၂၀၁၃-၁၂-၁၈
မြန်မာနိုင်ငံဟာ ၁၉၆၂ ခုနှစ်ကစပြီး စစ်တပ်က အာဏာသိမ်းခဲ့တဲ့အတွက် တိုင်းပြည်ဟာ အကွဲကွဲ
အပြဲပြဲဖြစ်ခဲ့ရပြီး ပြည်တွင်းစစ်ဖြစ်လာခဲ့ရပါတယ်။စစ်တပ်အာဏာသိမ်းပြီး တိုင်းပြည်ကို စစ်တပ်က
ဦးဆောင်ခဲ့ကာ ဦးနေ၀င်းရဲ့  မဆလ တစ်ပါတီစနစ်ပေါ်ပေါက်လာပြီး နည်းမျိုးစုံနဲ့  အုပ်ချုပ်ခဲ့မှုကြောင့်
အရပ်သားအစိုးရ အုပ်ချုပ်မှုစနစ် ပျောက်ကွယ်သွားပြီး အာဏာရှင်များကြီးစိုးကာ ၁၉၈၈ ခုနှစ်တွင်
တပြည်လုံး ဆန္ဒပြကာ ၈၈၈၈ လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး ပေါ်ပေါက်လာခဲ့ရပါတယ်။
ပြည်သူတွေဟာ တပါတီအာဏာရှင်စနစ်ကို ဖြုတ်ချပြီး ဒီမိုကရေစီတောင်းဆိုလာကြရာမှ စစ်တပ်က
စောင့်ကြည့်နေပြီး သောင်းကျန်းဆူပူသူတွေကို ရောနှောကာ ခေါင်ဖြတ်မှု လူ့ ယက်ခိုးယူမှုများ ပေါ်
ပေါက်လာပြီး တိုင်းပြည်မငြိမ်မသက်ဖြစ်လာကာ လုံခြုံမှုကင်းမဲ့လာအောင် စောင့်ဆိုင်း၍ စစ်တပ်က
အာဏာသိမ်းခဲ့သည်။၈၈၈၈ လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးတွင် အာဏာရှင်စနစ်ဖြုတ်ချရေး
အတွက် အသက်ပေးသွားကြသော ရဟန်းရှင် ကျောင်းသားပြည်သူများကို သစ္စာမဖေါက်ဖို့ လိုပါတယ်။
၁၉၉၀ ခုနှစ်တွင် တပ်မတော်မှ အထွေထွေရွေးကောက်ပွဲကျင်းပပေးကာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်
မှအနိုင်ရခဲ့ပြီး တပ်မတော်မှ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲဖြစ်ခဲ့သည်ဟု ကြေညာခဲ့သော် လည်း အာဏာလွှဲပြောင်းပေးခြင်းမရှိခဲ့သောကြောင့် ဒီမိုကရေစီနိုင်ငံထူထောင်နိုင်ရန် အနှစ် ၂၀ ကျော်
နောက်ကျခဲ့ရသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် စစ်အာဏာရှင်တို့ ၏ အမျိုးမျိုးသော ဖိနှိပ်မှု
များကိုခံခဲ့ရပြီး ၂၀၀၃ ခုနှစ်တွင် အမျိုးသားညီလာခံခေါ်ယူကာ အခြေခံဥပဒေရေးဆွဲရေးကို လေ့လာသူ
အဖြစ်ပူးပေါင်းပါဝင်ခဲ့ရာ စစ်တပ်မှတဘက်သတ်ရေးဆွဲထားသော အခြေခံဥပဒေကို အတည်ပြုပေးရ
မည့်သဘောဖြစ်နေပြီး လွတ်လပ်၍တရားမျှတမှုမရှိသောကြောင့် တောင်းဆိုခဲ့ရာ အကြောင်းပြန်ခြင်း
မရှိသဖြင့် မတက်ရောက်ခဲ့ရပေ။
ထိုနောက် ၂၀၀၃ ခုနှစ် ၅ လပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်း စုကြည်တို့  အထက်ဗမာပြည် စည်းရုံးရေးခရီးစဉ်သွားရောက်ခဲ့ရာ စစ်ကိုင်းတိုင်းကျဉ်ရွာအနီးတွင်
နအဖ၏ စွမ်းအားရှင်လူအုပ်စုကြီးမှ တိုက်ခိုက်မှုကို ခံရကာ ဒီပဲရင်းအရေးအခင်းဖြစ်ခဲ့ရပြီး
အသက်ပေါင်းများစွာ ပေးခဲ့ရသည်။ယနေ့ အချိန်အထိ မမေ့နိုင်သေးသော အရေးအခင်းကြီးတစ်ခု
အဖြစ်ကျန်ရှိနေလေသည်။
၂၀၁၀ ခုနှစ်တွင် မတရားတဲ့ ၂၀၀၈ အခြေခံဥပဒေကို ဆန့် ကျင်ပြီး ပြည်သူများ၏ ဆန္ဒကိုအလေး
ထားကာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ၂၀၁၀ ရွေးကောက်ပွဲကို မ၀င်ခဲ့ပါ။၂၀၁၀ ခုနှစ် ၁၁လ
ပိုင်းတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီး
ပြည်သူများ၏အသံကိုလေ့လာကာ နိုင်ငံရေးလှုပ်ရှားသူ ခေါင်းဆောင်များ ထောင်ဒဏ်နှစ်ရှည်ကျခံ
နေရပြီး ဒီမိုကရေစီအရေးလှုပ်ရှားသူများ အားနည်းလာနေသည်ကိုသိရှိပြီး ဦးသိန်းစိန် အစိုးရနှင့်
တွေ့ ဆုံဆွေးနွေးမှုများ ပြုလုပ်ကာ တူညီတာတွေကိုတွဲလုပ် မတူညီတာတွေကိုခွဲလုပ်မည့်သဘော
ဆွေးနွေမှုများဖြင့် အကောင်အတည်ဖော်၍ ကျောင်းသားခေါင်းဆောင်များ တိုင်းရင်းသားခေါင်း
ဆောင်များ နိုင်ငံရေးလှုပ်ရှားသူများ လွတ်မြောက်လာခဲ့သည်။နိုင်ငံတကာ၏ ပိတ်ဆို့ အရေးယူမှုများ
လည်း ပြန်လည်ပွင့်လာပြီး ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ်သို့  ရောက်ရှိလာခဲ့သည်။
၂၀၁၂ ခုနှစ် တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ပါတီမှတ်ပုံပြန်လည်တင်ပြီး ၂၀၀၈ အခြေခံဥပဒေ
ပြင်ဆင်ရေး၊အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ ကို ကြွေးကျော်ကာ ကြားဖြတ်ရွေးကောက်ပွဲဝင်
ရောက်ခဲ့သည်။လွှတ်တော်တွင်းလုပ်ရှားမှုနှင့် လွှတ်တော်ပြင်ပ လုပ်ရှားမှုများကို ပါတီက အကောင်
အထည်ဖော်ဆောင်ခဲ့ရာ ယနေ့ အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်မှ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ
ပြင်ဆင်ရေးဆိုင်ရာ လူထုဆန္ဒသဘောထား ရယူရေး ဟောပြောပွဲများကို ကျင်းပလျှက်ရှိရာ ပြည်သူ
အများစု၏ ထောက်ခံမှုကိုရရှိနေသော အချိန်ဖြစ်သည်။
၂၀၀၈ အခြေခံဥပဒေသည် အာဏာရှင်စနစ် သက်စိုးရှည်ရေးအတွက် ဥပဒေတွေကို ပြဌာန်ထားပြီး ဒီမိုကရေစီစံနှုန်း၊ လူ့ အခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေးနဲ့  အလုပ်သမား၊ လယ်သမား၊
ကျောင်းသား ပြည်သူတွေရဲ့  လွတ်လပ်မှုအခွင့်အရေးတွေကို ပိတ်ပင်ထားသည့်အပြင် ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ထူထောင်နိုင်မည်မဟုတ်သောကြောင့် စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်ရေးအတွက် ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးဟာ အဓိက မဖြစ်မနေလိုအပ်နေ
သည့်အချိန် အစိုးရက ပြင်ဆင်ရေးကို အားမစိုက် ငြင်းဆိုအချိန်ဆွဲနေခြင်းကို ပြည်သူတွေက
တောင်းဆိုသောအားဖြင့် ပြည်သူ့ ဆန္ဒကိုဖော်ပြကြဖို့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ကြိုးစား
နေချိန်ဖြစ်သည်။
၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးအတွက်ကြိုးပမ်းမှုကို အာဏာလက်မလွှတ်နိုင်သော ပြင်းထန်သူ
အာဏာရှင်များက လူမျိုးရေး၊ဘာသာရေး ဖန်တီးမှုများ လုပ်ဆောင်ကာ တိုင်းပြည်မငြိမ်သက်အောင်
ဆောင်ရွက်နေကြသည်။ ၂၀၁၅ နီးလာချိန်မို့  အယောင်ဆောင်သူများ ရုပ်လုံးပေါ်လာနေပြီး နည်း
အမျိုးမျိုးဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ပျက်ပြားအောင် အကွဲကွဲအပြဲပြဲလုပ်ဆောင်လာ
နေကြသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး လူထုထောက်ခံမှု အားကောင်းလာချိန်တွင် နိုင်ငံရေးဦးဆောင်သောအဖွဲ့ အစည်း ခေါင်းဆောင်တချို့ က ပြည်သူတွေ လမ်းလွှဲအောင် အမျိုးမျိုးသောအကြောင်းပြချက်များဖြင့် ဝေဖန်လာနေပြီး ၈၈ ကရည်မှန်ချက်ဖြစ်တဲ့
အာဏာရှင်စနစ်ဖြုတ်ချရေးကို သတိမေ့ခြင်ယောင်ဆောင်ကာ အပြောင်းအလဲရေစီးချောင်းထဲမျှော
ပါ၍ မိမိတို့  အခွင့်အရေးရရှိရေးအတွက် လက်ရှိအစိုးရ၏ လဒ်ထိုးသော အိမ်၊ငွေ၊ကားပါမစ်များ
ထောက်ပံ့မှုများရယူကာ အာဏာရှင်စနစ်သက်စိုးရှည်အောင် ဖန်တီးနေကြသည်ကို တွေ့ မြင်ရသည်။
လာမည့် ၂၀၁၅ တွင် ဒီမိုကရေစီအင်အားစုများ စုဆည်းတည်ဆောက်နိုင်ခြင်းမရှိဘဲ အကွဲကွဲအပြဲ
ပြဲဖြစ်လာပါက ကြံဖွတ်အစိုးရအဖို့  အခွင့်ကောင်းဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ
၂၀၀၈ကို မပြင်ဆင်ပါက ၀င်ရောက်ရှင်ပြိုင်မည်မဟုတ်၊ အစိုးရမှ ၂၀၁၀ ရွေးကောက်ပွဲအတိုင်း
ဆောင်ရွက်ရန် သွေးထိုးလှုံဆော်နေသော အကွက်ထဲသို့ ဝင်သွားနိုင်သည်။ကြားစကားတွေကိုမယုံဘဲ နှစ်ပေါင်းများစွာ ဒုက္ခပေးခဲ့သော အာဏာရှင်စနစ်ဖြုတ်ချရေးကို အတူတကွလက်တွဲပြီး ရပ်တည်ကြဖို့  လိုအပ်လာနေပါပြီ၊ နောက်သက်တမ်းကို အာဏာရှင်လက် ထိုးအပ်မည်ဆိုလျှင် စစ်မှန်သော ဒီမိုက
ရေစီနိုင်ငံဖြစ်လာမည်မဟုတ်ဘဲ မျှာ်လင့်ချက်ထားသော ပြည်သူတွေကို ရေနစ်ရာကြလိမ့်မည်။နောက် အနှစ် ၅၀ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ မလွဲတော့ပါ။ဒီမိုကရေစီအင်အားစုများအနေဖြင့် စစ်မှန်သော ဒီမိုကရေစီစနစ်ထွန်းကားရေးအတွက် ပြည်သူ့ ဘက်မှရပ်တည်ပြီးအင်အားစုများ ညီညီညာညာဖြင့်
မိမိတို့ ၏တာဝန်ကျေပြွန်အောင် ဒေါင့်ပေါင်းစုံမှ အာဏာရှင်ကြားမ၀င်နိုင်အောင် ပိတ်ဆို့ ထားဖို့ 
လိုအပ်သလို ဒီမိုကရေစီအချင်းချင်း တစ်ဦးနှင့်တစ်ဦး လက်တွဲထားကြဖို့  အချိန်ကျရောက်နေပြီဖြစ်
သည်။
၂၀၀၈ အခြေခံဥပဒေမပြင်ပဲ ၂၀၁၅ ရွေးကောက်ပွဲသည် တရားမျှတမှုမရှိသလို လူ့ အခွင့်အရေးများ
တိုင်းရင်းသားအခွင့်အရေးများ လယ်သမား၊အလုပ်သမား၊ကျောင်သား အခွင့်အရေးများ ပြင်ဆင်ခြင်း
မရှိပါက ၂၀၁၅ ရွေးကောက်ပွဲဟာ လက်ခံနိုင်စရာမရှိပါ။ ၂၀၁၅ ရွေးကောက်ပွဲထက် ၂၀၀၈
ဖွဲ့ စည်ပုံအခြေခံဥပဒေက အဓိက ကျသည်။ဒီမိုကရေစီစံနှုန်းများနှင့်မညီသော အခြေခံဥပဒေကို
နိုင်ငံတကာမှ ဝေဖန်နေကြပြီး မှီတင်းနေထိုင်ကြသော တိုင်းရင်းသားများ၏ မှုလရပိုင်ခွင့်အရေးများ
ဆုံးရုံးနေရခြင်း၊ ဖက်ဒရယ်ပြည်ထောင်စုစနစ် မဖော်ဆောင်နိုင်ခြင်းတို့ ကြောင့် အခြေခံဥပဒေသည်
အသက်ထက်မက အရေးကြီးသည်ကို ဒီမိုကရေစီအရေးလှုပ်ရှားသူတိုင်း သိရှိနားလည်ဖို့ လိုအပ်ပေ
သည်။
မြသိန်း