Monday, February 17, 2014

မြန်မာ အစိုးရ သမ္မတ ဦးသိန်းစိန် ၏ ချမ်းသာကြွယ်ဝမှု – အပိုင်း(၁)

၂၀၁၄-၂-၁၇
မြန်မာ စစ်ထောက်လှမ်း ရေး အကြီး အကဲ ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့် ကို ရာထူးမှ ဖယ်ရှားခဲ့သည့် ၂၀၀၄ ခုနှစ် တွင် ကာကွယ်ရေးဝန်ကြီး ဌာန မထင်မရှား စစ်အရာရှိကြီး နှင့် တိုင်းမှုး ဟောင်း ဗိုလ်ချုပ် သိန်းစိန်မှာ သူ၏ပိုင်ဆိုင်မှုများကိုပေါ်ပေါ်ထင်ထင် စီမံခန့် ခွဲဖို့  အကြောင်း ဖန်လာခဲ့သည်။

သူလျှို ၊ စပိုင် အကြီးအကဲ ဦးခင်ညွန့်  တစ်ဇာတ်သိမ်းသွားသည်တွင် စကားနည်းပြီး အထက်
ဗိုလ်ချုပ်ကြီးများ၏ ဆဲဆိုမှုကို တစ်ချက် မတွန် ခံနိုင်ရည်ရှိသည့် ဗိုလ်ချုပ် သိန်းစိန်မှာ စစ်အစိုးရ လက်ထက်တွင် ဘုန်းတန်းခိုး ကြီးသည့်အတွင်းရေးမှူး ၁ ဆိုသည့်ရာထူးကို ရရှိခဲ့သည်။

အတွင်းရေးမှူး ၁ ရာထူးရပြီး မကြာခင်မှာပင် ရန်ကုန် ၊ မန္တလေး တွင် စီးပွားရေး လုပ်ငန်းများ
အခြေစိုက်ထားသည့် ချမ်းသာသော တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ နှင့် စီးပွားရေး
လုပ်ငန်းရှင်များ၏ လက်ဆောင်ပဏ္ဏာများ ကို ရရှိခဲ့သည်။

ကွယ်လွန်သွားရှာပြီ ဖြစ်သည့် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းထံ ချဉ်းကပ်ရန် အတွက် ဦးစွာ ပထမ ချဉ်းကပ်ရသူမှာ ဒုဗိုလ်ချုပ်ကြီး သိန်းစိန် ဖြစ်သည် ။အတွင်းရေးမှုး ၁ လက်မှတ်ပါမှ ကျန်တာဆက်လုပ် လိုရတယ် ဆိုသည့်စကားမှာလည်း ရန်ကုန် စီးပွားရေး လောကတွင် ပြောစမှတ် ဖြစ်သည်။


ဗိုလ်ချုပ်ကြီး ခင်ညွန့်  တန်ခိုးကြီးထွား စဉ်မှာ သူခွင့်ပြုလိုက်လျှင် ကိစ္စ အားလုံးပြီးသည် ဗိုလ်ချုပ်ကြီး သန်းရွှေ နှင့် ဗိုလ်ချုပ်ကြီး မောင်အေး တို့ ပင် မလိုသော်လည်း ဒုဗိုလ်ချုပ်ကြီး သိန်းစိန် လက်ထက်
 ရောက်သည့်အခါတွင်မူ သူ့ အားအောင်မြင်စွာ ချဉ်းကပ်နိုင်ခြင်းသည် မြန်မာ စစ်ခေါင်းဆောင်များကို ရင်းနှီးခွင့် ရရှိမှုအတွက် ပထမ ဦးဆုံး တံခါးပေါက် တစ်ချပ်ပင်ဖြစ်သည်။

ဗိုလ်သိန်းစိန်၏ စာမေးပွဲကို အောင်မြင်စွာ ဖြေဆိုနိုင်သူများမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၊
 ဒု ဗိုလ်ချုပ်မှူး ကြီး မောင်အေး ၊ ဗိုလ်ချုပ်ကြီး သူရ ရွှေမန်းနှင့် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းတို့ 
ထံသို့  ဆက်လက်ချဉ်းကပ်ရန် အတွက် အခွင့်အလမ်းရရှိ ကြသူများ ဖြစ်ကြသည်။

