၂၀၁၄-၂-၂၇
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လွှတ်တော်သို့  တင်သွင်းသည့် အမျိုး ဘာသာ သာဿနာ စောင့်
ရှောက်ရေး ဥပဒေကို သမ္မတ အမည်ဖြင့် တင်သွင်းခဲ့သည်။ အမျိုး ဘာသာ သာဿနာ စောင့်
ရှောက်ရေးအဖွဲ့ ၏ လှုပ်ရှားမှုနောက်ကွယ်မှာ သမ္မတကိုယ်တိုင်ပါဝင်နေတာကို ထင်ရှားစွာ တွေ့ ရ
ပါတယ်။ တိုင်းပြည်တစ်ခုဟာ တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ဖို့ အတွက်ဆိုရင် မှီတင်းနေထိုင်ကြ
သော တိုင်းရင်းသားအာလုံးအတွက် တန်းတူညီမျှရေး၊ကိုယ်ပိုင်အခွင့်အရေးနဲ့  နိုင်ငံသားအခွင့်အရေး
လွတ်လပ်စွာ ကိုးကွယ်ခွင့် တွေအာလုံးရရှိမှ တိုင်းပြည်ဟာ ဖွင့်ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။
ဘာသာရေးမှာလည်း ဒီလိုပါပဲ နိုင်ငံတွင်းမှာ မှီတင်းနေထိုင်ကြသော တိုင်းရင်းသားအားလုံး လွတ်လပ်
စွာကိုးကွယ်ခွင့်၊ ယုံကြည်ခွင့် ဆိုတာရှိကြရမှာဖြစ်တယ်။ဗုဒ္ဓဘာသာဟာ မြန်မာနိုင်ငံတွင် ထွန်းကား
သောဘာသာဖြစ်ပြီး ဗမာလူမျိုးအများစုက ကိုးကွယ်ယုံကြည်သော ဘာသာဖြစ်သည့်အားလျော်စွာ
ဗုဒ္ဓဘာသာဝင်အများစုက မြတ်စွာဘုရား၏ ဆိုဆုံးမသြ၀ါဒများနှင့်အတူ မေတ္တာ စေသနာ ကြီးမားသူ
များဖြစ်ကြပြီး ကံ ကံ၏အကျိုးကို သက်ဝင်ယုံကြည်ပြီး ကုသိုလ် အကုသိုလ်ကို သိရှိထားသူများ ဖြစ်ကြ
လေသည်။ ကမ္ဘာတွင် ဗုဒ္ဓဘာသာသည် အမြင့်မြတ်ဆုံးဘာသာဟု အသိအမှတ်ပြုလာကြသည်။
အာဏာရှင်များလက်ထက်တွင် နိုင်ငံရေးအမြတ်ထုတ်လိုသောကြောင့် လူမျိုးရေးနှင့် ဘာသာရေးကို
ခုတုံးလုပ်ခဲ့သောကြောင့် ဗုဒ္ဓဘာသာကို အစွန်းရောက်ဘာသာဖြစ်အောင် အာဏာရှင်တို့ ၏ လုပ်ရပ်
များက သက်သေပြလျှက်ရှိသည်။ နှစ်ပေါင်းများစွာကပင် ဗုဒ္ဓဘာသာ၊ဟိန္တူဘာသာ၊ခရစ်ယန်ဘာ
သာ၊အစ္စလမ်ဘာသာဟု၍ ဘာသာကြီး ၄ ခုတို့ သည် မြန်မာနိုင်ငံတွင် တည်ရှိခဲ့ပြီး အတူတကွ သင့်မြတ်အောင်နေထိုင်လာခဲ့ကြသည်။
၁၉၆၂ ခုနှစ် ဦးနေ၀င်း အာဏာသိမ်းပြီးနောက်ပိုင်းတွင် ငြိမ်းချမ်းရေးပျက်စီးလာကာ တိုင်းရင်းသား
များနှင့် ပြည်တွင်းစစ်ဖြစ်ခဲ့ရပြီး ယနေ့ ထိတိုင် ပြည်တွင်းစစ်မီး တောက်လောင်လျှက်ရှိသည်။
တိုင်းရင်းသားများနှင့် စစ်ပွဲများကြောင့် ဘာသာရေးချိုးဖေါက်မှုများရှိခဲ့ရာ ၁၉၈၈ ခုနှစ် စစ်တပ်က
အာဏာသိမ်းခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲကျင်းပပေးခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ အနိုင်ရခဲ့
သောလည်း အာဏာလွှဲပြောင်းပေးခြင်းမရှိသောကြောင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ထူထောင်
