Wednesday, January 29, 2014

“ခြေ/ဥ ပြင်ရေး မပြင်ရေး”

၂၀၁၄-၁-၂၉
ဟိုးရှေးရှေးတုန်းက တွဲရေးတို့ ခွဲရေးတို့ အငြင်းပွားခဲ့သလိုပဲ သည်ကနေ့ ကိုယ်တို့ခေတ် ကိုယ်တို့အခါမှာ အငြင်းပွားစရာ ဖြစ်လာတာကတော့ နာဂစ်ခြေ/ဥ လို့ ခေါ်ကြတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ
အခြေခံဥပဒေ ကို ပြန်လည်ပြင်ဆင်ရေးဆွဲမှာလား ဆိုတဲ့ ပြဿနာပဲ ဖြစ်ပါတယ်။ သိပ်မကြာခင်မှာ
၂၀၁၅ ရွေးကောက်ပွဲကြီးကလည်း လာတော့မှာဆိုတော့ ၂၀၁၀ မတိုင်ခင်က လက်တွေ့ကျင့်သုံးမကြည့်
ပဲ ဘယ်သူသေသေ ငတေမာပြီးရော အတည်ပြုခဲ့တဲ့ဟာကြီးကို လှေနံဓါးထစ် ဆက်သုံးရင် လက်တွေ့မှာ မှားပြီးသားအမှားတွေ ထပ်ခါထပ်ခါပြန်ကျော့နေတော့မှာပေါ့။ ပြင်စရာရှိတာလေးတွေ ညှိညှိနှိုင်းနှိုင်း ပြင်ပြင်ဆင်ဆင်ကလေး လုပ်ကြရင် မကောင်းဘူးလား။ တော်ပြီ။ လုံလောက်ပြီ။ ထပ်မပြောနဲ့တော့။ အဲသလောက် ပါးစပ်ဟလိုက်ရင် အူဘယ်နှစ်ခွေ မင့်ဝမ်းထဲရှိသလဲ တို့သိပြီ။ မင်းလည်း ဟိုပုတ်ထဲက ဟိုပဲပဲလို့ တံဆိပ်မကပ်ခင် မြင်သမျှတွေးသမျှကလေးတွေ လက္ကားပေးလိုက်ပါရစေ။ နောက်မှ မဟုတ်
ဘူး မယုံဘူးဆိုလည်း လွှင့်သာပစ်ခဲ့။

 တကယ်တမ်းကျ အဲသည်ဟာကြီးကို ဘယ်သူကမှ စိတ်ဝင်တစား ဆွေးနွေးငြင်းခုန် နေတာလည်း မဟုတ်ပါဘူး။ ကိုယ့်အာရုံနဲ့ကိုယ်ပါ။ မနေနိုင်မထိုင်နိုင် မီးခဲကိုင်ထားပြီး နောက်နှစ်ခါ တန်ဆောင်မုန်း ပွဲကြည့်လိုက်ဦးမလို့ အားခဲထားသူတွေသာ စံပယ်ခွေ ပန်ချေဦးမလေ၊ တဘက်ပြာခြုံလိုက်ဦးမလေ လုပ်နေတာ။ အရင်တခါ ဆန္ဒခံယူတုန်းက ကြည့်ပါလား။ ကိုယ့်အိမ်မယ် ကမ္ဘာပျက်တဲ့သူပျက်နေပြီ။ ကိုယ့်အမျိုးသားချင်းတွေ ကယ်ပါယူပါ ဒုက္ခပင်လယ်ဝေနေပြီ။ ဘာမှမဖြစ်တဲ့ ရန်ကုန်မှာတောင် ရေဒုက္ခ၊ မီးဒုက္ခ၊ သွားရေးလာရေးဒုက္ခတွေကြောင့် တောင်မင်းမြောက်မင်း မကယ်နိုင်ဘူး။ ဒီလိုအချိန်ကြီး အင်းလိုက်ပါ အင်းလိုက်ပါ လာလာအော်နေတာ နားညီးမခံနိုင်လို့ကို ပြီးပြီးရော အင်းပလိုက်တာ။ ကိုယ်မအင်းလည်း သူ့ဘာသူ အင်းယူတာပဲ မဟုတ်လား။ ဘာထူးလို့လဲ။ မြန်မာတပြည်လုံး အုံးအုံးကြွက်ကြွက် ထောက်ခံထားတာဆိုတာ အဲသည်စကားပြောနေတဲ့သူကြီးကိုယ်တိုင် ယုံသလား။ ကိုယ့်ဘာသာ ကိုယ့်ဘုရားရှေ့ကိုယ်ထိုင်ပြီး ပြန်မေးကြည့်။