အချို့  ကတော့ ဗိုလ်ချုပ်ကြီး သိန်းစိန် အမျက်ဒေါသ နှင့် ကြုံရ ပြီး “ နိုင်ငံတော်က ချပေး သည့်
လုပ်ငန်း” ဆိုသော မြိုးမြိုး မျက်မျက် ရနိုင်သည့် လုပ်ငန်းကြီးများ နှင့် ဝေးခဲ့ကြသည်။

၂၀၀၄ ခုနှစ် ဒီဇင်ဘာလတွင် ရန်ကုန် မြို့  နေအိမ်၌ အတွင်းရေးမှူး ၁ ဗိုလ်ချုပ်ကြီး သိန်းစိန် နှင့်
ဆုံစည်းဖြစ်ခဲ့သည့် စီးပွားရေး လုပ်ငန်းရှင် တစ်ဦး က ” ဗိုလ်ချုပ်ကြီး ခင်ညွန့် လက်ထက် ကတည်းက ကျွန်တော် မျက်မှန်း တမ်းမိပါတယ်။ သူ ၀န်ကြီးချုပ် ဖြစ်ပြီး သီလ၀ါ ဆိပ်ကမ်းကို ပထမ ဆုံးအကြိမ် လာစစ်ဆေးပြီးတဲ့ နောက်မှာ သူ့ ကိုချဉ်းကပ်ဖို့  ပိုပြီးလွယ်ကူသွားတယ် ၊ ရန်ကုန်အိမ်မှာ
ပထမဆုံး အကြိမ် တွေ့ ပြီးတဲ့နောက် နေပြည်တော်အိမ်အထိ အခေါက်ပေါင်းမရေနိုင်တော့ ဘူး “ဟု
 အဆိုပါ စီးပွားရေး လုပ်ငန်းရှင်က FNG ကို ပြောသည်။

“စကားပြောလို့  ကောင်းတဲ့ လူပါပဲ ၊ အထက်လူကြီး (ဗိုလ်ချုပ်ကြီး တွေ နဲ့  ဆုံတဲ့အခါ)သူတို့  ကို
ဘယ်လို ဆက်ဆံရမယ် ၊ ဦးသန်းရွှေက ဘယ်လို ၊ ဦးမောင်အေးက ဘာကြိုက်တယ် စသဖြင့်
 ကျွန်တော့်ကို လမ်းညွန်ပါတယ်” ဟု စီးပွား ရေး လုပ် ငန်းရှင်က ထပ်လောင်း ပြောသည်။

” ပထမ ဦးဆုံး အကြိမ် အတွင်း ရေးမှုး ၁ ခေါ် ဗိုလ်ချုပ်ကြီး သိန်းစိန် ” ကို တွေ့ ဆုံစဉ်က ထိုစီးပွားရေး လုပ်ငန်းရှင်၏ ဂါရ၀ပြု လက်ဆောင်မှာ ခြင်း ဟု ခေါ်သည့် စားသောက်ဖွယ်များ နှင့် အတူ သူ၏
ကိုယ်ရေး အရာရှိ ဗိုလ်မှူးကြီးကို ပေးခဲ့သည့်ငွေ ကျပ် သိန်း ၁၀၀၀ ဖြစ်သည်။

သူ့ လိုပင် အခြား စီးပွားရေး လုပ်ငန်းရှင်များကလည်း အာဏာ ရခါစ ဗိုလ်ချုပ်ကြီး သိန်းစိန်အိမ်ကို
ဝင်ထွက်သွားလာမှု များရှိခဲ့သည်။ စစ်အစိုးရ အဖွဲ့ အတွင်း၌ ပဉ္စမ မြောက် အာဏာအရှိဆုံး ဖြစ်သည့် ဦးသိန်းစိန်ကို ဘရုနိုင်း စော်ဘွားကလည်း တန်ဖိုးကြီး မော်တော်ကား တစ်စီး လက်ဆောင်ပေးခဲ့
ပြန်သည်။

