Monday, February 24, 2014

သမိုင်းတွင်မည့် ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး ရန်ကုန် မြို့ နယ်အသီးသီးတွင် ပြည်သူများအားဖြည့် ဆန္ဒဖော်ထုတ်လျှက်ရှိ (တာမွေ-ကျောက်မြောင်း)

၂၀၁၄-၂-၂၄
၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး ပြည်သူ့ ဆန္ဒဖော်ထုတ်မှု အားကောင်းလာနေသည်ကို တွေ့ မြင် 
ရပြီး အမြို့ မြို့ အနယ်နယ်သို့  ကူးစက်လာနေသည်။

နှစ်ပေါင်းများစွာ အာဏာရှင်စနစ်အောက်မှာ ဖိနှိပ့်ခံနေရသော ပြည်သူများ ဒီမိုကရေစီပြုပြင်ပြောင်း
လဲရေးကာလကို ထိထိမိမိအသုံးပြု၍ စစ်မှန်သောဒီမိုကရေစီနိုင်ငံပေါ်ထွန်းရေးအတွက် သမိုင်းပေး
တာဝန်တစ်ခုဖြစ်တဲ့ ဖွဲ့ စည်းပုံပြင်ဆင်ရေးမှာ အာရုံစိုက်လာကြပြီး အင်အားပြည့်ပူးပေါင်းပါဝင်လာ
နေကြတာကို ဓါတ်ပုံနှင့်တကွ တွေ့ မြင်နေကြရပါတယ်။ ဒီမိုကရေစီရဲ့ အခြေခံဖြစ်တဲ့ လူမှုအဖွဲ့ အစည်း
များကလည်း အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်ပြောင်းလဲရေးမှာ အဓိက အခန်းကဏ္ဍမှပါဝင်နေပြီး
ပြည်သူ့ ဆန္ဒကို အလေးထားသောအနေဖြင့် အချုပ်အခြာအာဏာသည် ပြည်သူ့ ထံမှဆင်းသက်ရမည်
ဆိုသောကြောင့် ပြည်သူ့ ကဏ္ဍမြှင့်တင်ရေးအတွက် ဘက်ပေါင်းစုံမှ ပါဝင်လာနေကြသည်။
စာပေအဖွဲ့ အစည်းများ၊သတင်းအဖွဲ့ အစည်းများ၊လူ့ အခွင့်အရေးအဖွဲ့ အစည်းများ၊အလုပ်သမာ၊
လယ်သမားများ ရဟန်းရှင်လူ ကျောင်းသားပြည်သူများက စစ်မှန်တဲ့ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေး
အတွက် သမိုင်းတွင်မည့် ၂၀၀၈ ဖွဲ့ စည်းပုံပြင်ဆင်ရေးမှာ မိမိတို့ တတ်နိုင်သည့်ဘက်မှ တတတ်တ
အားပါဝင် ဆင်နွဲလာကြတာကို တနေ့ တက်တနေ့  တွေ့ မြင်နေရသည်။

ကျောက်မြောင်း ဆန္ဒပြပွဲ ကအားရစရာပါ သိပ်အားရတယ် လူ့ အခွင့်အရေးကိုပိတ်ကင်တားဆီးထားတဲ့ ဥပဒေများ အလိုမရှိ  ချီတက်ဆန္ဒပြပွဲအား ယနေ့ ကျင်းပခဲ့ကြောင်း သိရှိရပါတယ်။၂၀၁၄-၂-၂၃