  ဒီထက်ပိုပြီး တိတိကျကျတောင် ပြောပြနိုင်သေးတယ်။ ထောက်ခံမဲရဖို့ ဘာတွေဘယ်လိုလုပ်ခဲ့ရတယ်
ဆိုတာ။ ယုတ္တိမရှိမှာစိုးလို့ ၁၀၀% တော့ မလုပ်ပါနဲ့ ၉၈% လောက်ဆို တော်ရောပေါ့လို့ လုပ်ခဲ့မိတာ
aတာင် အထုအထောင်းမလွတ်ဘူး။ ဘာလို့ဆိုတော့ ယုတ္တိရှိချင်ရှိ မရှိချင်နေ။ ငါတို့နယ်က ၁၀၀%
ကွာ လို့ မျက်နှာပြောင်ပြောင် တင်တဲ့မဲရုံတွေကိုသာ ဆုတော်လာဘ်တော်များ ပေးသနားတာ။ ဘယ်လိုပဲဖြစ်ဖြစ်လေ။ အဲသဟာကြီးမပြီးရင် မပြီးမချင်း ထိုင်ဆွဲနေဦးမှာဆိုတော့  မတော် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းတိုင်သွားတော့ ဘယ့်နှယ်လုပ်မတုန်း။ ကမ္ဘာပေါ်မှာ ကိုယ့်ထက်ကြာအောင် ဆွဲနိုင်တဲ့
သူတောင် မရှိဘူး။


 အဲသလောက်ကြီးကို လိုချင်သမျှ စိတ်တိုင်းကျအောင် ဆွဲထားမင့်ဟာ ဘာပြင်စရာလိုလို့တုန်းဆိုရင် အဲသည်စကားကို တခြားအတိုက်အခံတွေ တစ်ယောက်မှ ထည့်မတွက်ပဲ မဲအများဆုံးနဲ့ အစိုးရအဖွဲ့ ဖွဲ့ထားတဲ့ ကြံဖွံ့ပါတီကြီးတစ်ခုတည်း အတွက်ပဲ စဉ်းစားပါ။ ဟုတ်လို့လား။ တကယ် စိတ်တိုင်းကျပြီလား။ လူကြီးမင်းများ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တော်မူရတာ အံကျစံကိုက် နှစ်ခြိုက်တော် မူပါရဲ့လား။ တခြားမစဉ်းစားပါနဲ့။ ပါတီဥက္ကဋ္ဌအသစ် ရွေးထားလို့လား။ သမ္မတကြီး နတ်သက်ကြွေလို့ ပြန်လာတော့ ဥက္ကဋ္ဌနေရာ ပြန်ပေးမှာလား။ နောက်က၀င်ပြီး တန်းစီ အလှည့်စောင့်ရမလား။ သမ္မတကြီးရယ်
လွှတ်တော် ဥက္ကဋ္ဌကြီးတွေရယ် အတူတူထိုင်နေရင် ဘယ်သူ့ကိုအရင် လက်ဘက်အစ်ချမှာလဲ။ ဘုရားသုံးဆူ ဆွမ်းတော်ကပ်သလို ဘယ်သူ့ကိုမှ မပိုမလို တန်းတူကလေး ဦးတော်တင်နိုင်လို့လား။
ဒါဆိုရင် ကာချုပ်ကြီးလာတော့ ဘယ်နေရာမှာ ထားမလဲ။ သူကတော့ သွားလေသူကာချုပ်ကြီး လမ်းညွှန်ချက်အတိုင်းပဲ သွားမှာဆို။ သမ္မတကြီးလမ်းညွှန်ချက်က ဘယ်နားသွားထားလို့ပါလိမ့်။ အဲသည်အရာအားလုံးကို အာဏာခွဲဝေသတ်မှတ်မှု လို့ ခေါ်ပါတယ်။ အဲသည်အာဏာတွေကို အခြေခံဥပဒေအရ သတ်မှတ်ခွဲဝေထားပါတယ်။ ၂၀၀၈ အခြေခံဥပဒေမှာ အဲ့ဒါတွေအားလုံး အသေးစိတ်ရေးဆွဲ အတည်ပြုထားပါတယ်။ ဒါပေမယ့် အဲသည်အခြေခံဥပဒေကြီး လှုပ်ရှားသက်ဝင် လာတာက ၂၀၁၀ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရနဲ့ လွှတ်တော်လက်ထက်ကျမှ အကောင် အထည်ပေါ်လာတာပါ။ တကယ်တမ်း လက်တွေ့လုပ်ကိုင်ကြည့်တဲ့အခါ နည်းနည်းလေးမှ ပြုစရာပြင် စရာမရှိတော့ဘူးလား။ အလုံးစုံ စင်းလုံးချောသော အခြေခံဥပဒေကြီးဆိုတာ ကမ္ဘာပေါ်မှာ ရှိလို့လား။ သူများတွေလည်း သည်လိုပဲ ပြင်ယူရတာပဲ။ ထပ်ခါထပ်ခါ မပြင်တာသာရှိတာ။ သူငယ်တန်းကလေး
aတွ အားလုံးကို ခဲဖျက်တပ်ပေးတယ်။ ကိုယ်တို့ဆီမှာ အခုမှအစိုးရတစ်ဆက်ပဲ ဒါကြီးနဲ့ အလုပ်လုပ်ဖူး
တာ။ ခဲဖျက်မသုံးရင် စာရွက်တွေ ပြဲကုန်လိမ့်မယ်။