ရန် နောက်ကျခဲ့ရပြီး အနီးနားနိုင်ငံတွေနဲ့  ယှဉ်လျှင် တိုင်းပြည်သည် အဆင်းရဲဆုံး နိုင်ငံအဖြစ်သို့ 
ရောက်ရှိခဲ့ရသည်။ စစ်တပ်မှ ဘာသာရေး ဖိနှိပ်မှုများရှိခဲ့သောကြာင့် ကမ္ဘာ့အလည်တွင် လူ့ အခွင့်
အရေးနှင့် ဘာသာရေး ခွဲခြားဆက်ဆံမှုများကို ကမ္ဘာက စစ်အာဏာရှင်တို့ အား အထည်းကျန်စေခဲ့
သည်။
၂၀၁၁ ခုနှစ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီး တွေ့ ဆုံဆွေးနွေးမှု
များဖြင့် အပေးအယူလုပ်ကာ တူတာတွေကို တွဲလုပ် မတူတာတွေကို ခွဲလုပ်ပြီး ကြီးမားသော နိုင်ငံရေး
အပြောင်းအလဲကြီးတစ်ခု ပေါ်ပေါက်လာပြီးနောက်ပိုင်း ကမ္ဘာက ပြုပြင်ပြောင်လဲရေးအပေါ်မှာ တစ်စ
တစ်စနှင့် နိုင်ငံတကာအလည်ကို တိုးဝင်လာနိုင်စေခဲ့သည်။သို့ သော်ပြုပြင်ပြောင်းလဲမှုသည် စစ်မှန်
သောဒီမိုကရေစီပြုပြင်ပြောင်းလဲမှုမဟုတ်ပဲ အာဏာရှင်တို့ သက်စိုးရှည်အောင် ရည်ရွယ်ပြီး အခြေခံ
ဥပဒေဖြင့် ထိမ်းချုပ်ထားရာ ပြင်ဆင်ပြောင်းလဲရန် အစိုးရမှ ဆန္ဒမရှိသည်ကို တွေ့ မြင်နေရသည်။
ပြည်သူအများစုကတော့ တိုင်းပြည်ဖွင့်ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာ ဒီမိုကရေစီစံနှုန်းများနှင့်
အညီ ပြုပြင်ပြောင်းလဲစေလိုသောလည်း မိမိတို့ အစိုးရမှ ဆက်လက်အုပ်ချုပ်ချင်သောဆန္ဒကြောင့်
တိုင်းပြည်တွင်း မတည်မငြိမ်ဖြစ်အောင် ဘာသာရေး၊လူမျိုးရေး၊နိုင်ငံရေး အစရှိသည်တို့ ကို ပြည်သူ
များအား သွေးထိုးပေးလေသည်။အသိပညာနည်းပါးသူ ပြည်သူတို့ အဖို့  အစိုးရ၏ ဖန်တည်းမှုလုပ်
ကွက်ထဲသို့  ရောက်ရှိသွားပြီး တိုင်းပြည်လွတ်လပ်မှု၊အေးချမ်းသာယာမှု၊အတူတကွငြိမ်းချမ်းစွာနေထိုင်
ရေး၊ ဥပဒေစိုးမိုရေးကို ငြိမ်းခြောက်လာနေပြီဖြစ်သည်။တိုင်းပြည်မငြိမ်မသက်ဖြစ်မှုကြောင့် နိုင်ငံသူ
နိုင်ငံသားတို့ ၏ အသက်အိုးအိမ်စည်းစိမ်ကိုပင် အန္တရယ် ကြရောက်လာနေလေသည်။
ယခုတခါ ဘာသာရေးကို ခုတုန်းလုပ်ပြီး နိုင်ငံရေးအမြတ်ထုတ်ရန်ကြိုးစားလာနေပြန်သည်။ကြံခိုင်ဖွံ့ ဖြိုး
ရေးအသင်းမှ တချိန်က ဒီပဲယင်းအရေးအခင်းအပါအ၀င် ကျောင်းသားလှုပ်ရှားမှုများ လူ့ အခွင့်အရေး
လှုပ်ရှားသူများ၊သံဃာ့အရေးအခင်း စသည့်ဖြစ်ပွားမှုများတွင် စွမ်းအားရှင် အကြမ်းဖက်သမားများပါဝင်ခဲ့
သည်။လက်ပံတောင် သံဃာများမီးရှို့ မှု စသည့်တို့ ကို လက်ရှိအစိုးရမှ ကျုးလွန်ခဲ့လေသည်။ အစိုးရမှ သံဃာတော်များကို တရားဟောခွင့်များ ပိတ်ပင်ခြင်း၊အပြစ်ဒါဏ်ချမှတ်ခြင်း၊လူဝတ်လဲစေခဲ့ခြင်း၊ဘုန်းတော်ကြီးကျောင်းများ ပိတ်ပင်ခံရခြင်း စသည်တို့ သည် ယနေ့ အချိန်အထိ ရှိနေပြီး အမျိုး ဘာသာ သာဿနာ စောင့်ရှောက်ရေးအဖွဲ့ ၏ လှုပ်ရှားမှုများကို ခွင့်ပြုထားသည်။ ဘာသာ သာဿနာကို ခုတုံးလုပ်ပြီး နိုင်ငံရေးအမြတ်ထုတ်ကာ သံဃာအချင်းချင်း သင်းကွဲအောင်ပြုလုပ်ခြင်း၊သံဃာတော်များ
