၂၀၁၃-၁၂-၂၉
ကျွန်တော်တို့ ဒီဗဟိုကော်မတီ အစည်းအဝေးဟာ ဒုတိယအကြိမ်ပေါ့နော်အဲ့တော့ ဘာတွေလုပ်လည်း
ဆိုရင်ပါတီတွေရဲ့ထုံးစံအတိုင်းပါတီနိုင်ငံရေးမစီရင်ခံစာအဲဒီကြားထဲမှာတက်ရောက်လာတဲ့မီဒီယာ
သမားတွေ စိတ်ဝင် စားမယ့် ထင်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ကျွန်တော်တို့ ၂၆ ရက်နေ့က အစီရင်ခံစာနဲ့ပတ်သက်ပြီး ဆွေးနွေးတယ်တိုင်ပင်တယ် ဒီနေ့ဗဟိုကော်မတီမှာ အတည်ပြုတယ် ဒီအတည်ပြုချက်က ပူးပေါင်းကော်မတီကိုတင်ဖို့ပါ သမ္မတနဲ့တွေ့ဆုံဖို့နဲ့ပါတ်သက်ပြီး မေးမြန်းရာ ကျွန်တော်အနေနဲ့က တရားဝင်အကြောင်းပြန်တာ မရသေးတဲ့အတွက် ဘယ်လိုသဘောထားလည်း
မေးရင် ကျွန်တော်တို့ ၁၉၈၈ ခုနှစ်ထဲက အမျိုးသားရင့်ကြားစေ့ရေးကိုပြောနေတယ် ဒီနေ့ ၂၀၁၃ ကုန်တော့မယ် အမျိုးသား ရင့်ကြားစေ့ရေးက တဖြေးဖြေးတိုးတက်မှုတွေရလာတယ် ဆိုလိုချင်တာ
NLD က မိမိလုပ်ရမယ့်အလုပ်ကို တခါ မအောင်မြင်ရုံနဲ့ ဘယ်တော့မှ လက်မလျော့ပါဘူး လုပ်သင့်တာတွေလုပ်သွားမယ်လို့ အဲ့လိုပြောချင်တယ် ဟုတ်ပါတယ် ကျွန်တော်တို့ဖြေတယ်ဆို
တာတော့ စာနဲ့မဟုတ်ဘူးပေါ့ဗျာ မေးလို့ဖြေရတာတွေ ကျွန်တော်တို့ဖြေခဲ့ပြီးသားပါ။
အဲ့တော့ ဒေါ်အောင်ဆန်းစုကြည်က ရွှေးကောက်ပွဲမ၀င်ဘူးလို့ပြောတဲ့ အဓိပ္ပါယ် မဟုတ်ပါဘူး သဘောတရားအရ ဒီလိုအခြေအနေမျိုးကြီးက ရွှေးကောက်ပွဲဝင်ချင်စရာမရှိဘူးလို့ ပြောတာပါ မ၀င်ဘူးလို့ပြောတာ မဟုတ်ဘူး။ ပိုပြီးတိကျအောင်ပြောရရင် ကျွန်တော်တို့ရွှေးကောက်ပွဲဝင်ကို
ဝင်မယ်။
အယူခံနှစ်ယောက်နဲ့ပတ်သက်ပြီး ဒီအစည်းအဝေးမှာဆုံးဖြတ်တာမဟုတ်ပါဘူး ၂၆ ရက်နေ့ ဗဟိုအလုပ်မှုဆောင်အစည်းအဝေးက ဆုံးဖြတ်တယ် ဆုံးဖြတ်ချက်ဒီအစည်းအဝေးကို တင်ပြတယ် နိုင်ငံရေးအားပြိုင်မှုနဲ့ပတ်သက်ပြီး ကျွန်တော်တို့ပါတီမှာ ရှေ့ကိုနိုင်ငံရေးအားပြိုင်မှုရှိလာမလားမေးရင် ကျိန်းသေပေါက်ရှိမှာ ကျွန်တော်အဲ့ဒီလိုပြောချင်တယ် ကျွန်တော်တို့ပါတီက ဒီမိုကရေစီကို လိုလားလို့ ယုံကြည်လို့ ဒီမိုကရေစီနည်းအရ ညီလာခံတွေလုပ်ပြီး ဖွဲ့စည်းထားတဲ့အခြေအနေ ဟိုတုန်းကအခြေ အနေမဟုတ်ပါဘူး ဟိုတုန်းကကျွန်တော်တို့လည်းပါပါတယ် ဗဟိုဦးစီးပါ အခုကညီလာခံကတက်လာ