 ဒုတိယအဆင့်အနေနဲ့ စဉ်းစားရမယ်ဆိုရင်တော့ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်/တိုင်းဒေသကြီး
အစိုးရ အကြားက အာဏာခွဲဝေမှု၊ အုပ်ချုပ်မှု၊ စီမံခန့်ခွဲမှု များ ဖြစ်ပါတယ်။ တော်တော်ကိုရှုပ်ထွေး
ပါတယ်။ ကိုယ်တွေ့ဥပမာတစ်ခု ပေးပါ့မယ်။ ရခိုင်ပြည်နယ် အမ်းဆေးရုံမှာ အလုပ်လုပ်နေတုန်းက ဆေးရုံကိုလာတဲ့ ဗီအိုင်ပီဆိုတာ ပြည်ထောင်စုဝန်ကြီးတွေကိုပဲ ခေါ်တာ။ သူတို့ပြီးရင် တိုင်းမှူးကို
 ခေါ်မယ်။ သူတို့ချင်း ဘယ်သူက ဘယ်သူ့ကို လာတွေ့ရမှာဆိုတဲ့အထာတွေတောင် ရှိသေး။ ပြည်နယ်အဆင့် ၀န်ကြီးမင်းများကျတော့ စစ်တွေက ၀န်ကြီးရုံးက တိုက်ရိုက်အုပ်ချုပ်တဲ့ ပြည်နယ်မှူးလောက်တောင် ပါဝါမရှိဘူး။ သွားရင်းလာရင်း တွေ့တောင် “နေကောင်းတယ်နော်။ ထမင်းစားပြီးပလား” လောက်ဆို ၀တ်ကျေဝတ်ကုန်ပြီ။ အကျိုးလိုလို့ သူတို့ဆီညောင်ရေလောင်းရင် ဆုတောင်း မပြည့်တတ်ဘူး မဟုတ်လား။ လူဆိုတာ ဘုရားချင်းတူတူတောင် ဆုတောင်းပြည့် မြတ်စွာဘုရားသခင် လို့ ကမ္ဗည်းတင်မှ ဆွမ်းကွမ်းမညှိုးတာ။ သူများကို သရော်မော်ကား ပြောတာ မဟုတ်ရပေါင်။ အဲသည်အပိုင်းကလေးတွေမှာ အဖေကြီးအဘကြီးတို့ အဆင်ပြေအောင် ဒူးနေရာတော်နေရာ ခွဲခြားထားမှ ကျေးတော်မျိုး ကျွန်တော်မျိုးများ ပြောမှားဆိုမှား အမိုက်မဲနည်းပါ လိမ့်မယ်။ ပြင်စရာတွေ မရှိဘူးဆိုလည်း ပြီးတာပါပဲ။