ကို ကိုယ်ထိလက်ရောက် စော်ကားခဲ့သည့် ပြစ်မှုသည် ကံကြီးထိုက်ပေသည်။ ဗုဒ္ဓဘာသာသည် မြတ်စွာဘုရား၏ မဇ္ဈိမပဋိပဒါ - အလယ်အလတ်လမ်းစဉ် ဖြစ်ပြီး သတ္တ၀ါအခြင်းခြင်း မေတ္တာတရားရှေ့  ထား၍ အေးချမ်းစွာ တရားဘာဝနာ ပွားများကာ သာဿနာပြုကြကုန်သော သံဃာတော်များကို
အ၀ိစိကိစ္စ များပြားလှသော လူ့ လောက၏ နိုင်ငံရေးမှာ အမျိုး ဘာသာ သာဿနာဟု ပြောပြီး သံဃာတွေကို ခုတုံးလုပ်ကာ ဆူပူမှုဖြစ်အောင် ဖန်တည်းနေသည်။
၂။ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာဥပဒေ။
၃။ တလင်တမယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေ။
၎။ လူဦးရေးတိုးပွားနှုန်း ထိမ်းညှိခြင်းဆိုင်ရာဥပဒေ။
ထိုဥပဒေများသည် ဖွဲ့ စည်းပုံအခြေခံဥပဒေတွင်ပါဝင်နေပြီး ပြန်လည်သုံးသပ် ပြင်ဆင်ခြင်းဖြစ်ရမည်။
ဦးနုလက်ထက်ထဲက လက်ခံခဲ့တဲ့ ဘင်င်္ဂလီတွေကို မဆလ၊ န၀တ၊ နအဖ လက်ထက်မှာ လဒ်ပေး လဒ်ယူပြုလုပ်ကာ ခိုးဝင်လာသူတွေကို မှတ်ပုံတင်တွေထုတ်ပေး နိုင်ငံသားအဖြစ်အသိအမှတ်ပြုခဲ့
ပြီး ကြံခိုင်ဖွံ့ ဖြိုးရေးပါတီမှာ လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခဲ့ကာ အစိုးရမှ နိုင်ငံရေးပါတီထူ ထောင်ခွင့်ပေးခဲ့သောကြာင့် ယ္ခုဆိုရင် တိုင်းရင်းသားအဖြစ် တောင်းဆိုလာနေကြပါသည်။ ယခင်ဖြစ်ပေါ်ခဲ့သော ရခိုင်ဒေသ ဖြစ်ပွားမှု၊မိထ္ထိလာ ဖြစ်ပွားမှု၊ပြည်ဖြစ်ပွားမှုတို့ ၏ နောက်ကွယ်တွင် အာဏာရှင်များ ပါဝင်နေသည်ဟု ပြည်သူမျာက ဝေဖန်ခဲ့ကြသည်။ဒါဟာ ဘယ်ပါတီ ကလုပ်ခဲ့တာလဲ အနာဂတ်ကိုမတွေးပဲ လက်လွတ်စပယ် အစိုးရကလုပ်ခဲ့လို့  အခုအခါ ထိမ်းမနိုင်သိမ်းမရဖြစ်တော့မှ
မြေမျို၍ လူမျိုးမတုန်း လူမျိုမှ လူမျိုးတုန်းမည်ဟု သံဃာတွေကို အမျိုး ဘာသာ သာဿနာ စောင့်ရှောက်ရန် ဖြစ်ပေါ်လာခဲ့ရသည်။အစိုးရမှ ဆင်ကျင်တုံတရားနည်းပါးမှုကြောင့် ပြဿနာများ
ကြီးထွားလာစေခဲ့ခြင်းဖြစ်သည်။ အမျိုး ဘာသာ သာဿနာ စောင့်ရှောက်ရေးအဖွဲ့ ၏ တောင်းဆိုမှု
ကို သမ္မတမှ လွှတ်တော်သို့  ဥပဒေပြဌာန်းပေးရန်တင်သွင်းခဲ့လေသည်။
မြသိန်း

လွှတ်တော်သို့ တင်သွင်းသည့် ဥပဒေများပြဌာန်းပေးရန်ကိစ္စ
၁။ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာဥပဒေ။၂။ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာဥပဒေ။