Friday, December 27, 2013

အဖွဲ.ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး မိသားစု ဆရာဝန်ကြီးမှ သတင်းထုတ်ပြန်ချက်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အား မိသားစုဆရာဝန်ကြီး ဒေါက်တာတင်မျိုးဝင်း(ခွဲစိတ်) ဦးဆောင်သော ဆရာဝန်များအဖွဲ့မှ ၂၆.၁၂.၁၃နေ့တွင် ခြေထောက်ခွဲစိတ်ခဲ့ရာ အနာချုပ်ရိုးဖြေရာတွင် အနာမှာကျက်နေပြီး ကောင်းမွန်စွာ လမ်းလျှောက်နိုင်ပြီး နာကျင်မှု မရှိတော့သဖြင့် ခွဲစိတ်မှု ရာနုန်းပြည့်အောင်မြင်ပါသည်။
မိသားစုဆရာဝန်ကြီးဒေါက်တာတင်မျိုးဝင်းမှ အဖွဲချုပ်ဥက္ကဋ္ဌ အား လုပ်ငန်းတာဝန်များ ပြန်လည် လုပ်ဆောင်နိုင်ပြီဖြစ်ကြောင်း ခွင့်ပြုပါသည်။
သို့ပါသဖြင့် အဖွဲချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ချင်းပြည်နယ်သို့ သွားရောက်ရန် မူလစီစဉ်ထားသည်အတိုင်း(၆.၁.၂၀၁၄)တွင်သွားရောက် မည်ဖြစ်ကြောင်း မိသားစုဆရာဝန်ကြီးမှ အတည်ပြုပြောကြားပါသည်။

အမျိုးသားကျန်းမာရေးကွန်ရက်(NHN)
အမျိုးသားဒီမိုကရေစီအဖွဲချုပ်