ဘယ်နည်းနဲ့မှ လာမထိနဲ့။ မီးပွင့်သွားမယ်ဆိုတဲ့ နေရာ တစ်နေရာ ရှိပါသေးတယ်။ အဲဒါကတော့ တစ်မတ်သား တစ်မတ်သားလို့ ပြောပြောနေကြတဲ့ တပ်မတော်သား ကိုယ်စားလှယ်တော်များ ကိစ္စပါ။ သူတို့ခမျာ ၀င်ဆိုဝင်ရတယ်။ ထွက်ဆိုထွက်ရတယ်။ ဘာမှလည်း ကိုယ့်သဘောနဲ့ကိုယ် ၀င်ပြောခွင့် မရှိဘူး။ ပြောဆိုတဲ့ဟာသာ ပြောရတယ်။ အရေးအကြီးဆုံးနေရာက ဆန္ဒမဲပေးတဲ့နေရာပဲ။ သူတို့စိတ် သူတို့သဘောမှ မဟုတ်ပဲ။ ကာချုပ်ကြီး အမြှောက် ၂၅ ဖြစ်ဖို့ အလကားသက်သက် ငုတ်တုတ်လာထိုင် ရတယ်။  သည်ကြားထဲ မတော် ငိုက်မိရင် ဂျာနယ်ပေါ် ရောက်ရောက်သွားသေးတာ။ အရင်တစ်ခါလို ကြိုတင်မဲမရခဲ့သော် ကာချုပ်မဲနဲ့ အစိုးရဖွဲ့လို့ရအောင် စီမံထားတာ။ ဒါကြီးကြောင့် ကြံ့ဖွံ့က ၃၆% ရရင်
ကို အစိုးရဖွဲ့နိုင်ပြီ။ ဒါနဲ့လည်း အားမရသေးဘူး။ ဒုသမ္မတ နှစ်ယောက်မှာ တစ်ယောက်က တပ်ဘက်က တင်ရမှာ။ ကမ္ဘာတည်သရွေ့ စစ်တပ်က အာဏာရှိနေအောင် လုပ်ထားတာ။ အဲဒါကြီးအတွက်
ကျုပ်တို့က ပူရမယ့်အစား သူတို့ကပဲ စီစဉ်သလို မဖြစ်မှာစိုးလို့ အိပ်မပျော်စားမ၀င် ဖြစ်နေတာ။ စဉ်းစားကြည့်စမ်းပါ။ အခုလက်ရှိအစိုးရကို တကယ်ပဲ အရပ်သားအစိုးရလို့ ပြောလို့ရလား။ မစစ်တစစ်အစိုးရလို့တောင်  မပြောနိုင်ဘူး။ စစ်စစ်စစ်စစ် နဲ့ကို မြည်နေတဲ့အစိုးရ။ သမ္မတကြီးက အရပ်သားလား။ ဥက္ကဋ္ဌကြီးတွေက အရပ်သားလား။ ဘယ်ကလာကြပါလိမ့်။ အစိုးရအဖွဲ့ထဲ တပ်က မလာတဲ့သူ လက်ချိုးရေရင်တောင် ဘယ်ကနေညာကို မကူးဘူး။ ဌာနဆိုင်ရာဘက် ဆင်းလိုက်ပါဦးလေ။ ညွှန်မှူးနှင့်အထက်မှာ အကုန် ဘောင်းဘီချွတ်တွေချည့်ပဲ။ အမယ်ကြီးအို နန်းတက်ရင်တောင် တပ်မပါပဲ ဘယ်လိုမှ အုပ်ချုပ်လို့ မရနိုင်ဘူး။ ဘာမှပူမနေနဲ့။ သည့်ထက်စိတ်ချရတာတောင်မှ သည့်လောက် စိတ်မချရတာ ရှိသေးတယ်။ ကာလုံ ၁၁ မဲမှာ သမ္မတက ခန့်ထားတဲ့သူ သူပါနဲ့မှ သုံးမဲ ပဲရှိတယ်။ ကာချုပ်ဖက်မှာ ကာချုပ်၊ ဒုကာချုပ်၊ တပ်ဘက်လာ ဒုသမ္မတ၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေး
ဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး အားလုံး တပ်ကချည့် ၆ မဲ ရှိသတဲ့။ ဘယ်သူက ဘယ်သူ့စကား
နားထောင်ရမှာတုန်း ပြောစမ်းပါဦး။ အားလုံးရဲ့အထက်မှာ ဘယ်သူရှိသလဲ ရှင်းနေတာကြီး။

တချို့က ပြောကြတာကတော့ အဲသည် ၂၀၀၈ အခြေခံဥပဒေဆိုတာ အငြိမ်းစားစစ်ဘုရင်ကြီးက နောက်ကွယ်ကနေ ထိမ်းချုပ်ကြိုးကိုင်နိုင်အောင် ရေးဆွဲထားတာ ဖြစ်ပါသတဲ့။ ဟုတ်သည် မဟုတ်သည် မဆိုလိုပါဘူး။ ဟုတ်နေရင်တောင် အဲသည် အငြိမ်းစား စစ်ဘုရင်ကြီးက နတ်ရွာမလားနိုင်တဲ့ အမတကြီး
မှ မဟုတ်တာ။ သူမရှိတော့တဲ့အခါ တတိုင်းတပြည်လုံး အဲဒါကြီးနဲ့ ငုတ်တုတ်မေ့ကျန်ခဲ့မှာစိုးလို့ ပြင်ဖို့လိုတယ် လို့ ပြောတာပေါ့။ သူက စစ်ဆုတ်တဲ့ဗျူဟာဆိုရင် အချိန်တန် တပ်တွေ ရုတ်ရမှာပေါ့။ တခါက သူကြီးငပေဟာ လူမုန်းများလွန်းလို့ တစ်ရွာလုံးက အော့ကြောလန်သတဲ့။ သေခါနီးတော့ ရွာကလူတွေ အကုန်ခေါ် တောင်းပန်ပြီး သူသေရင် တစ်ပိုင်းစီ မြှုတ်ပေးပါ လို့ အပျော့ဆွဲကလေးဆွဲသတဲ့။ သေပြီဆိုမှတော့ ခွင့်လွှတ်ရတာပေါ့။ သူတစ်ပိုင်း ငါတစ်ပိုင်းပိုင်းပြီး သင်္ချိုင်းကုန်းပို့တဲ့အခါ ဟိုမှာစောင့်နေတဲ့ ရဲက အလောင်းဖျောက်ဖျက်မှုနဲ့ တစ်ရွာလုံး ဆွဲစိရော။ ငပေတို့များ သေတာတောင် ဒုက္ခပေးသွားသေးသဟဲ့လို့  ရွာက ကျိန်ဆဲကြပြန်သတဲ့။ သွားလေသူကြီးကတော့ အဲသလောက် ယုတ်မာမယ် မထင်ပါဘူးလေ။ လောလောဆယ်မှာ ဦးသိန်းစိန်၊ ဦးရွှေမန်း၊ ဒေါ်စု၊ မင်းအောင်လှိုင်ဆိုပြီး မင်းလေးပါး ဖိုခနောက်ဆိုင်တည်နေပေမယ့် သူတို့လုပ်နိုင်လှ နောက် ၁၀ နှစ်ပေါ့။ ကာချုပ်ကလွဲရင် ခြောက်ဆယ်အောက် တစ်ယောက်မှ မပါဘူး။ ပြင်တယ်ဆိုတာ သူတို့အတွက် ဘယ်ဟုတ်ပါ့မလဲ။ နောင်လာနောက်သားတွေအတွက်၊ တိုင်းပြည်အတွက် ပြင်ရမှာ။

