Thursday, February 13, 2014

အစိုးရမှပြုလုပ်သည့် ပြည်ထောင်စုနေ့ ဧည့်ခံပွဲ နှင့် ညစာစားပွဲ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

၂၀၁၄-၂-၁၄
အဖွဲ့ချုပ် ဥက္ကဌ၊ ပြည်သူ့လွှတ်တော်တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖော်ဝါရီ ၁၂ ရက် ညနေ ၆ နာရီ ၃၀ မိနစ်တွင် နေပြည်တော် မြို့တော်ခန်းမရင်ပြင်၌ ကျင်းပမည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ၆၇ နှစ်မြောက် ပြည်ထောင်စုနေ့ ဧည့်ခံပွဲ နှင့် ညစာစားပွဲ သို့ တက်ရောက်ခဲ့သည်။