Wednesday, January 29, 2014

အခြေခံဥပဒေကို ကျယ်ကျယ်ပြန့် ပြန့်  လေ့လာနိုင်ဖို့ လိုအပ်

၂၀၁၄-၁-၂၉
တကယ် တော့ ၅၉(စ) ဆိုတဲ့ ပုဒ်မ တစ်ခုဟာ လူတွေကို အာရုံလွှဲထားတဲ့ ကစားကွက် တစ်ခု ပါဗျ... ၂၀၀၈ ခြေ/ဥ ထဲမှာ စစ်အာဏာရှင်ကို စနစ်တကျမွေးထုတ်ထားတဲ့ အချက်အလက်တွေ အများကြီး ပါတယ်။တိုင်းပြည်အတွက် အရေးကြီးတဲ့ အုပ်ချုပ်ရေးမှာ ဥပဒေပြု ရေး နဲ့ တရားစီရင်ရေးဆိုတဲ့ အာဏာ (၃)ရပ်လုံးကို ကာ/ချုပ် လက်ထဲထည့်ထားတဲ့ ၂၀၀၈ ခြေ/ဥ ကို သေသေချာချာ လေ့လာ ကြည့်လိုက်ရင် နိုင်ငံတော် သမ္မတ ဆိုတဲ့ ပုဂ္ဂိုလ်ဟာ .. ဘာမှ လုပ်ပိုင်ခွင့် မရှိ တဲ့ သူ ဆိုတာသိနိုင်ပါတယ်... လွှတ်တော် တစ်ခုလုံး ရဲ့ ၂၅% ကို ကာချုပ် တစ်ယောက်ထဲရဲ့ သ ဘောနဲ့ ခန့်အပ်တယ်။

အချိန်မရွေး လဲလှယ်နိုင်တဲ့ အခွင့် အာဏာလဲရှိတယ်.. [ဘော် လုံး ပွဲ မှာ ကစားသမားလဲ သလိုမျိုး စစ်အမတ်တွေကို.. လဲလှယ် နေတာ အားလုံးမြင်တွေ့ နေကြ တာဘဲ မဟုတ်လားဗျ] ပုဒ်မ (၁၆) (၅၈)
 နဲ့ (၁၉၉) တွေ မှာ.. သမ္မတ သည် နိုင်ငံတော်၏ အကြီးအကဲ အစိုးရ အဖွဲ့ ၏ အာဏာ အရှိဆုံးသူလို့ ရေးထားပေမယ့်၊ပုဒ်မ (၂၃၂) အရ ၀န်ကြီးတွေကို ခန့်အပ်တဲ့ နေရာမှာတော့ လက်နက်ကိုင် အဖွဲ့ အစည်းတွေ ဖြစ်တဲ့ ကာကွယ်ရေး ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီး/ဒု-၀န်ကြီး တွေ ကို ကာ/ချုပ် တစ်ဦး ထဲကဘဲ ခန့်အပ်ပိုင်ခွင့် ရှိတယ်ဆိုတာ မြင်နိုင်ပါတယ်။ ကာ/ချုပ် ခန့်အပ်ထားတဲ့ 
ဝန်ကြီး/ဒု-၀န်ကြီး တွေကို သမ္မတ က ဖြုတ်ချ ခြင်း တာဝန်မှ ရပ်စဲခြင်း လုံးဝလုပ်ခွင့်မရှိပါဘူး။ဒါကြောင့် တိုင်းပြည်ကို လက်ရှိ အုပ်ချုပ်နေတဲ့ ရပ်ကွက်အဆင့် မြို့နယ်အဆင့်  ခရိုင်အဆင့် တိုင်းအဆင့်နဲ့  ပြည်ထောင်စုအဆင့် ထွေ/အုပ် (အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန)နဲ့ မြို့နယ်ရဲတပ်ဖွဲ့ ခရိုင်ရဲတပ်ဖွဲ့ တိုင်းရဲတပ်ဖွဲ့ ခရိုင်ရဲတပ်ဖွဲ့ နဲ့ ရဲချုပ်တို့ဟာ ပြည်ထဲရေး ၀န်ကြီး ရဲ့ လက်အောက်မှာပါ။ [ဒီလောက်ဆို တိုင်းပြည် ကို ဘယ်သူအုပ်ချုပ်နေတယ်ဆိုတာ သဘောပေါက်ပြီ လို့ ယုံကြည်ပါတယ်]။ 

