄-၂-၁၃
ယနေ့ ဖော်ဖော်ဝါရီလ ၁၃ ရက် နံနက် ၁၀း ၀၀ နာရီက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ၈၈
 မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ရုံးတွင်ရှစ်လေးလုံးငွေရတုဆုံးဖြတ်ချက်များ
aဖ်ာဆောင်ရေး ဦးဆောင်ကော်မတီ ၏ သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့ရာ မင်းကိုနိုင်၊ ကိုကိုကြီး
 တို့မှ အဖွင့်အမှာစကား ပြောကြားခဲ့ကြသည်။ ထို့နောက် ရှစ်လေးလုံးငွေရတုဆုံးဖြတ်ချက်များ ဖော်ဆောင်ရေးကော်မတီ ၏ သဘောထားကြေညာချက်ကို မအိအိမိုးမှ ဖတ်ကြားခဲ့ပြီး ရှေ့လုပ်ငန်းစဉ်
များနှင့်ပတ်သက်၍ တိုးကျော်လှိုင်၊ မြအေးတို့မှ ရှင်းလင်းပြောကြားခဲ့ကြကာ နိုင်ငံရေးမူဘောင်ကိစ္စကို ကိုသန့်ဇင်က ပြောကြားသွားခဲ့သည်။ သတင်းမီဒီယာများမှ မေးမြန်းသောမေးခွန်းများကို ရှစ်လေးလုံး ငွေရတု ဆုံးဖြတ်ချက်များ ဖော်ဆောင်ရေး ဦးဆောင်ကော်မတီမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြား ခဲ့ကြပြီး သတင်းစာရှင်းလင်းပွဲကို နံနက် ၁၁း ၁၅နာရီတွင်အဆုံးသတ်ခဲ့ကြသည်။