သည်လိုဆိုရင် နောင်လာနောက်သားများအတွက် တိုင်းပြည်အတွက် ၅၉ (စ) ကြီးကိုလည်း ဘယ်ပြင်လို့ ဖြစ်ပါ့မလဲဆိုပြီး ၀မ်းသာအားရ ခေါင်းထောင်လာတဲ့သူတွေ မြင်နေရပြီ။ သိပ်ကြောက်သွားသလား ကိုအောင်ဒင်ရယ်။ မြက မိန်းမသားပါ။ သူသမ္မတ ဖြစ်လာမှာ သည်လောက်ထိလည်း ကြောက်မနေပါနဲ့။ ဖြစ်လာတောင် ဘာမှ လုပ်လို့မရပါဘူး။ တိုင်းပြည်အတွက်ပဲ လုပ်ရမှာ။ တကယ်တမ်းတော့ နိုင်ငံရေးမှာ မိတ်ဆွေရယ် ရန်သူရယ် မရှိပါဘူး။ ကိုယ့်တာဝန်ကိုယ် ကျေအောင်လုပ်၊ တိုင်းပြည်အတွက်ဆို ဘယ်သူနဲ့မဆို အလုပ်တွဲလုပ်နိုင်ရမယ်။ ကိုယ်နဲ့ ချစ်တဲ့သူ၊ ပုလဲနံပသင့်တဲ့သူတွေချည့်ပဲ အရည်အချင်း
ရှိရှိ မရှိရှိ၊ လက်တွဲလုပ်ချင်သလား။ အဲဒါ ဦးနေ၀င်းကြီးလက်ထက်က လူကောင်းလူတော်ဆိုတဲ့ ဖော်မြူလာကြီး။ ငါ့စကားနားထောင်ပြီးရော။ မတတ်သင်ပေးမယ်ဆိုတာကို လူကြားကောင်းအောင် ပြောတာ။ အဲသည်နည်းက ဘာမှ မကြာဘူး။ ပေါင်းစားပင်းစား၊ ဝေစားမျှစား၊ အုပ်စုဖွဲ့၊ ဂိုဏ်းဂဏ၀ါဒ
aတွ ကြီးစိုးလာရော။ အမှန်တရားနဲ့လည်း ဝေးသထက်ဝေးလာစေတယ်။ မော်စီတုံးရော၊ ဦးနေ၀င်းရော အဲသည် Yes တွေနဲ့ အဆိပ်သင့်သွားတာ။ အစိုးရအဖွဲ့ထဲ အတိုက်အခံပါနေမှ လုပ်စရာရှိ ထိန်းထိန်း သိမ်းသိမ်း၊ ဝေစားမျှစားမလုပ်သာပဲ နင်လည်းမမှားစေနဲ့။ ငါလည်း မမှားစေရဘူးဆိုပြီး ကိုယ့်အလုပ် ကိုယ်လုပ်တာ။ အပြန်အလှန် လေးစားသမှု ရှိဖို့ပဲလိုတယ်။ အခု တို့မေကြီး လွှတ်တော်ထဲရောက်လာ
aတာ့ အင်မတန် နံမယ်ကျော်သောဘဘကြီးတွေလည်း မကောင်းလို့မရ။ အနည်းဆုံးတော့ ကောင်းချင်ယောင်ဆောင်ပြရတော့မယ် မဟုတ်လား။ ဟိုတုန်းကလို စိန်စကားရွှေစကားတောင် မကြားရတော့ဘူး။ အပြိုင်အဆိုင် ဆင်းရဲပြနေလိုက်တာ။ “ဤဖေဖေသည် သားကလေး၏ မေတ္တာရိပ်အောက်တွင် ရှိပါသောကြောင့် ကြွရောက်လာသူအားလုံး ချမ်းသာကြပါသည်။” လို့ လေသံပြောင်းသွားတယ်။ သူ့ကိုလည်းပဲ ဘဘကြီးတို့ ရွှေဘုန်းတော်တိုးဖို့ မရှိမဖြစ် လိုအပ်တယ် လို့ သိစေချင်တာပါ။