မြန်မာနိုင်ငံတွင်း၌ စော်ဘွားကြီး ဆူလတန်ဘိုကီးယား၏ စီးပွားရေးလုပ်ငန်း များများစားစား မရှိသော် လည်း ချမ်းသာသော နိုင်ငံခေါင်းဆောင် တစ်ယောက်အနေဖြင့် အိမ်နီးချင်း နိုင်ငံခေါင်းဆောင်များကို
 မိတ်ဖြစ်ဆွေဖြစ် ပေးခြင်းဖြစ်နိုင်သည် ဟု ဘန်ကောက် မြို့ တွင် တာဝန် ထမ်းဆောင်ခဲ့ဖူးသည့်
 မြန်မာသံအရာရှိ တစ်ဦး ကပြောသည်။

ဗိုလ်ချုပ်ကြီး သိန်းစိန်က စော်ဘွားကြီး လက်ဆောင်ပေးသည့် ကား လက်ဆောင် အား ထုံးစံအတိုင်း
ပင် ပြည်သူကို အသိမပေးခဲ့သော်လည်း တာဝန်သိစွာဖြင့် ဗိုလ်ချုပ်မှူးကြီးထံ အစီရင်ခံခဲ့သည်။
 ဗိုလ်ချုပ်မှူး ကြီး က ” ဗိုလ်ချုပ်ကြီး မကြိုက်ရင် လည်းပြန်ရောင်းလိုက် ၊ ကြိုက်ရင် လည်း စီး” ဟု
 သာ ပြောပြီး ခွင့်ပြုခဲ့သည် ဟု သိရသည်။

နောက်တွင်တော့ စူလတန် စော်ဘွား ကြီး၏ မော်တော်ကားမှာ သူ ၏ ကားဂိုဒေါင်ထဲတွင်သာ
သိမ်းဆည်းထားခဲ့ပြီး သမ္မတ ဖြစ်ပြီး နှစ် အတန်ကြာမှ သာ ရံဖန် ရံခါ ထုတ်စီးသည် ဟု သိရသည်။

ဝန်ကြီးချုပ် တာဝန် မထမ်းဆောင်ခင် ကာလတွင် ဗိုလ်ချုပ်ကြီး သိန်းစိန်၏ ဘဏ္ဍာတိုက် အသွင်း
အများဆုံး စီးဝင်သည့် ငွေရင်းမြစ်များ အနက်မှ အဓိက အကျဆုံးမှာ နေပြည်တော် မြို့  သစ် တည်ဆောက်ရေး လုပ်ငန်းခွင်များ အတွက် ဖြစ်သည်။

နေပြည်တော် တည်ဆောက်ရေးအတွက် ကန်ထရိုက်ရသည့် ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ် များမှာ
အတွင်းရေး မှူး ၁ ၏ အိမ်ကို ၀င်ထွက် သွားလာဖူးကြသူ များရှိခဲ့သည်။ သို့ သော် လက်ကြီး
သက်သက် ၀င်ထွက်၍မရ လက်ဆောင်လေး တစ်ခုတော့ ပါမှ ဖြစ်သည်။ အနည်းဆုံးတော့
 Rolex Oyster Perpetual လိုနာရီမျိုးလေးလောက်မှ ဖြစ်သည် ဟု ဗိုလ်ချုပ်ကြီး သိန်းစိန် ဇနီး ဒေါ်ခင်ခင်ဝင်း နှင့် သားသမီးများ သုံးဦး နှင့်ပါ ရင်းနှီးသူ တစ်ဦး က FNG ကို ပြောပြသည်။

စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်  နှင့် ရင်းနှီးပြီး သွင်းကုန်၊ထုတ်ကုန်
 နှင့် အခြား စီးပွားရေး အကြီးအကျယ်လုပ်ခွင့်ရသူများသည် ၊ စပိုင် အကြီးအကဲရာထူးမှ ဖယ်ရှားခံ
ရသည့်အခါ ဗိုလ်ချုပ်ကြီး သိန်းစိန်ကို ပိုပြီး ချဉ်းကပ်လာခဲ့ကြသည်။

