၂၀၁၃-၁၂-၂၁
ဒီမိုကရေစီကို လိုချင်တယ်ဆို မတူညီတဲ့အယူအဆ ပေါ်ပေါက်လာရင် လက်ခံနိုင်ရမယ် ရည်မှန်းချက် ပန်းတိုင်တူညီဖို့ လိုတယ်။ NLD ကပဲလုပ်လုပ်၊လက်ရှိအစိုးရကပဲလုပ်လုပ်၊၈၈ ကပဲလုပ်လုပ်၊ဘယ်အဖွဲ့အစည်း၊ဘယ်ပါတီကပဲလုပ်လုပ်၊ တိုင်းပြည်ကို ဒီမိုကရေစီစံနစ်နဲ.တည်ဆောက်ကြဖို.၊ မြန်မာပြည်သားတွေကို ဒီမိုကရေစီစံနစ်နဲလူ.အဖွဲ.အစည်းသစ်ဖြစ်စေဖို.ကအရေးကြီးပါတယ်။
ပြည်သူတွေဟာရှင်ကြီးဝမ်းလဲဝင်ခဲ့ပြီးပြီ၊ရှင်ငယ်ဝမ်းလဲဝင်ခဲ့ပြီးပြီ။
အခုအချိန်မှာသူတလူငါတမင်း ငါတို့ဘယ်တုံးကဘယ်လို့အနစ်နာခံပြီဘာတွေပေးဆပ်ခဲ့ရတယ်၊ဒါတွေပြောရမယ်အချိန်မဟုတ်တော့ဘူး။ မြန်မာပြည်သူပြည်သားတွေကိုကမ္ဘာအလယ်မှာလူတန်းစေ့
နေနိုင်အောင် အသက်အရွယ်နဲ့မမျှကြိုးပမ်းနေတဲ့"ဒေါ်အောင်ဆန်းစုကြည်"တောင် ဒါတွေမပြောပဲ ပြည်သူအတွက် အလုပ်လုပ်နေတာပါ။ သန်း၆၀ဟာ ရိုးသားပြီး ကိုယ်ကျိုးမဖက် တိုင်းပြည်ချစ်တဲ့
ခေါင်းဆောင်ကောင်းနဲ့ မနေရသေးပါဘူး။နောင်ကြီးတို့ကို လေးစားပါတယ်၊အားလဲကိုးပါတယ်၊သန်း၆၀ရဲ့ဘဝတွေကို ရှေးရှူပြီး တိုင်းပြည်အဆင့်အတန်းကို မြှင့်တင်ပေးကြပါ။
အခြေခံဥပဒေကိုပြင်ဆင်ရေးမှာ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနဲ့လက်တွဲပြီး ချီတက်ကြပါ။
သွေးမကွဲကြပါနဲ့  သွေးလည်းမခွဲကြပါနဲ့ ။
အမြင်မတူ၊အယူအဆမှားနေတယ်ဆိုရင်လဲကူညီပြီး လက်တွဲခေါ်သွားပေးပါ။
ကြိုဆိုပါတယ်။
ကိုကိုဒီမို(Coko Dmoe)