တကယ်တမ်း စဉ်းစားကြည့်ရင် သည်အသက်သည်အရွယ်ရှိနေတဲ့ အမျိုးသမီးကြီးဟာ တစ်သက်လုံး သူ့ဘ၀၊ သူ့သားသမီးဘ၀နဲ့ ရင်းလာခဲ့တဲ့ ဂုဏ်သိက္ခာ၊ နိုင်ငံတကာ အသိအမှတ်ပြုထားတဲ့ ပုံရိပ်တွေကို
မှ မထောက်မညှာ မြန်မာပြည်ကြီးကို ဒုက္ခပေးလိမ့်မယ် လို့ ဘယ်လိုရှုထောင့်က တွေးနိုင်သလဲ။ သူသေသွားခဲ့ရင် သူဟာ မြန်မာပြည်အတွက် သည်ရွေ့သည်မျှ ကြိုးစားခဲ့တယ် ဆိုတာကလွဲလို့
သူ့အတွက် ဘယ်အရာကမှ မက်လောက်စရာ မရှိဘူး။ ကိုယ့်ထမင်းကိုယ်စားပြီး အအိပ်အစားတောင်
မမှန်နိုင်အောင် ပင်ပင်ပန်းပန်း ဘာအကျိုးမှ မမျှော်ကိုးပဲ အလုပ်လုပ်မယ့်သူ၊ အာဏာ နဲ့ လုပ်ပိုင်ခွင့်
တွေကို ကိုယ်ကျိုး မသုံးမယ့်သူ ဘတို့ထဲ ဘယ်နှစ်ယောက်များ ရှိပါလိမ့်။ ဒေါက်တာဘမော်ကြီး ငွေနောက်မလိုက်ဘူး လို့ သိပ္ပံမောင်ဝကိုယ်တိုင် ရေးခဲ့တာတောင် ဘယ်သူမှ မယုံကြဘူးဗျာ။ မုန့်ဟင်းခါးအိုးလေးပြင်ရုံ၊ လမ်းဘေးဆိုင်လေး ထိုင်စားရုံနဲ့တော့ ယုံရခက်သားလား။ (သူတို့အချင်းချင်းထဲမှာဆိုရင်တော့ အနူတော လူချော လို့ ပြောလို့ရတာပ)

 ခြေ/ဥပြင်ရေး ပြဿနာမှာ နောက်ထပ်အလေးထားစရာကတော့ တိုင်းရင်းသားများအရေးပါပဲ။ သူတို့လည်း ဖက်ဒရယ်တောင်းလှပြီ။ အပစ်အခတ်တွေ ရပ်စဲသွားရင် သူတို့နဲ့ နိုင်ငံရေးဆွေးနွေး
ရတော့မယ်။ (ဆောက်ဖြစ်ရင်တော့ ကျောင်းဒကာပေါ့နော) အဲဒီအခါကျ သူတို့ကလည်း သူတို့ ပြည်နယ်ဒေသနဲ့ အံမ၀င်တာလေးတွေ အပြောင်းအပြု ရှိမှာပဲ။ လက်နက်ကိုင်လမ်းစဉ်ကို စွန့်ရင် နိုင်ငံရေးလမ်းစဉ်ကို ဆက်လိုက်ရမယ် မဟုတ်ဘူးလား။ ဒါဆို သူတို့လည်း လွှတ်တော်ထဲ ရောက်လာ
မှာပေါ့။ အခုတောင် ပြောတဲ့သူက ပြောနေပြီ။ နယ်ခြားစောင့်တပ်တို့၊ ပြည်သူ့စစ်တို့ဆိုတာ ကာချုပ်ရဲ့ Command အောက်မှာ ထားတယ် မဟုတ်ဘူးလား တဲ့။ ဒီလိုဆိုရင် သူတို့ထဲက တချို့တ၀က်ကို အစိတ်သားထဲ ထည့်ခွင့်ပြုပါ တဲ့။ ဟေ ဟေ။ တကယ်လို့များ ၂၀၁၅မှာ အာဏာရ အတိုက်အခံ မဲချင်း သိပ်မကွာလှဘူးဆိုရင် အစိတ်သားမဲလိုပဲ နောက်ထပ် မျှော်လင့်အားကိုးရမယ့်မဲတွေက တိုင်းရင်းသား
မဲတွေ ဖြစ်ပါတယ်။ ဒီတော့မှပဲ တို့မေကြီး ပင်ပန်းတကြီး ခရီးထွက်နေတဲ့အကြောင်းကို နားလည်တော
့တယ်။ လောလောဆယ်တော့ တိုင်းရင်းသားမဲတွေ အကုန်နီးပါး (ရခိုင်အလွတ်) သူ့ဆီပါကုန်ပြီ။ ရခိုင်မဲတွေ သူ့ဆီ ယောင်တောင်ပေါင်တောင် ပါသွားမစိုးလို့ ကုလားချင်းမိုးမွှန်အောင်လှည့်တိုက်
ထားတာလည်း သဘောပေါက်လာတယ်။ ဒါလည်း ပူစရာ မရှိပါဘူး။ ရခိုင်မှာ ရခိုင်အမတ်ကသာ
 မဲရမှာပါ။ ဂေါတမဘုရားရှင်တောင် သူတို့ဆီ ကိုယ်တိုင်ကြွရတဲ့အမျိုး၊ ကိုယ်တို့ ဗမာတွေလို ကုန်သည်ညီနောင် မဇ္ဇိမအထိ လိုက်မဖူးဘူး။ ရခိုင်မှာ ရခိုင်အမတ်နိုင်တာ၊ ရှမ်းမှာ ရှမ်းအမတ်နိုင်တာ လက်မခံနိုင်စရာအကြောင်း ဘာမှမရှိပေမယ့် သူတို့တတွေ လွှတ်တော်ထဲရောက်လာတဲ့အခါ ဘယ်ဘက်မှာရှိမလဲဆိုတာလည်း စိတ်ဝင်စားစရာ ကောင်းတာပဲ။