တာ ပါတီအားပြိုင်မှုက ရှိမှာပါဘဲ ဒါပေမယ်လို့ မှန်ကန်တဲ့ဒီမိုကရေစီက အောင်ပွဲခံမှာပါ။
ကြားဖြတ်ရွှေးကောက်ပွဲရဲ့ရလဒ်ထက်ပိုတဲ့ရလဒ်ရဖို့ ကျွန်တောတို့ကြိုးစားသွားမယ် ရွှေးကောက်ပွဲ တရားမျှတမှုအတွက် ကျွန်တော်တို့သံသယရှိတယ် လွှတ်လပ်မှုတော့ရှိကောင်းရှိမယ် ကျွန်တော်တို့ ကြားဖြတ်ရွှေးကောက်ပွဲကလုပ်သလိုဘဲ ကျွန်တော်တို့ မှာ သုတေသနရှိတယ်၊ စာဘေးလုပ်တဲ့ လူတွေလည်းရှိတယ် ပြည်သူအပေါကနေရရှိတဲ့ သတင်းအချက်အလက်ပေါ်မှာ စီစဉ်ဆောင်ရွက်မှာ ဖြစ်တယ် တိုက်ပွဲအပြင်းအထန်ဖြစ်မှာလားဆိုတဲ့နေရာမှာတော့ ကျွန်တော်တို့ နှလုံးရေတိုင်ပွဲတော့
ရှိမှာဘဲ အခုအကြံပြုစာ ငါးသောင်းလို့ပြောတယ် ကျွန်တော်တို့စည်းဝေးပွဲတွေမှာ အဲ့ဒီထက်ပိုပါတယ်။ ဗဟိုကော်မတီက ၀င်မယ်ဆိုတာနဲ့ပါတ်သက်ပြီး သာယာဝတီမှာပြောတာနဲ့ ကွဲလွဲမှုရှိလားမေးမြန်းရာ စစချင်းထဲကဖြေပြီးသားပါ ကျွန်တော်ပြန်ဖြေပါမြယ် ဒီလိုအခြေအေမှာ မပြင်ဘဲနဲ့ဆိုရင် ရွှေးကောက်ပွဲ မ၀င်သင့်ဘူးဆိုတာ သဘောတရားအရပြောတာပါ NLD အတွက်ပြောနေတာမဟုတ်ပါဘူး။
နောက်ပြီးတော့ ဒီနေ့အစည်းအဝေးက NLD ၀င်ဖို့ဆုံးဖြတ်တာ မဟုတ်ဘူး။ NLD ၀င်ဖို့က ဒီထက်စောပြီးဆုံးဖြတ်ပြီးသားပါ။ ၀င်ဖြစ်အောင်ဝင်မယ်လို့ ကျွန်တော်ပြောတာပါ ဥက္ကဌပြောတာက မ၀င်ဘူးလို့ မပြောဘူး သာယာဝတီမှာပြောတာ ဒီလှိုင်းစာဆောင်မှာ အကုန်ပါပါတယ် ဖွဲ့စည်းပုံ အခြေခံဥပဒေမပြင်ဘူးဆိုရင် မပြင်ဘဲနဲ့ ကိုယ့်ဟာကိုယ်တစ်ဘက်သတ် အသာယူပြီး ၀င်တဲ့လူတွေက သိက္ခာမရှိဘူးလို့ပြောတာပါ။ ပြင်ဆင်ရေးနဲ့ပါတ်သက်ပြီး ဗဟိုကော်မတီက တင်မဲ့အချက်ပေါင်း ၁၆၈ ချက်ရှိပါတယ် အခန်းပေါင်း ၁၄ ခန်းပါ ၅၉(စ) လုံးမပြင်လည်းဝင်မှာပါ။ ပြင်ဆင်ဖို့ရာခိုင်းနှုန်းအောင်မြင်
မှုနဲ့ ပါတ်သက်ပြီး အကုန်လုံးပြင်ဖို့မျှော်လင့်ထားပြီးသားပါ ပြည်သူ့လွှတ်တော်က လွှတ်တော်ကိုယ်စား လှယ်တွေနဲ့ဘဲဆိုင်တယ် မိမိကိုယ်ကိုယ် ပြည်သူ့ကိုယ်စားလှယ်တွေပါ ဒီမိုကရေစီလိုလားတဲ့ ပြည်သူတွေကမဲပေးထားတဲ့ ကိုယ်စားလှယ်တွေပါလို့ ခံယူထားတဲ့ မဲနဲ့ပြင်ဆင်သွားမှာပါ စသည့်ဖြင့် ဖြေကြားခဲ့သည်။