ထိုအထဲတွင် ရန်ကုန်၌ စီးပွားရေးများ အခြေတည်နေပြီဖြစ်သည့် ဘိန်းဘုရင်လော်စစ်ဟန် တို့  လို ပုဂ္ဂိုလ်များပင် ပါဝင်သည်။ ၁၉၈၇ ခုနှစ် ၌ ရှမ်းပြည် မြောက်ပိုင်း ခလရ ၈၉ တွင် ဗိုလ်မှူး အဆင့်ဖြင့် တာဝန်ထမ်းဆောင်စဉ်ကပင် ဘိန်းဘုရင် အချို့  နှင့် သိကျွမ်းခဲ့သည့် ဗိုလ်ချုပ်ကြီးသည် ၁၉၉၈ခုနှစ် တြိဂံဒေသတိုင်း၏ တိုင်းမှူးတာဝန် ထမ်းဆောင်သည့်အခါတွင်မှာတော့ ဘိန်းဘုရင် အိုကြီး နှင့် ပိုပြီး
 ခင်မင်ခဲ့သည်။ လောစစ်ဟန် ၏ Asia World ကုမ္ပဏီမှ တင်သွင်းလိုသည့် တရုတ်နိုင်ငံမှ ပစ္စည်း
များကို တြိဂံဒေသတိုင်း တိုင်းမှူးကြီး မိမိ ဥစ္စာဓနလိုပင် ကာကွယ်စောင့်ရှောက်ကာ ချောချောမွ့ 
မွေ့  တင်သွင်းခွင့် ပြု ခဲ့သည်။

အတွင်းရေး မှူး ၁ တာဝန် ထမ်းဆောင်ပြီး လအနည်း ငယ်အကြာတွင် ဗိုလ်ချုပ်ကြီး သိန်းစိန် အား ဘိန်းဘုရင်အိုကြီးက သွားရောက်တွေ့ ဆုံပြီး သူ၏ ဥစ္စာဓနများအတွက် အာမခံချက်ပေးပါရန် ပွင့်ပွင့် လင်းလင်း ပင်ပြောကြားခဲ့သည်။ သား ဖြစ်သူ စတီဗင် လော နှင့် ဇနီးလည်း ပါဝင်သည့် ထိုတွေ့ ဆုံ
မှုတွင်ဗိုလ်ချုပ်ကြီး သိန်းစိန်က ဘိန်းဘုရင် အိုကြီး၏ စီးပွားရေး လုပ်ငန်းများအတွက် အာမခံ ချက်ပေး
ခဲ့ပြီး နောင် လ အနည်းအကြာတွင်တော့ ရန်ကုန် နိုင်ငံတကာ လေဆိပ် အဆင့်မြှင့်ရေး ၊
နေပြည်တော် ဆောက်လုပ်ရေး လုပ်ငန်းများအတွက် အမေရိကန် ဒေါ်လာ သန်းချီတန်သည့် လုပ်ငန်း များကိုချပေးခဲ့သည်။

(လော်စစ်ဟန်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၊ ဒု ဗိုလ်ချုပ်မှုး ကြီး မောင်အေး ၊ ဗိုလ်ချုပ်ကြီး သူရ
 ရွှေမန်းတို့ နှင့်ပါ ရင်းနှီးခဲ့ ပြီး ထိုကာလအတွင်း ၌ ထို ဗိုလ်ချုပ်ကြီးများ နှင့် တွေ့ ဆုံခဲ့ကာ သိန်းထောင်
 ချီ အသုံးပြုပြီး သူ၏ ဓနဥစ္စာများကို ကာကွယ်မှု ပြုခဲ့သည်)

သူတို့  နှစ်ဦး တွေ့ ဆုံမှုတွင် မြန်မာ ဗိုလ်ချုပ်ကြီးအား ကိုးကန့်  စော်ဘွားကြီး၏ သက်တော်စောင့်
 ဟောင်းက များ ပြားလှသည် ငွေကြေး ပမာဏာကို လက်ဆောင် အဖြစ် ပေးလိမ့်မည်ဟု တပ်တွင်း အရာရှိကြီး တစ်ချို့ က ခန့် မှန်းကြသည်။