ဒါထက်ထူးခြားတာက  ခေတ် အဆက်ဆက်ဦးနု အစိုးရ  ဦးနေ၀င်း အစိုးရနဲ့ ဦးသန်းရွှေ အစိုးရ လက်ထက်မှာတောင်  ပြည်ထောင်စု တရား လွှတ်တော်ချုပ်နဲ့ ဗဟိုတရားရုံးချုပ်ကို တာဝန် အပြည့်အ၀ အပ်နှင်းထားတဲ့ တရားစီရင်ရေးအာဏာကို ၂၀၀၈ ခြေ/ဥ ပုဒ်မ (၃၄၃) မှာ ရေးထားတာက စစ်ဖက်တရားစီရင်ရေးနဲ့ ပတ်သက်လာရင် ကာ/ချုပ် ရဲ့ အဆုံးအဖြတ်သည် အတည်ဖြစ်သည် လို့ ဆိုထားပါတယ်။ [ဒါကို ကြည့်ခြင်းအားဖြင့် တပ်မတော်သားတွေရဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အာဏာမှန်သမျှကို ကာ/ချုပ် ဆိုတဲ့ လူတစ်ဦးတစ် ယောက်ရဲ့ လက်ထဲ လုံးဝ ၀ကွက် အပ်ထား တယ်ဆိုတာ မြင်နိုင်ပါတယ်] ကဲ.. ဒါဆို ကာချုပ်ကို ဘယ်သူခန့် တာလဲ?... ပုဒ်မ (၃၄၂) အရ ကာ/ချုပ်
 ကို ကာ/လုံ ၏ ထောက်ခံချက်ဖြင့် သမ္မတ က ခန့်အပ်ရမည်တဲ့  [သတိထား ရမယ့် အချက်ကတော့ 
ကာ/လုံ က ရွေး ပေးတဲ့လူကို သမ္မတ က ခန့်အပ် ရမယ်ဆိုတာပါဘဲ] ဟုတ်ပြီ ဒါဆို ကာ/လုံ က ဘယ်သူတွေ လဲ? ...ကာ/လုံ ကို (၁၁)ဦး နဲ့ ဖွဲ့စည်းထားပါတယ်။

သမ္မတ လွှတ်တော် ဥက္ကဌ နဲ့ အတူ ကာ/ချုပ် ကိုယ်တိုင် ခန့်အပ်ထားတဲ့ ဒု-ကာ/ချုပ် ဒု-သမ္မတ 
(စစ်ဖက်)  ၀န်ကြီးတွေ စုစုပေါင်း (၆)ဦးနဲ့ မဲအရေ အတွက် ၆၆% ကို ကာ/ချုပ် က အလိုလိုပိုင်ဆိုင် ထားပါတယ် ခင်ဗျာ... [ကျွန်တော် ရေးထားတာတွေ ကတော့ ခြေ/ဥ နဲ့ ပတ်သက်ပြီး မသိသေးတဲ့ 
လူတွ အတွက် အရေးကြီးတဲ့ အချက်တွေကို အတိုချုံးပြီး ရေးထားတာပါ.. ၅၉(စ) တစ်ခုထဲကို 
အာရုံ မစိုက်ဖို့ နဲ့ ကျယ်ကျယ်ပြန့် ပြန့်  လေ့လာနိုင်ဖို့ အတွက် ရည်ရွယ်ပါတယ်]။