အံ့သြဖို့ကောင်းတာက ကိုယ်တို့မြန်မာပြည်မှာ ဒီမိုကရေစီ (ထားပါတော့လေ။ သူတို့ ပြောသလို စည်းကမ်းပြည့်ဝ၍ စစ်မှန်သော ဒီမိုကရေစီ) လိုအပ်နေတာ စစ်တပ်မှအပ ဖြစ်သော၊ (ကြံဖွံ့ကို စစ်တပ်
ထဲ ထည့်တွက်ပါ) လုပ်သားပြည်သူတစ်ရပ်လုံးချည့်ကပဲ လိုအပ်နေတာ မဟုတ်ပါဘူး။ အဲသည်
စစ်တပ်ကြီးတစ်ခုလုံးကလည်း လိုအပ်တာပဲ မဟုတ်လား။ ရှေးတုန်းက ရှင်ဘုရင်တွေ နန်းတက်သလို သူတက်လာရင် ငါ့သတ်ရချည်ရဲ့ လို့ စိုးရိမ်စရာ မရှိပါဘူး။ ဒီမိုကရေစီလိုချင်တယ်ဆိုတဲ့သူတွေဟာ စစ်တပ်ကို အမှုန့်ချေမယ်လို့ ဘယ်သူပြောတုန်း။ ဘာမှမဆိုင်ဘူးလေ။ ဒီမိုကရေစီလိုချင်သူတိုင်း စစ်တပ်ရဲ့ရန်သူ မဟုတ်ဘူး။ စစ်တပ်ကိုယ်တိုင်ကိုက ဒီမိုကရေစီ လိုအပ်တယ်။ မလိုအပ်ဘူးထင်ရင် အောက်ခြေက စစ်သည်မိသားစုကလေးတွေကို မေးကြည့်လေ။ သူတို့နေရတဲ့ဘ၀ဟာ ကျေးပိုင် ကျွန်ပိုင်ခေတ်မှာလား။ မြေရှင်ပဒေသရာဇ်ခေတ်မှာလား။ သက်ဦးဆံပိုင် ဘုရင်မင်းတြားကြီးရဲ့ ရွှေဖ၀ါးတော်မြတ်အောက်မှာလား။ ဘယ်လိုခံစားရပါသလဲ လို့။  ရှင်ဘုရင်ခေတ်က အတွေးအခေါ်တွေ မကုန်သေးတော့ နောက်မင်းလောင်းဆိုတာ အခုရှင်ဘုရင်ရဲ့ ရန်သူလို့ ထင်နေကြတုန်းပဲ။ “ဒါဖြင့်ရင် လမ်းပေါ်က လက်နက်မဲ့ပြည်သူတွေကို ဘယ်ခွေးသတောင်းစားက သေနတ်နဲ့ ပစ်သတ်တာလဲ ပြော။”
ဆို လည်း ပြောပါ့မယ်။ တည်ဆဲဥပဒေအရ ခွင့်မပြုနိုင်သော လုပ်ရပ်တွေကို တားဆီးပိတ်ပင်ဖို့ အာဏာစက်သုံးလာရင် မင်းမဲ့စရိုက်နဲ့ တုန့်ပြန်တာဟာ နည်းလမ်းမကျဘူး။

