Thursday, February 13, 2014

ငြိမ်းချမ်းစွာစုဝေးခြင်း ငြိမ်းချမ်းစွာတန်းစီလှည့်လည်ခြင်းကို ဥပဒေအရခွင့်ပြုထားသော်လည်း ချောက်မြို့  မြို့ နယ်ရဲစခန်းမှ ငြင်းပယ်


၂၀၁၄-၂-၁၃
ချောက်မြို့ တွင် ငြိမ်းချမ်းစွာစုဝေးခြင်း ငြိမ်းချမ်းစွာတန်းစီလှည့်လည်ခြင်းနှင့်ပါသက်၍ ဥပဒေကခွင့်ပြု
ထားသော်လည်း မလိုအပ်သော အကြောင်းပြချက်များဖြင့် ချောက်မြို့ နယ် ရဲစခန်းမှ ခွင့်ပြုမိန့် မပေး
ကြောင်း ငြင်းပယ်ခဲ့သည်။ နိုင်ငံတော်၏ ဖွဲ့ စည်းပုံတွင် ဥပဒေက ခွင့်ပြုထားသော်လည်း မြို့ နယ်အာဏာ
ပိုင်တွေက နည်းအမျိုးသုံး၍ ပယ်ချနေခြင်းသည် နိုင်ငံသားများ ရသင့်ရထိုက်သည့်အခွင့်အရေးများ
ဆုံးရုံးနေရသည့်အပြင် လူ့ အခွင့်အရေးကိုလည်း အာဏာပိုင်တွေက ချိုးဖေါက်နေသည်ကိုတွေ့ မြင်
ရသည်။

ခွင့်ပြုမိန့် ပယ်ချခံရခြင်းအကြောင်းပြချက်သည် ခိုင်လုံမှုမရှိ တခြားမြို့ နယ်များတွင် ခွင့်ပြုမိန့် ရရှိပြီး
ဆန္ဒထုတ်ဖော်မှုများ ငြိမ်းချမ်းစွာပြုလုပ်ခွင့် ရရှိခဲ့သည်ကိုတွေ့ မြင်ကြရပြီး ချောက်မြို့ ကို ခွင့်မပြုခြင်း
သည် ဥပဒေကို မိမိတို့ လိုရာဆွဲသုံးနေသည်မှာ ထင်ရှားနေပြီး ဥပဒေတွင် ဘက်လိုက်မှုမရှိစေရ။
အစိုးရမှ သန့် ရှင်းသောအစိုးရဟု ကြေညာထားသော်လည်း လက်ရှိ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ
မြို့ နယ်ရဲစခန်းများမှ မလိုအပ်ပဲ အာဏာအလွဲသုံးစားလုပ်နေကြသည်ကို တွေ့ မြင်ရသည်။