ဝန်ကြီးချုပ် ဟောင်း ဗိုလ်ချုပ်ကြီး စိုးဝင်း ၏ အပါးတော်မြဲ ဟောင်း တစ်ဦးက အနဲဆုံး မြန်မာငွေ သိန်း နှစ်ထောင် လောက်ပဲ ဟု FNG ကို ပြောပြသည်။

အောင်မြင်သော တွေ့ ဆုံ မှု အပြီး တွင် ဘိန်းဘုရင် အိုကြီး က အချက် ပြ
လိုက် ရာ ကိုးကန့်  ခေါင်းဆောင် ဖုန်ကြားရှင် ၊ ပိုင်စိုးချိန် နှင့် ၀ ခေါင်း
ဆောင် ပေါက် ယူချန်းတို့  လည်း မြန်မာ ဗိုလ်ချုပ်ကြီး ကို အလျှိုအလျှို သွား
ရောက် တွေ့ ဆုံ ခဲ့သည်။

နောက်တော့ ဖားကန့် ဒေသ နယ်မြေအချို့ ကို စိုးမိုးထားသည့် KIA အရာရှိများလည်း ပါဝင်ခဲ့သည်။
သူတို့ ကား စစ်ထောက်လှမ်းရေး ခေတ်လွန် မြန်မာဗိုလ်ချုပ်ကြီးများ နှင့် တွေ့ ဆုံမှုတွင် ဗိုလ်ချုပ်ကြီး
များ အကြိုက် အမေရိကန်ဒေါ်လာများကို သယ်ဆောင် သွားကြသူများ ဖြစ်သည်။

မြန်မာ့ တပ်မတော်မှအရာရှိဟောင်း တစ်ဦးကမူ ဗိုလ်ခင်ညွန့် ကို ဖြုတ်လိုက်ခြင်းဟာ ဘိန်းဘုရင်တွေ
၏ ရန်ကုန်ရှိ စီးပွားရေး လုပ်ငန်းများ၏ ဆက်ကြေးကို တပ်မက်၍ ဖြစ်သည် ဟု ဆိုသည်။

ဤသည်ကား အတွင်းရေးမှူး ၁ အဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် ပထမ တစ်နှစ်အတွင်းမှာပင်
သူ ရရှိခဲ့သည့် တန်စိုးလက်ဆောင်များပင် ဖြစ်သည်။

၂၀၀၇ ခုနှစ် အောက်တိုဘာလတွင် ဗိုလ်ချုပ်ကြီး စိုးဝင်း ကွယ်လွန် သည့် အခါ ဦးသိန်းစိန်
 တစ်ယောက် မရွယ်ဘဲ နှင့် စော်ကဲ မင်း ဖြစ်လာသည်။ ဗိုလ်ချုပ်မှူးကြီး နှစ်ဦးက သူ့ ကိုဝန်ကြီးချုပ်
ရာထူးသို့  တိုးမြှင့် ပေးခဲ့သည်။

စစ်တပ် အရာရှိကြီးများ သတင်းရပ်ကွက်တွင်တော့ အသံမထွက်အောင် အရိုးပါမကျန်ကိုတ်တတ်မှု ကြောင့် ရာထူး တိုးသည်ဟု ဆိုကြသည်။

မြန်မာ အစိုးရ သမ္မတ ဦးသိန်းစိန်၏ ချမ်းသာကြွယ်ဝမှု – အပိုင်း(၁) သည် FNGနှင့် Myanmar Corruption Report တို့  ၏ ပူးတွဲ အစီရင်ခံစာ ဖြစ်သည့် မြန်မာ အစိုးရဌာနများ၏ အကျင့်ပျက်ချစား
မှု ငွေကြေး အမေရိကန် ဒေါ်လာ တစ်ဘီလျှံ နီးပါး အစိတ် အပိုင်းတစ်ခု ဖြစ်သည်။

FNG