လက်နက်ကိုင်တော်လှန်မယ်ဆိုတာလည်း မအောင်မြင်ဘူး။ အခုဆို ၈၈ တုန်းက တောခိုတဲ့သူတွေ
တောင် အကြံပေးအဖွဲ့ထဲရောက်ကုန်ပြီ။ လွှတ်တော်အတွင်းက ဆန္ဒမဲပေးပြီး မတရားတဲ့ ခေတ်မမီ
တော့တဲ့ ဥပဒေတွေကို လျှော်ညီအောင် ပြုပြင်ပြောင်းလဲယူတာသာ နည်းမှန်လမ်းမှန်ဖြစ်တယ်။
 ဒါကြောင့် အခြေခံဥပဒေကို ပြုပြင်တယ်ဆိုတာ သပိတ်စုံ သူပုန်ထဖို့ နှပ်ကြောင်းပေးတာ မဟုတ်ဘူး။ မလိုလားအပ်တဲ့ နိုင်ငံရေးအကြပ်အတည်းတွေ ပေါ်မလာအောင် ညှိညှိနှိုင်းနှိုင်းနဲ့ နိုင်ငံရေးနည်းအရ ဖြေရှင်းတာသာဖြစ်တယ်လို့ အစိုးရိမ်လွန်နေသူတွေကို နားချလိုက်ပါတယ်ဗျာ။သည်လိုဆိုရင် နောင်လာနောက်သားများအတွက် တိုင်းပြည်အတွက် ၅၉ (စ) ကြီးကိုလည်း ဘယ်ပြင်လို့ ဖြစ်ပါ့မလဲ
ဆိုပြီး ၀မ်းသာအားရ ခေါင်းထောင်လာတဲ့သူတွေ မြင်နေရပြီ။ သိပ်ကြောက်သွားသလား ကိုအောင်
ဒင်ရယ်။ မြက မိန်းမသားပါ။ သူသမ္မတ ဖြစ်လာမှာ သည်လောက်ထိလည်း ကြောက်မနေပါနဲ့။ ဖြစ်လာတောင် ဘာမှ လုပ်လို့မရပါဘူး။ တိုင်းပြည်အတွက်ပဲ လုပ်ရမှာ။ တကယ်တမ်းတော့ နိုင်ငံရေး
မှာ မိတ်ဆွေရယ် ရန်သူရယ် မရှိပါဘူး။ ကိုယ့်တာဝန်ကိုယ် ကျေအောင်လုပ်၊ တိုင်းပြည်အတွက်ဆို ဘယ်သူနဲ့မဆို အလုပ်တွဲလုပ်နိုင်ရမယ်။ ကိုယ်နဲ့ ချစ်တဲ့သူ၊ ပုလဲနံပသင့်တဲ့သူတွေချည့်ပဲ အရည်အချင်း
ရှိရှိ မရှိရှိ၊ လက်တွဲလုပ်ချင်သလား။ အဲဒါ ဦးနေ၀င်းကြီးလက်ထက်က လူကောင်းလူတော်ဆိုတဲ့ ဖော်မြူလာကြီး။ ငါ့စကားနားထောင်ပြီးရော။ မတတ်သင်ပေးမယ်ဆိုတာကို လူကြားကောင်းအောင် ပြောတာ။ အဲသည်နည်းက ဘာမှ မကြာဘူး။ ပေါင်းစားပင်းစား၊ ဝေစားမျှစား၊ အုပ်စုဖွဲ့၊ ဂိုဏ်းဂဏ၀ါဒ
တွေ ကြီးစိုးလာရော။

 အမှန်တရားနဲ့လည်း ဝေးသထက်ဝေးလာစေတယ်။ မော်စီတုံးရော၊ ဦးနေ၀င်းရော အဲသည် Yes တွေနဲ့ အဆိပ်သင့်သွားတာ။ အစိုးရအဖွဲ့ထဲ အတိုက်အခံပါနေမှ လုပ်စရာရှိ ထိန်းထိန်းသိမ်းသိမ်း၊ ဝေစားမျှစား မလုပ်သာပဲ နင်လည်းမမှားစေနဲ့။ ငါလည်း မမှားစေရဘူးဆိုပြီး ကိုယ့်အလုပ်ကိုယ်လုပ်တာ။ အပြန်အလှန် လေးစားသမှု ရှိဖို့ပဲလိုတယ်။ အခု တို့မေကြီး လွှတ်တော်ထဲရောက်လာတော့ အင်မတန်နံမယ်ကျော်သော ဘဘကြီးတွေလည်း မကောင်းလို့မရ။ အနည်းဆုံးတော့ ကောင်းချင်ယောင်ဆောင်ပြရတော့မယ် မဟုတ်လား။ ဟိုတုန်းကလို စိန်စကားရွှေစကားတောင် မကြားရတော့ဘူး။ အပြိုင်အဆိုင် ဆင်းရဲပြနေ လိုက်တာ။ “ဤဖေဖေသည် သားကလေး၏ မေတ္တာရိပ်အောက်တွင် ရှိပါသောကြောင့် ကြွရောက်လာသူ အားလုံး ချမ်းသာကြပါသည်။” လို့ လေသံပြောင်းသွားတယ်။ သူ့ကိုလည်းပဲ ဘဘကြီးတို့ ရွှေဘုန်းတော် တိုးဖို့ မရှိမဖြစ် လိုအပ်တယ် လို့ သိစေချင်တာပါ။


from
Soe Min's note: “ခြေ/ဥ ပြင်ရေး မပြင်ရေး”.